Topics

Political Economy

29 Dec 2021

အထည်ချုပ်လုပ်ငန်း အပ်နှံထားသည့် နိုင်ငံခြားကုမ္ပဏီများအပါအဝင် လုပ်ငန်းများ ဆက်လက် ရပ်နားထွက်ခွာနေ

မကြာသေးခင်ကပဲ ဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditex၊ ဗြိတိန်နိုင်ငံက Primark တို့အပါအဝင် ကမ္ဘာကျော် အဝတ်အထည်ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားကြတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့ အာဏာသိမ်းပြီး နောက်ပိုင်း ပြန်လည်ထွက်ခွာသွားကြတာဟာ လုပ်ငန်းပေါင်း ၂၁ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ ထွက်ခွာသွားတဲ့ လုပ်ငန်းများအနက် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးကတော့ အခြေခံ အဆောက်အဦကဏ္ဍ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ရတဲ့ ကုမ္ပဏီမှတ်ပုံတင် အရေအတွက်လည်း ဆက်လက် ကျဆင်းနေပါတယ်။ သြဂုတ်မှာ မှတ်ပုံတင်တဲ့ ကုမ္ပဏီ အရေအတွက် ၃၆၀ သာ ရှိတာကြောင့် ဇူလိုင်နဲ့ နှိုင်းယှဉ်ရင် ၇၃ ခု လျော့ကျသွားတာ ဖြစ်ပါတယ်။ အာဏာမသိမ်းခင် ဇန်နဝါရီနဲ့ နှိုင်းယှဉ်ရင် သြဂုတ်မှာ ကုမ္ပဏီမှတ်ပုံတင် အရေအတွက် လေးဆနီးပါး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
27 Dec 2021

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း သွားပါတယ်။ သြဂုတ်လမှာ တရုတ်နိုင်ငံက မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၄သိန်းကျော် ထပ်တိုးရင်းနှီးမြှုပ်နှံသာဝင်ခဲ့ပြီး ကျန်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။ စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် သြဂုတ်လဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အနိမ့်ဆုံးလ ဖြစ်ခဲ့ပါတယ်။
24 Dec 2021

ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

(အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၇၁) အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော် ကျဆင်းသွားပါတယ်။ ပို့ကုန်နည်းတူ သွင်းကုန်လည်း ကျဆင်းနေပြီး အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ကျခဲ့ပါတယ်။ ဒါဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် (ဇူလိုင် အထိ) စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေကို အခြေတည် တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ Download as PDF ∎ ဘာကြောင့်အလေးထားသင့်သလဲ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသလို ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံ့လူဦးရေရဲ့ […]
22 Dec 2021

ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

(အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၆၉) မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ […]
11 Nov 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၈) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး ပြိုလဲမှု အန္တရာယ်ကိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှု တွေကြောင့်ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ပေါင်းစပ်မှုကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေပါတယ်။ ဒါ့အပြင် အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နေမယ်လို့ADB အစီရင်ခံစာက သုံးသပ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် အလားအလာကိုတောင် ADB က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ Download as PDF ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံ ပြည်သူလူထုရဲ့ ဘဝ တိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့်လည်း တိုင်းပြည်ဟာ ပိုမို ချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရ ပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ် ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
3 Nov 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၇) မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့်စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။ Download as PDF ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်း နိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည် နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမဲ့ ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်၊ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမဲ့ သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီက ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမဲ့နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
7 Oct 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၃) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး ပြိုလဲမှု အန္တရာယ်ကိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှု တွေကြောင့်ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။ Download as PDF အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ပေါင်းစပ်မှုကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေပါတယ်။ ဒါ့အပြင် အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နေမယ်လို့ADB အစီရင်ခံစာက သုံးသပ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် အလားအလာကိုတောင် ADB က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံ ပြည်သူလူထုရဲ့ ဘဝ တိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့်လည်း တိုင်းပြည်ဟာ ပိုမို ချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရ ပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ် ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
21 Sep 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၉) မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့်စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။ Download as PDF ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်း နိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည် နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမဲ့ ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်၊ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမဲ့ သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီက ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမဲ့နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
6 Sep 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၄) မကြာသေးခင် နှစ်တွေကမှ အာရှမှာ ဖွံ့ဖြိုးမှု အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စစ်အာဏာသိမ်းမှုရဲ့ ရလဒ်ကြောင့် စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ်ရာခိုင်နှုန်း အထိကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် ဒီနှစ်အတွင်းမှာပဲ ခြောက်ရာခိုင်နှုန်းအထိ ပြန်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစောပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒီခန့်မှန်းချက်ဟာ အဟောသိကံ ဖြစ်သွားပါတယ်။ Download as PDF စစ်အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာတာ၊ မရေမရာမှုတွေကြောင့် ကတိကဝတ်ပြုထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့်စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ကလည်း အခုဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့လည်းOxford Economics က ခန့်မှန်းထားပါတယ်။ လတ်တလော အခြေအနေမှာလည်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကုမ္ပဏီကြီးတွေ ထွက်ခွာဖို့ ပြင်နေသလို တယ်လီနောလို ဆက်သွယ်ရေး ကုမ္ပဏီကလည်း အရှုံးခံရောင်းချပြီး ထွက်သွားပါတယ်။ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ စက်မှုအိမ်ရာစီမံကိန်းတွေ၊ အခြားစက်မှုဇုန် စီမံကိန်းတွေကိုလည်း ရပ်နားထားရပါတယ်။ ဒါ့အပြင် စီးပွားရေးပြိုလဲတာ၊နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စွန့်ခွာတာတွေကြောင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ပြည်သူတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး အခုနှစ်မှာ လူပေါင်း ၃ ဒသမ ၄ သန်းကျော်လောက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့ရမယ်လို့လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ကတော့ အာဏာသိမ်းမှုဟာ အရင်က တိုးတက်မှုတွေကို ပြောင်းပြန်လှန်လိုက်ပြီး ၄၈ ဒသမ ၂ ရာခိုင်နှုန်းသော မြန်မာပြည်သူတွေ အနေနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို လာမဲ့နှစ်မှာ ခံစားရမယ်လို့ တွက်ချက်ထားပါတယ်။ ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင် တခုဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှုမပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
10 Aug 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှုအပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၆) Download PDF Version မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင်၊စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေတွေဟာ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိသာသာ ကျဆင်းနေတာတွေ့ရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်လ အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည်နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့်အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမယ့် ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နှုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်။ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမယ့် သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမယ့်နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။