Featured ကျောက်တော်မြို့နယ် အိန္ဒိယစျေးဗုံးကြဲခံရမှုအပါအဝင် အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ရှိလာ Tracker by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:OP2026_08, 6 Nov 2026 ISP's OnPoint နာလန်ထူရန် ခက်ခဲမည့် မြန်မာ့အထည်ချုပ်ကဏ္ဍ အကျပ်အတည်း အထည်ချုပ်လုပ်ငန်းများသည် အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနေသော လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်များထဲတွင် အမျိုးသမီး ၈၅ ရာခိုင်နှုန်းခန့်အထိ ရှိပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ ၂၀၂၅ ခုနှစ် စစ်တမ်းအရ အထည်ချုပ်လုပ်ငန်းခွင်များတွင်ရှိသော အမျိုးသမီးများ၏ ၉၁ ရာခိုင်နှုန်းသည် အခြေခံပညာ အထက်တန်း မအောင်မြင်သေးသောသူများ ဖြစ်ပါသည်။
issue:OP2026_07, 29 Oct 2026 ISP's OnPoint ပြည်ထောင်စုလွှတ်တော်က နှုတ်ဆိတ်နေသော ပြည်သူ့စစ်မှုထမ်းဥပဒေ ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်အစိုးရကို မေးခွန်းပေါင်း ၄၉၅ ခုထက်မနည်း မေးခဲ့သည်။ ထိုအထဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော မေးခွန်း သုံးခုသာရှိခဲ့သည်။ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင်မူ တကြိမ်မျှ မေးမြန်းဆွေးနွေးခဲ့ခြင်း မရှိပေ။
issue:M2026-034, 10 Oct 2026 ISP Mapping ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ ပဋိပက္ခအခြေအနေ စီးပွားရေးဇုန်နှင့် ထိစပ်နေသော ရေဖြူ၊ ထားဝယ်နှင့် လောင်းလုံမြို့နယ်များတွင် မြန်မာစစ်တပ်နှင့် KNU/KNLA အပါအဝင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။
issue:M2026-033, 10 Oct 2026 ISP Mapping ထားဝယ်-ရတနာပုံ-မြစ်ဆုံ စီမံကိန်းများ စီမံကိန်းများမှတဆင့် အလုပ်အကိုင်၊ စွမ်းအင်နှင့် နိုင်ငံတိုးတက်ရေး စသည့် ဖွံ့ဖြိုးရေးကိစ္စများအတွက် မောင်းနှင်အားဖြစ်လာနိုင်ကြောင်း ဦးမင်းအောင်လှိုင်အစိုးရဘက်က ပုံဖော်လုပ်ဆောင်မှုများရှိနေသည်။
7 Oct 2026 30 Minutes with the ISP ထားဝယ်-ရတနာပုံ-မြစ်ဆုံ၊ ဖွံ့ဖြိုးရေးအိပ်မက်အတွက် မေးခွန်းများ လက်ရှိ ပြန်အသက်သွင်းနေတဲ့ စီမံကိန်းကြီးတွေကို မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ မြစ်ဆုံစီမံကိန်းဟာ လူထုရဲ့ဆန္ဒနဲ့ ကင်းကွာနေသလို ထုတ်လုပ်ဖြန့်ဖြူးရေးစနစ်ရော အခြေခံအုတ်မြစ်တွေပါ အားနည်းနေပါတယ်။ မြန်မာ့ဆီလီကွန်တောင်ကြား (silicon valley) လို့ အမည်တပ်ထားပေမဲ့ ရတနာပုံဆိုင်ဘာစီးတီးစီမံကိန်းဟာ အပြောလွယ်သလောက် အလုပ်ခက်မယ့်အခြေအနေ ရှိနေပါတယ်။ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်မီး၊ ဒီဂျစ်တယ် အခြေခံအဆောက်အအုံ၊ ဥပဒေအရ အကာအကွယ်ပေးမှုနဲ့ ကျွမ်းကျင်လုပ်သား စတဲ့ အရေးကြီးဂေဟစနစ်တွေ ရှိမနေပါဘူး။ ထားဝယ်ဆိပ်ကမ်းစီမံကိန်းဟာလည်း ဘဏ္ဍာရေးအရ စိန်ခေါ်ချက်တွေနဲ့အတူ စစ်ရေးပဋိပက္ခတွေ ရှိနေဆဲပါ။
