Topics

Myanmar Quarterly

29 Mar 2018

အလှည့်အပြောင်းတစ်ခု လိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

၂၀၁၆ ခုနှစ်တွင် NLD အရပ်သားအစိုးရ တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ဌာနများ၊ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အရှိန်မြှင့်၍ လုပ်ဆောင်ခဲ့သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား အစိုးရသစ် တက်ပြီး ငါးလ အကြာတွင် ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မစုံနိုင်ခဲ့သော်လည်း အများစု တက်ရောက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ အဆိုပါ ညီလာခံတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ခဲ့သော်လည်း တက်ရောက်သော အဖွဲ့တိုင်း၏ သဘောထားများကို ပွင့်လင်း လွတ်လပ်စွာ တင်ပြနိုင်ခဲ့ပြီး ပြည်သူလူထုကြားထဲအထိ ချပြနိုင်ခဲ့သည့် အဆင့်သို့ ရောက်ခဲ့သည်ဟု […]
29 Mar 2018

အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ – Failed Democratization

■ နိဒါန်း ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဒီမိုကရက်များအတွက် မျှော်လင့်ချက်များ မြင့်မား ရှင်သန်နေသော “ရွှေခေတ်” ဟု ဆိုနိုင်ပါလိမ့်မည်။ ၁၉၇၄ ခုနှစ် ပေါ်တူဂီနိုင်ငံမှ စတင်ခဲ့သော ဒီမိုကရေစီ လှိုင်းကြီးမှာ အာရပ်ကမ္ဘာမှလွဲ၍ တစ်ကမ္ဘာလုံးအနှံ့ ပြန့်နှံ့သွားခဲ့ရာ ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်(လ)ဖီ ဟန်တင်တန် (Samuel P. Huntington) က “ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း” ဟု သတ်မှတ် ပေးခဲ့သည်။ ဆိုခဲ့ပါ ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဆိုခဲ့ပြီးသော တတိယလှိုင်း ကာလ၏ အထွတ်အထိပ်ပင် ဖြစ်ပါသည်။ သို့နှင့်တိုင် နောင်ဆယ်နှစ် သာသာခန့်အကြာ၊ ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်သို့ ရောက်သောအခါတွင်မူ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်မှာပင် ကပြောင်းကပြန် ဖြစ်ရပ်များစွာနှင့် ရင်ဆိုင် […]
28 Mar 2018

မြန်မာ့အသွင်ကူးပြောင်းရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ယခုဆောင်းပါးတွင် ၂၀၁၆ ခုနှစ် မတ်လကို အစပြု၍ အသွင်ကူးပြောင်းရေးကာလ တစ်နှစ်ကျော် အချိန်အတွင်း အစိုးရနှင့် တပ်မတော်အကြား ဖြစ်ပေါ်နေသည့် အခြေအနေများကို အကျဉ်းချုံ့ တင်ပြမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ကို ဥပဒေအရ အာဏာ တစ်စိတ်တစ်ပိုင်း အပ်နှင်းထားပြီး ဖြစ်သည်ဟု ဆိုကြသည်။ ထိုအချက်ကြောင့်ပင် လက်ရှိ အနေအထား၌ နောက်ကြောင်း ပြန်လှည့်ခြင်းဟု သတ်မှတ်နိုင်သော အာဏာသိမ်းခြင်းကို တပ်မတော်က လုပ်မည်မဟုတ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာကို ချုပ်ကိုင်ထားပြီး ဖြစ်သည်ဟု သုံးသပ်ကြခြင်း ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် […]
28 Mar 2018

အရပ်သား အစိုးရ၏ တစ်နှစ်တာကာလနှင့် မူဝါဒ လေ့လာသုံးသပ်ချက်

■ နိဒါန်း ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရ တာဝန်ယူခဲ့တာ ၂၀၁၇ ခုနှစ် မတ်လမှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရ ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးမှာ မျှော်မှန်းသလောက် မရောက်ဖြစ်ခဲ့ရတာတွေ ရှိလာပါတယ်။ နိုင်ငံရေးအရ လူထုထောက်ခံမှုများ ရထားတဲ့ NLD အစိုးရဟာ ဘာကြောင့် မူဝါဒ အကောင်အထည်ဖော်ရာမှာ ရှေ့မရောက်နိုင် ဖြစ်ရတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါ့မယ်။ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်တွေကို လေ့လာသုံးသပ်ရင် လူမျိုးစုပြဿနာ (ဝါ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအကဲသာပြီး ကျန်သော စိန်ခေါ်မှုတွေကို ငြိမ်းချမ်းရေးပြီးမှ အားထည့် ဆောင်ရွက်မည့် သဘောကို တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရာမှာ ၂၁ ရာစု […]
17 Mar 2018

