Featured လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု – မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ ချဉ်းကပ်ပုံ ကွဲပြားချက်များ ISP's OnPoint by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
7 Mar 2018 Interviews & Features • Myanmar Quarterly လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာအား မေးမြန်းခြင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စဉ်းစားချက်အောက်မှာ အရင်စနစ်ကို ဦးဆောင်ခဲ့တဲ့ သူတွေနဲ့ အခုဦးဆောင်နေတဲ့ ငါတို့နဲ့ ကြားထဲမှာပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြန်ပြီးတော့ သင့်မြတ်ပြီ၊ ဒီအသွင်ကူးပြောင်းရေး အောင်မြင်ပြီဆိုတဲ့ စဉ်းစားချက်မျိုး ရှိနေပြီဆိုလို့ရှိရင်၊ နောက်တနည်း ပြောရလို့ရှိရင် … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – မြန်မာ့ အသွင်ကူးပြောင်းရေး ဦးတည်ချက်ဟာ ဒီမိုကရေစီ အုတ်မြစ်ချရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့က စစ်အာဏာရှင်စနစ်အောက်က […]
7 Mar 2018 Interviews & Features • Myanmar Quarterly ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး (PACE) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာအား မေးမြန်းခြင်း “လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းဖို့အတွက် နည်းနည်း စောသေးတယ်ဗျ။ ပြောင်းဖို့တော့ လိုတယ်။ ပြောင်းမယ် ဆိုရင်တောင် လုံးလုံးလျားလျားကြီး အချိုးကျကို ကူးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ရောယှက်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ- အမျိုးသားလွှတ်တော်ကို ပုံစံပြောင်းတာမျိုးပေါ့။ ” ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲစနစ် ဘယ်လောက်အထိ လိုက်လျောညီထွေမှု ဖြစ်သလဲ။ ■ ဖြေ – အခုလောလောဆယ် ကျွန်တော်တို့သုံးတဲ့ ရွေးကောက်ပွဲစနစ်ပေါ့။ majority system ပေါ့။ အတိအကျပြောရရင် first-past-the-post ဆိုတဲ့ အခါကျတော့ ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ဗျာ။ ဒီရွေးကောက်ပွဲ တစ်ရပ်ကနေပြီးတော့ ထွက်လာတဲ့ အစိုးရက ပိုပြီးတော့မှ တည်ငြိမ်တဲ့ အစိုးရမျိုး ရချင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ပြဿနာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာက […]
7 Mar 2018 Interviews & Features • Myanmar Quarterly ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှူး စိုင်းညွန့်လွင်အား မေးမြန်းခြင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ပြုပြင်ဖို့နဲ့ အစိုးရအဖွဲ့ကိုလည်း ပြန်လည် သုံးသပ်ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ကိုယ်လုပ်နေတဲ့လုပ်ငန်း တုံ့ဆိုင်းနေခဲ့ရင် အဲဒီလုပ်ငန်းကို စပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီအချက်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – နှစ်ပေါင်း ၅၀ ကျော်လောက် စစ်တပ်ရဲ့ နည်းအမျိုးမျိုးနဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ကြရပြီးပြီ။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံလည်း ဖြစ်နေပြီဆိုတော့ ဒီတခါ မြန်မာ့ […]