3 Sep 2026 30 Minutes with the ISP ဉာဏ်ရည်တုနဲ့ ပင်ကိုဉာဏ်ကို ဘယ်လိုချိန်ညှိမလဲ၊ ISP-Myanmar ၏ ဒေတာအချက်အလက်ရှာဖွေပုံနှင့် ဆန်းစစ်မှုနည်းနာများ တချိန်က အင်မတန်ရှားပါးပြီး လူတိုင်းလက်လှမ်းမမီနိုင်တဲ့ အသိပညာတွေဟာ ရုတ်တရက် ဆိုသလို လူတွေလက်ထဲ အလွယ်တကူ ရောက်လာခဲ့ပါတယ်။ အခု AI ခေတ်မှာလည်း ဒီသဘောပါပဲ။ ဉာဏ်ရည်တုဟာ အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းထားနိုင်သလို ဒါတွေကို အခြေခံပြီး ဆန်းစစ်ပေးနိုင်စွမ်းက လူတွေရဲ့ လုပ်နိုင်စွမ်း၊ သာမန်ကွန်ပျူတာတွေရဲ့ လုပ်နိုင်စွမ်းထက် အဆမတန် ကြီးမားလာပါတယ်။
issue:M2026_025, 14 Aug 2026 ISP Mapping မြို့နယ် ၄၁ ခုတွင် ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်ကနေ ဩဂုတ် ၁၁ ရက်အတွင်း မိုးများပြီး ရေကြီးသဖြင့် ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ် ၄၁ ခုတွင် ရေကြီးခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင်ပါသည်။
issue:SB2026-02, 13 Aug 2026 Situation Brief ပြည်နယ်နှင့်တိုင်း ငါးခုတွင် ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်း ရှိနိုင် ဦးမင်းအောင်လှိုင်အစိုးရ၏ သဘာဝဘေး ကယ်ဆယ်ရေးအစီအမံများသည် ချက်ချင်းတုံ့ပြန်နိုင်စွမ်း အားနည်းနေသကဲ့သို့ နေရာအနှံ့ လွှမ်းခြုံနိုင်စွမ်းလည်း မရှိသေးပေ။ နှစ်စဉ်ကြုံနေရသော သဘာဝဘေးများကို ကြိုတင်ကာကွယ်နိုင်စွမ်းမှာ ဘက်ပေါင်းစုံချည့်နဲ့နေဆဲဖြစ်သည်။
11 Aug 2026 30 Minutes with the ISP ‘ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း’ – ပညာသင်ခွင့်အကျပ်အတည်းအတွက် မူဝါဒအဖြေ ဘယ်လိုရှာနိုင်ကြမလဲ တချိန်ကတော့ မြန်မာနိုင်ငံမှာ အခြေခံပညာသင်ယူခွင့်ဆိုတာ ဘေးမသီရန်မခ ပုံမှန်လျှောက်လှမ်းရမယ့် လမ်းကြောင်းတခုပါပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ အချိန်တန်ရင် သေစာ ရှင်စာတော့ တတ်နေရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ လူများစုအတွက် အခြေခံပညာသင်ယူခွင့်ဆိုတာ ခက်ခဲတဲ့အရာ မဖြစ်ခဲ့ပါဘူး။ ဒီနေ့အချိန်မှာတော့ မလုံခြုံမှု၊ စိုးရိမ်မှု၊ မရေရာမှု၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေးစနစ်တွေကြားထဲ အဆင့်မြင့်ပညာမဟုတ်သေးတဲ့ အခြေခံပညာ သင်ယူနိုင်ခွင့်ကိုပါ လက်လွှတ်ရတာမျိုး ဖြစ်လာပါတယ်။