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

(၁) ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုနှင့် လက်နက်ကိုင် တိုက်ပွဲများကို နိုင်ငံရေး ရှုထောင့်များမှ တင်ပြထားကြပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို Pop Culture ရှုထောင့်မှ တင်ပြရန် ရုပ်ရှင်၊ ဂီတ၊ အနုပညာကဏ္ဍနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား ကိစ္စကဲ့သို့သော Identity အခြေပြု ဖြစ်စဉ်ကို ရွေးချယ် လေ့လာထားခြင်း ဖြစ်သည်။ အဓိက တင်ပြလိုသည့် အချက်မှာ – ငြိမ်းချမ်းရေးဟု ဆိုရာတွင် […]
17 Mar 2018

ရက်စက် ယုတ်မာမှုများကို တုံ့ပြန်ခြင်း

မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ချိန်သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခါနီး အချိန်ကာလ ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင်လည်း အသွင်ကူးပြောင်းမှုများ အလျင်အမြန် ပေါ်ပေါက်နေချိန် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၌ ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားပြီ ဖြစ်သည်။ ကျန်သည့် အရှေ့ဥရောပ နိုင်ငံများမှာလည်း အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်း၌ သဘောထား ကွဲလွဲဖွယ် ပြဇာတ်များ ရေးသားသူနှင့် ဒီမိုကရေစီ လိုလားသည့် ရှေ့နေ ဗားကလပ် ဟာဗယ် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ သမ္မတ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ၌ တောင်အာဖရိက အာဏာပိုင်များက နယ်လ်ဆင် မင်ဒဲလားကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည်။ ထိုလအတွင်းမှာပင် ချီလီနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး […]
7 Mar 2018

ရန်ကုန်နှင့် မန္တလေးမှ အပြောင်းအလဲများ

ရန်ကုန် ၊ ၃.၇.၁၉၉၀ အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲ ပေးနေသော်လည်း လူအများက လွယ်လွယ်ကူကူ မေ့ပစ်လိုက်ကြသည်။ ■ ဒေါမနစ် ဖူလ်ဒါ ရန်ကုန် – တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ အသက် ၅၀ ပင် မပြည့်သေးသော်လည်း ကမ္ဘာပေါ်ရှိ လျှို့ဝှက် ထောက်လှမ်းရေးသမားများအနက် လူသိအများဆုံးသူ တစ်ဦးဖြစ်နိုင်ပါသည်။ သူသည် ယနေ့အချိန်၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ အတွင်းရေးမှူး-၁၊ အတိုကောက် S1 အနေဖြင့် နေ့စဉ် မျက်နှာ ထွက်ပြနေသည်ကို တွေ့ရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ အာဏာရယူလိုက်စဉ် ကတည်းက နဝတ၏ စီမံချက် အမြောက်အမြားကို အင်တိုက်အားတိုက် ခြေလှမ်းကျဲကျဲ […]
7 Mar 2018

ဦးကြည်မောင်နှင့် ပတ်သက်၍ မျှမျှတတ သုံးသပ် ဆင်ခြင်ကြည့်ခြင်း

ကျွန်တော် ဦးကြည်မောင်နှင့် တွေ့ခဲ့ရသည်မှာ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် တစ်လနီးပါးအကြာတွင် ဖြစ်ပါသည်။ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရရှိရန် ထိန်းသိမ်းပဲ့ကိုင် တာဝန်ခံခဲ့ရသူ တစ်ဦးဖြစ်သော်လည်း ထိုအချိန် (၁၉၉၀ ပြည့်နှစ် ဇူလိုင်တွင်) က နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ပါတီ၏ အနှိုင်းမဲ့ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အများစုက ချီးကျူး အမှတ်ပေးခဲ့ကြပါသည်။ “ဒေါ်စုမှာက ထူးခြားတဲ့ ဥပဓိရုပ်၊ အရည်အသွေး၊ သြဇာတိက္ကမနဲ့ ပြည့်စုံတယ်ဆိုတာ ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က အသက်ကြီးပါပြီ။ အပြင်မထွက်နိုင်တော့ဘူး။ ပန်းကုံးတွေနဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း မမျှော်လင့်တော့ပါဘူး။ ကျွန်တော်တို့ ကိုယ့်အကြောင်း ကိုယ်သိတယ်။ အဲဒီတော့ ဖြစ်နိုင်တာကိုပဲ […]
7 Mar 2018

ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ 

■ နိဒါန်း ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင် တည်ထောင်ခဲ့ကြတဲ့ ဦးဆောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဦးဆောင်ခဲ့သူ၊ ၁၉၉၇ ခုနှစ်မှာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် NLD ပါတီက နုတ်ထွက်သွားခဲ့သူ၊ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၁၃ နှစ် ပြည့်ပါပြီ။ ၁ ဦးကြည်မောင်နဲ့ ပတ်သက်ရင် သမိုင်းရှိတယ်။ သတ္တိရှိတယ်။ ရည်တည်ချက် ခိုင်မာပြီး အကျပ်အတည်းကာလမှာ မဟာဗျူဟာကျတဲ့ ခေါင်းဆောင်မှု ပေးနိုင်တယ် စသဖြင့် ပြောစရာအများကြီး ရှိပါတယ်။ ဒါ့အပြင် စာဖတ်တဲ့ စစ်သားတစ်ဦး ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် ဘဝကနေ စစ်သားဘဝ၊ အဲဒီကနေ […]
7 Mar 2018

ဦးကြည်မောင်အမှတ်တရ အထူးကဏ္ဍ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းခြင်းကို ပျက်ပြားစေသည့် အကြောင်းတရားအဖြစ် စွပ်စွဲခံခဲ့ရသည့် ( Asiaweek မဂ္ဂဇင်း၌ ဖော်ပြခဲ့သော) ဦးကြည်မောင်၏ နုရင်ဘတ်ခုံရုံး အင်တာဗျူးနှင့် ဆက်စပ် အခြေအနေကို ဦးကြည်မောင်အား ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခဲ့သူ သတင်းစာဆရာ ဒေါမနစ်ဖူလ်ဒါ၏ ပြန်ပြောင်းပြောဆိုချက်များနှင့် ထိုအချိန်က တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ခြင်း မရှိသည့် မူရင်းအင်တာဗျူး အပြည့်အစုံကို သမိုင်းအထောက်အထား တစ်ရပ်အဖြစ် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ယခုအထူးကဏ္ဍတွင် ဖော်ပြထားပါသည်။ ယခုကဏ္ဍအဖွင့်တွင် ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာပိုင်း လေ့လာချက်ကို ဖော်ပြထားပြီး ဒေါမနစ် ဖူလ်ဒါ၏ ပြန်ပြောင်း ပြောဆိုချက်ဆောင်းပါးနှင့် ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ထုတ် Asiaweek မဂ္ဂဇင်း၌ ဖော်ပြထားသော အင်တာဗျူးနှင့် […]
7 Mar 2018

MMRQ အတွဲ ၁၊ အမှတ် ၃ အတွက် ဒန် စလိတ်တာ ၏ စကားဦး

The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် အတွဲ ၁၊ အမှတ် ၃ အတွက် ဒန် စလိတ်တာ ၏ စကားဦး။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ခြင်း၊ သို့မဟုတ် ကျရှုံးခြင်း၏ အလားအလာများကို တိုင်းတာခန့်မှန်းရာ၌ အဆိုပါ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အလွန် ကွဲပြားခြားနားသော နည်းလမ်းနှစ်မျိုးဖြင့် ဖြစ်ပေါ်လာကြကြောင်း အသိအမှတ်ပြုထားရန် အရေးကြီးပါသည်။ ပထမ အခင်းအကျင်းတစ်ခုမှာ အာဏာရှင် အုပ်ချုပ်သူများက သူတို့ထံတွင် ရွေးချယ်စရာ နည်းလမ်း အနည်းငယ်သာ ရှိတော့သည့်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လက်ခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ အာဏာရှင်အစိုးရ တစ်စစီ ပြိုကွဲနေခြင်း၊ သို့မဟုတ် ကန့်ကွက်ဆန္ဒပြမှုများ ကြီးမားပြင်းထန်လာခြင်း၊ သို့မဟုတ် စီးပွားရေးစနစ် ပြိုလဲသွားခြင်း၊ သို့မဟုတ် ပြည်ပဖိအားများ များပြားလာခြင်းတို့ကြောင့် […]
7 Mar 2018