7 Mar 2018 Interviews & Features • Myanmar Quarterly နိုင်ငံရေး ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းအား မေးမြန်းခြင်း ၂၀၁၆ ခုနှစ်နောက်ပိုင်း လွှတ်တော်တွေ၊ အစိုးရတွေရဲ့ စွမ်းဆောင်ရည်ဟာ ဖြစ်သင့်တာထက် လျော့နေတာကတော့ အားမလိုအားမရစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့မတိုး၊ နောက်မဆုတ်၊ သောင်မတင်၊ ရေမကျလို့ ပြောကြတာ ဖြစ်မယ်ထင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြည်သူလူထု ပါဝင်မှုကို ချဲ့ထွင်ပေးနိုင်ဖို့ အရေးကြီးမယ်လို့ ယူဆပါတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ။ ။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပဲ ဖြစ်သင့်ပါတယ်။ နှစ် […]
7 Mar 2018 Interviews & Features • Myanmar Quarterly နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွက်လာရန် ကြိုးပမ်းနေသူ ကိုကိုကြီးအား မေးမြန်းခြင်း ရွေးကောက်ပွဲ နည်းလမ်းနဲ့၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါကျတော့ ကျွန်တော်တို့ စစ်ဘက်-အရပ်ဘက်ကို အာရုံစိုက်ရင်း၊ ပြောနေကြရင်းနဲ့ အရပ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ သတိမပြုမိသလို ဖြစ်နေတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – ကျွန်တော့်အမြင် ပြောရရင်တော့ အများပြောနေကြတာက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်ဘက်က ရာနှုန်းပြည့် ချုပ်ကိုင်ထားရာကနေပြီးတော့ ပြင်ဖို့၊ ပြောင်းဖို့ ငြင်းကြရင်းနဲ့ပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် […]
7 Mar 2018 Analysis ကွန်မြူနစ်လွန် နိုင်ငံများတွင် အာဏာရှင် ခေါင်းဆောင်များကို အနိုင်ယူ ဖယ်ရှားခြင်း Defeating Authoritarian Leaders in Postcommunist Countries by Valerie Bunce and Sharon L. Wolchik Valerie Bunce နှင့် Sharon L. Wolchik တို့၏ ၂၀၁၁ ခုနှစ်ထုတ် Defeating Authoritarian Leaders in Postcommunist Countries စာအုပ်ဟာ ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ကျင်းပခဲ့သော ကွန်မြူနစ်လွန် ရွေးကောက်ပွဲများအကြောင်းကို လေ့လာ သုံးသပ်ထားခြင်းဖြစ်ပြီး ကွန်မြူနစ်လွန် နိုင်ငံပေါင်း ကိုးနိုင်ငံတွင် ဖြစ်စဉ် ခြေရာကောက်ခြင်း၊ နှိုင်းယှဉ် လေ့လာခြင်း၊ ဘုံစံနမူနာပုံစံများ ဆွဲထုတ်ကာ ခြောက်နှစ်ကြာ စမ်းသပ်လေ့လာထားခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်သည် ကွန်မြူနစ်လွန် […]
7 Mar 2018 Analysis ရှင်ရင်ရွှေထီး Golden Parasol A Daughter’s Memoir of Burma Chatto & Windus, 2013. Golden Parasol (ရှင်ရင်ရွှေထီး) စာအုပ်၏ ခေါင်းစဉ်ခွဲမှာ “ဗမာပြည်မှ သမီးတစ်ယောက်၏ ကိုယ်တွေ့မှတ်တမ်း”ဟု အမည်ပေးထားသော်လည်း ထို့ထက်များစွာ ပိုလွန်ပါသည်။ စာရေးသူ ဝင်ဒီလောရုံသည် စာဖတ်သူများအနေဖြင့် သူ၏ဖခင် အက်ဒွပ်လောရုံအပေါ် ပိုမိုနားလည် သဘောပေါက်စေနိုင်မည့် ခရီးတစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်ပေသည်။ ထို့အပြင် အကြောင်းအရာပေါင်းစုံ စုံလင်ကြွယ်ဝမှု၊ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်မှုတို့ကြောင့် စာဖတ်ပရိသတ် အများစုကလည်း စိတ်ပါဝင်စားကြပါလိမ့်မည်။ ယင်းတို့အနက် စာဖတ်ပရိသတ်ကို ညှို့ယူဖမ်းအစားနိုင်ဆုံးမှာ ဗမာပြည်၏ စစ်ပြီးခေတ် သတင်းစာလုပ်ငန်း၊ ဦးနု ခေါင်းဆောင်သော ပြည်ပြေးလှုပ်ရှားမှုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ အကြောင်းများပင် ဖြစ်ပါသည်။ အက်ဒွပ်လောရုံ (၁၉၁၁-၁၉၈၀)၏ ဘဝတစ်လျှောက်တွင် လွတ်လပ်ရေးရပြီးခေတ် […]