issue:SB2026-01, 23 Jun 2026 Situation Brief ကျောင်းဖွင့်ချိန် – ကျောင်းပရ၀ဏ်ကို စွန့်ခွာရသူ ၆ ဒသမ ၃ သန်းကျော် ရှိနေ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး အခြေခံပညာသင်ယူခွင့်ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော် ရှိနေဆဲဖြစ်သည်။ မြန်မာ့ပညာရေးသည် အဆင့်မီပညာရေးကို မမျှော်မှန်းနိုင်သည့်အပြင် အခြေခံပညာရေးလက်လှမ်းမီမှုမှာပင် အကျပ်အတည်း ဖြစ်နေပါသည်။
10 Jun 2026 30 Minutes with the ISP စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ လောင်စာအကျပ်အတည်းကြောင့် အခြေခံလူတန်းစားများ ပိုပြီးထိခိုက်နစ်နာနေကြသည်။ သက်ရောက်မှုများလည်း ကြီးပါသည်။ စီးပွားရေးတိုးတက်မှု ပိုနှေးကွေးလာပြီး ဆင်းရဲနွမ်းပါးမှု ပိုတိုးလာနိုင်သည်။ စီးပွားရေးပြိုလဲမှုနှင့် ရေရှည် စီးပွားရေး ကျုံ့ဝင်နိမ့်ကျမှုများလည်း ဖြစ်နိုင်သည်။
issue:OP2026_02, 8 Apr 2026 ISP's OnPoint ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ် – ကျားဖြန့်နှိမ်နင်းရေးလား၊ နိုင်ငံရေးလက်နက်လား လွှတ်တော်မခေါ်ခင် သုံးလအတွင်း ဥပဒေပေါင်း ၁၉ ခုထက်မနည်းကို စစ်ခေါင်းဆောင်က ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများ လုပ်ခဲ့သည်။ ထိုသို့ ပြင်ဆင်ပြဋ္ဌာန်းမှုများမှာ စစ်ခေါင်းဆောင် သမ္မတဖြစ်လာချိန်၌ အာဏာစက်ထက်စေရန် အသုံးချမည့် လက်နက်များ ဖြစ်လာနိုင်သည်။
issue:OP2026_01, 10 Mar 2026 ISP's OnPoint ရေနံအကျပ်အတည်းနှင့် မြန်မာ့စွမ်းအင်လုံခြုံရေး မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံရေးသည် အလွယ်တကူ ထိခိုက်နိုင်သော အနေအထားတွင် ရှိပါသည်။ စက်သုံးဆီလိုအပ်ချက် စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းဝန်းကျင်ကို ပြည်ပကနေ တင်သွင်းနေရသည်။ ပြည်တွင်းထုတ်လုပ်နိုင်စွမ်းမှာ ငါးရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။
5 Feb 2026 30 Minutes with the ISP တနိုင်ငံလုံး နစ်ကျွံလာသော မူးယစ်နွံ – မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလား လူငယ်မျိုးဆက်တခုလုံး ဆုတ်ယုတ်ပျက်သုဉ်းသွားစေနိုင်တဲ့အပြင် နိုင်ငံတခုလုံး မူးယစ်နွံထဲ နစ်သွားနိုင်တာကို ဆက်လက်ခွင့်ပြုထားဖို့ မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံရေးသိက္ခာကျဆင်းစေသလို မူးယစ်ဆေးကရတဲ့ တရားမဝင်ငွေတွေကြောင့် ရေရှည်မှာ စီးပွားရေးစနစ်ကြီးတခုလုံး ပြိုလဲသွားနိုင်ပါတယ်။
issue:M2026_006, 5 Feb 2026 ISP Mapping ဒေသအလိုက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ မြန်မာနိုင်ငံအတွင်း တန်ဖိုးအားဖြင့် အများဆုံးဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Ice, Happy Water, K နှင့် E တို့ဖြစ်ပြီး ဖမ်းဆီးမိသော မူးယစ်ဆေးဝါးစုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းနီးပါးရှိသည်။