အယ်ဒီတာမှတ်စု

(၁) နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအဖြစ် အရပ်သားအစိုးရအုပ်ချုပ်ရေး အာဏာရရှိခဲ့တာ အချိန်တစ်နှစ်ခွဲနီးပါး ရှိခဲ့ပါပြီ။ မြန်မာ့ အသွင်ကူးပြောင်းရေး ဘယ်ကလာပြီး ဘယ်ကို ဦးတည်ရှေးရှုနေပါသလဲ။ ဒီအကြောင်းတွေကို ဒီတစ်ကြိမ်ထုတ် The Myanmar Quarterly  မဟာဗျူဟာနှင့် မူဝါဒလေ့လာလေးရေး ဂျာနယ်မှာ ရှုထောင့်ပေါင်းစုံကနေ သုံးသပ်တင်ပြထားပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်ခုရဲ့ အသွင်ကူးပြောင်းမှုဆိုတာ နိုင်ငံရေးအရ အသွင်ကူးပြောင်းခြင်း (political transition) ကို ဆိုလိုတာပါ။ ဒါကို အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့အခါ နိုင်ငံတခုအနေနဲ့ အာဏာရှင်အုပ်ချုပ်မှုကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာခြင်း၊ ဒီမိုကရေစီ မဟုတ်တဲ့ အခြေအနေကနေ ဒီမိုကရေစီအခြေအနေ ပြောင်းလဲလာခြင်းလို့ ဆိုပါတယ်။ ဒီအယူအဆက ခေတ်နောက်ကျပြီး အသုံးဝင်မှု မရှိတော့ဘူးလို့ ပြောကြသူတွေရှိပေမဲ့ ဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းတွေမှာ ဖြစ်ခဲ့တဲ့ အရောင်တော်လှန်ရေးတွေ၊ အာရပ်နွေဦးလို့ […]
7 Mar 2018

ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လှုပ်ရှား ဆောင်ရွက်နေသူ မောင်ဆောင်းခအား မေးမြန်းခြငး

သူတို့အနေနဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာ ၆၆(ဃ)နဲ့ သူတို့ကို ပြန်အကာအကွယ်လုပ်ဖို့ သုံးချင်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီဥပဒေနဲ့ တရားစွဲခံရသူတွေထဲမှာ ဘယ်သူနစ်နာလဲ ဆိုတော့ ပြည်သူပဲ နစ်နာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒါကို မပြင်ချင်တာက … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ   –         အဓိကက အစိုးရရဲ့ မူလကြွေးကြော်သံဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ အဲဒီစကားလုံးက ထိပ်ပိုင်းပေါ့။ တပ်မတော်နဲ့ လက်ရှိ NLD အစိုးရ ကြားထဲမှာပဲ ရှိနေပြီး […]
7 Mar 2018

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်အား မေးမြန်းခြင်း

စီမံကိန်းက လေးငါးခုနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်တဲ့အချိန်မှာ ၁၅ ခု၊ ၁၇ ခုလောက် ပေးထားတယ် ဆိုရင် ဒါဟာ စီးပွားရေးအရ အပေးအယူလုပ်တဲ့ စီမံကိန်းတွေ ဖြစ်သွားပြီ။ လက်ရှိအစိုးရဟာ ဒီလိုအမှားမျိုးကို ထပ်မမှားသင့်ဘူး။ သေချာစိစစ်ပြီးတော့ တိုင်းပြည်အတွက် မလိုအပ်ဘဲ ထပ်နေတဲ့ စီမံကိန်းတွေကို မလုပ်သင့်ဘူး။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ   –         နိုင်ငံတစ်ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလေးထားပြီး ဆက်ဆံရတဲ့ ချစ်ကြည်ရေးဆိုတာကို အရင်ဆုံး […]