6 Mar 2018 Analysis မြန်မာ ယခု ဘယ်ဆီသို့ အာရှလေ့လာရေး နော်ဒစ်အင်စတီကျူ့ စာအုပ်တိုက်၊ Burma/Myanmar: Where Now? Mikael Gravers and Flemming Ytzen (eds) Nordic Institute of Asia Studies Press, 2014. လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်လောက်က ဆိုရင်တော့ လေ့လာသူ အားလုံးရဲ့အမြင်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာစရာ မရှိဘူးလို့ ယူဆခဲ့ကြတာပါ။ ၂၀၁၁ ခုနှစ်မှာတော့ အားလုံး အံအားသင့်စရာ ကောင်းအောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ Mikael Gravers နဲ့ Flemming Ytzen တို့ တည်းဖြတ်ပြီး ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Burma/Myanmar: Where Now? ဆိုတဲ့ စာအုပ်ဟာ […]
13 Oct 2017 Myanmar Quarterly အသွင်ကူးပြောင်းရေး အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းဆိုင်ရာ အကြောင်းအချက်များနှင့် ဂယက်များ
31 Jul 2017 Analysis ရေကပ်ဘေး၊ ရေအကျပ်အတည်းနှင့် နိုင်ငံတော် ရေစီမံမှု တလောက ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံက ရေစီမံမှုသတင်းကို ဖတ်လိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက ဌာနပေါင်းစုံမှာ ဖြစ်နေကြတော့ ပူးပေါင်း ဆောင်ရွက်မှုအရ ပြဿနာ ရှိနေပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ဒွန်မုအန် လေဆိပ်ကြီး ၂၀၁၁ ခုနှစ်မှာ ရေမြုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကာလမှာ သူတို့က ပြန်ဆန်းစစ်လို့ ထိုင်းနိုင်ငံမှာ ရေစီမံခန့်ခွဲမှုအတွက် နိုင်ငံတော်အဆင့်ဌာနတခု ထားရှိရင်ကောင်းမယ်လို့ အကြံပြုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံက တူးမြောင်းနဲ့ မြစ်ချောင်းများကို စီမံခန့်ခွဲမှုအတွက် ဗဟိုအာဏာပိုင် ဌာနတခု (Central Water Agency) တခု ဖြစ်ပေါ်လာရေး အဆိုက နီးစပ်လာနေပြီ ဆိုပြီး သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုအခါမှာ ရေလွှမ်းမိုးမှုကြောင့် နေရာဒေသအများမှာ လူပေါင်းတသိန်းကျော် ဒုက္ခခံစားနေရတယ်၊ နောက်ထပ်လည်း […]
24 Jul 2017 Myanmar Quarterly ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ မင်းဇင် ၁ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။ အားရစရာ တစ်ခုကတော့ ဝိဝါဒတွေကို ဘက်စုံဆွေးနွေးစရာ ပလက်ဖောင်း “စင်” အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းဝေးလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအချင်းချင်း ဆွေးနွေးတဲ့ ညီလာခံ၊ တစ်တိုင်းပြည်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတဲ့ဖိုရမ် […]
24 Jul 2017 Myanmar Quarterly ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင် ကိုရဲ ၁ ■ ၁။ မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်အတွင်းမှ ဖက်ဒရယ်ဝေါဟာရ ၁၉၄၉ ခုနှစ် ဇွန် ၁၇ ရက်က ကျင်းပခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဖာပွန်မဲဆန္ဒနယ်အမတ် စောဝီရီကျော်က ဗမာပြည်ထောင်စု နိုင်ငံတော်ကို အင်္ဂလိပ်ဘာသာနဲ့ Union of Burma လို့ ဆိုရာမှာ ဇဝေဇဝါဖြစ်စေတဲ့အတွက် ပြည်ထောင်စု ဆိုတာကို Federal Union of Burma လို့ ခေါ်ရင် အဓိပ္ပာယ် ပိုရှင်းမယ်ဆိုတဲ့အကြောင်း ဆွေးနွေး တင်ပြခဲ့ပါတယ် (“တိုင်းပြည်ပြု လွှတ်တော် စာတွဲ-၁၊ အစည်းအဝေး အမှတ် ၅”၊ ၁၉၄၇၊ စာ-၁၂၆)။ အဲဒီဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းက “အခြေခံဥပဒေကို ပြဌာန်းရာမှာ ဗမာစာမူကိုပဲ အရင်းခံထားမှာ ဖြစ်တဲ့အတွက် ဗမာစကားလုံးဖြစ်တဲ့ […]
