Featured နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပြင်းထန်လာနိုင် Tracker by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
Featured ဉာဏ်ရည်တုနဲ့ ပင်ကိုဉာဏ်ကို ဘယ်လိုချိန်ညှိမလဲ၊ ISP-Myanmar ၏ ဒေတာအချက်အလက်ရှာဖွေပုံနှင့် ဆန်းစစ်မှုနည်းနာများ by ISP Admin
issue:M2026_024, 12 Aug 2026 ISP Mapping ULA/AA ၏ ထိန်းချုပ်နယ်မြေများ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) သည် ၂၀၂၃ ခုနစ် နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ထိုးစစ်များ စတင်ခဲ့သည်။ လက်ရှိတွင် ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်၏ ၉၂ ဒသမ ၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။
issue:M2026_023, 12 Aug 2026 ISP Mapping ဦးမင်းအောင်လှိုင်အစိုးရက ရခိုင်ပြည်နယ်တခုလုံးနီးပါးကို စစ်အုပ်ချုပ်ရေး ကြေညာထား ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ဦးမင်းအောင်လှိုင်အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာထားပါသည်။
issue:M2026_022, 3 Aug 2026 ISP Mapping ဆုံးရှုံးနယ်မြေများ၏ ရှစ်ရာခိုင်နှုန်းကျော်ကို မြန်မာစစ်တပ် ပြန်လည်သိမ်းယူ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့ ၁၀၁ မြို့ကို လက်လွှတ်ခဲ့ရသော မြန်မာစစ်တပ်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ၂၂ မြို့ကို ပြန်သိမ်းခဲ့သည်။
issue:ST2026-04, 31 Jul 2026 Tracker နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပြင်းထန်လာနိုင် ဦးမင်းအောင်လှိုင် သမ္မတတာဝန်ယူပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် ၎င်းတို့ အပြည့်အဝ မထိန်းချုပ်နိုင်သေးသော နယ်မြေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများကို ပြန်လည်ထိန်းချုပ်ရန် စစ်ဆင်ရေးများ ပြုလုပ်လာသည်။ အကျိုးဆက်အားဖြင့်တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပိုမိုပြင်းထန်လာနိုင်သည်။
21 Jul 2026 RESEARCH တဖွဲ့ချင်းနှင့်အပစ်ရပ်ရေးဆန်းစစ်ချက် – အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပစ်အခတ်ရပ်စဲရေးဆိုင်ရာမူဘောင်တွေကို အခြေခံကျကျ ပြန်မပြင်နိုင်ရင် မြန်မာနိုင်ငံဟာ စစ်တပ်ဦးဆောင်တဲ့ အာဏာရှင်စနစ်အဆိုးကျော့သံသရာထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားနိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်မယ့် အခွင့်အလမ်းကို ထပ်မံလက်လွှတ်ရမယ့်ဘေးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
issue:M2026_021, 21 Jul 2026 ISP Mapping ‘စစ်ဆင်ရေး ၁၀၂၇’အပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေထိန်းချုပ်မှု ပိုများလာ ‘စစ်ဆင်ရေး ၁၀၂၇’နှင့် နောက်ဆက်တွဲတိုက်ပွဲများကြောင့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတဝန်း နယ်မြေအမြောက်အမြား ဆုံးရှုံးခဲ့ရသည်။ မြန်မာစစ်တပ်သည် ယခုအချိန်အထိ မြို့ပေါင်း ၂၁ မြို့ကို ပြန်လည်သိမ်းယူထားနိုင်ပြီး ၈၁ မြို့ကို လက်လွှတ်ထားရဆဲဖြစ်သည်။
issue:M2026_017, 6 May 2026 ISP Mapping စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များ ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် မြို့နယ် ၆၀ ၌ ဦးမင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ ကချင်ပြည်နယ်က ငါးမြို့နယ်၊ ကယားပြည်နယ်က သုံးမြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ်၊ ချင်းပြည်နယ်က ခုနစ်မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်၊ ...