24 Jul 2017 Myanmar Quarterly မြန်မာ့လူမျိုးစုနှင့် ဖက်ဒရယ် ပြဿနာအပေါ် အတွေးတချို့ အက်ရှ်လေ ဆောက်သ် ၁ ■ နိဒါန်း အတိတ်ရဲ့ အရိပ်ရှည်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ သက်ရောက်လျက် ရှိပါတယ်။ ဒါ့အပြင် တစိတ်တပိုင်း ဒီမိုကရေစီစနစ်အတွက် လူမျိုးစုရေး၊ ဖက်ဒရယ်အရေး မြော်မြင်ချက်တွေ၊ ပုံဖော်ချင်တာတွေကလည်း တစ်ခုနဲ့တစ်ခု အားပြိုင်နေကြပါတယ်။ ဒီဆောင်းပါးက လူမျိုးစုရေး၊ ဖက်ဒရယ်အရေးတွေရဲ့ နက်နဲရှုပ်တွေးမှုကို သမိုင်းရေးအမြင်နဲ့ ချဉ်းကပ်ရှုမြင်ထားတာ ဖြစ်ပါတယ်။ ■ ကိန်းဂဏန်း အရေအတွက်များ၊ လူမျိုးတွေကို ခွဲခြားသတ်မှတ်မှုများ ၂၀၁၄ ခုနစ် မတ်နဲ့ ဧပြီလဆန်းမှာ သန်းခေါင်စာရင်း ကောက်ယူ ပြီးစီးခဲ့ပေမယ့်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ စာရင်းဇယားတွေဟာ အခုချိန်ထိ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်း ရှိတယ်လို့ […]
24 Jul 2017 Myanmar Quarterly ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီ ကျော်ဝင်း ၁ ■ နိဒါန်း (အမျိုး၊ ဘာသာ၊ သာသနာမှ အမျိုးသားလွတ်လပ်ရေးသို့) မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး သမိုင်းကြောင်းကို ပြန်ပြောကြသည့်အခါတိုင်း “နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက” ဆိုသော ဆိုရိုးစကားတစ်ခုမှ အစပြုလေ့ ရှိကြပါသည်။ သို့နှင့်တိုင် ၁၉၀၆ ခုနှစ်က ထူထောင်ခဲ့သော “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း” (ဝိုင်အမ်ဘီအေ)မှာ ပီပီသသ နိုင်ငံရေးအဖွဲ့အစည်းတော့ မဟုတ်ခဲ့ပါ။ အသင်းကြီး၏ ရည်ရွယ်ချက် ကိုယ်တိုင်က “အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးကို အားပေးဆောင်ရွက်ဖို့” ဖြစ်သည်။ သို့အတွက် “အမျိုးကိုချစ်ပါ၊ ဘာသာကို လေးစားပါ၊ သာသနာကို ချီးမြင့်ပါ၊ ပညာကို အားပေးပါ” ဟု ကြွေးကြော်သံ ထုတ်ခဲ့ကြသည်။ တစ်နိုင်ငံလုံး ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ အများစု ဗမာလူမျိုးနှင့် သူတို့၏ ကိုးကွယ်ရာ […]
24 Jul 2017 Myanmar Quarterly မြန်မာပြည်က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြဿနာ ဘာတေးလ် လင့်တ်နာ ၁ ■ ပြဿနာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေအကြား ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်မှ ခရီးမရောက်ရတဲ့ အကြောင်းရင်းရှိပါတယ်။ အဲဒါကတော့ ဘက်နှစ်ဖက်လုံးကြားမှာ သူတို့ ဘာလိုချင်လဲဆိုတဲ့အပေါ် အခြေခံကျကျ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ အရင် ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အစိုးရရော လက်ရှိ ဒီချုပ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရကပါ မြန်မာပြည်က လက်နက်ကိုင် တိုင်းရင်းသား အင်အားစုအားလုံးကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပထမဆုံး ရေးထိုးပြီးမှ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုက်တွန်း ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်က ပိုပြီး ရှင်းလင်းပါတယ်။ သူတို့က တိုင်းရင်းသား […]