issue:M2026_016, 6 May 2026 ISP Mapping MNDAA ထိန်းချုပ်မှုအောက်က မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ နယ်စပ်ဂိတ်များနှင့် စီးပွားရေးဗဟိုချက်မြို့များကို MNDAA က အများဆုံး ထိန်းချုပ်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်တကြောကို MNDAA နှင့် UWSA တို့က ညှိနှိုင်းမျှဝေထိန်းချုပ်ထားသည်။
issue:M2026_015, 6 May 2026 ISP Mapping မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး အချက်အချာနေရာများကို KNA ထိန်းချုပ်ထား ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသောနေရာများကို KNA က ထိန်းချုပ်ထားသည်။ အစားထိုးကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းနှင့် ၁၀၁၈ လမ်းများကိုမူ အခြားကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ KNA က မျှဝေထိန်းချုပ်ထားသည်။
issue:M2026_014, 6 May 2026 ISP Mapping ကရင်ပြည်နယ်နှင့် ထိစပ်နေသော ဒုက္ခသည်စခန်း ခြောက်ခုရှိ မြန်မာ-ထိုင်းနယ်စပ်တွင် ဒုက္ခသည်စခန်းပေါင်း ကိုးခုရှိပြီး ခြောက်ခုမှာ ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ်မျဥ်းတလျှောက်တွင် ရှိသည်။
issue:M2026_013, 6 May 2026 ISP Mapping မြန်မာ-ထိုင်း နယ်စပ်မျဉ်း၏ ၃၇ ရာခိုင်နှုန်းကို KNU ထိန်းချုပ်ထား စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်အရှည် ၂,၄၁၆ ကီလိုမီတာရှိသည့်အနက် ကီလိုမီတာ ၈၉၀ ကျော် (၃၇ ရာခိုင်နှုန်း) ကို KNU/KNLA က ထိန်းချုပ်ထားသည်။
issue:M2026_012, 6 May 2026 ISP Mapping လက်နက်ကိုင်အစောင့်အရှောက်ဖြင့် ကျားဖြန့်လုပ်ငန်းများ ဆက်လက်ရှင်သန် ရွှေ့ပြောင်းသွားသည့် ကျားဖြန့်လုပ်ငန်းများကို မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ KNA နှင့် DKBA ထိန်းချုပ်နယ်မြေများအတွင်း တွေ့ရှိရသည်။
issue:M2026_011, 6 May 2026 ISP Mapping ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် စစ်ကော်မရှင်နှင့် KNU တို့သည် ကရင်ပြည်နယ်ရှိ အဓိကကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရန် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။
issue:M2026_010, 6 May 2026 ISP Mapping ပင်မကုန်သွယ်ရေးလမ်းကြောင်းများကို စစ်ကော်မရှင် ပြန်လည်ထိန်းချုပ် စစ်ကော်မရှင်သည် အမှတ် (၁) အာရှလမ်းမကြီးကို KNU/KNLA ထံက ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။ စစ်ကော်မရှင်သည် ကရင်ပြည်နယ်ရှိ အခြားပင်မကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း အခြားကရင်လက်နက်ကိုင်အဖွဲ့များနှင့်အတူ ထိန်းချုပ်ထားသည်။
issue:GT2026-02, 29 Apr 2026 Tracker ရှမ်းပြည်နယ်အတွင်း အာဏာအပြိုင်တည်ဆောက်နေသော အုပ်ချုပ်ရေးအဖွဲ့များ ရှမ်းပြည်နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ပေါင်း ၁၂ ဖွဲ့ထက်မနည်း အပြိုင်အဆိုင်ရှိနေသည်။ ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် စိန်ခေါ်ချက်များ ပိုမိုမြင့်မားလာသည်။ ထိုနည်းတူ ဒေသခံများအတွက်လည်း ရှုပ်ထွေးမှုများစွာ ကြုံတွေ့ရနိုင်သည်။