ISP Products

Opinion

3 Sep 2020

ဝန်ကြီးချုပ်များ၏ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းနှင့် အရာချခြင်းဆိုင်ရာ သုတေသန ပုစ္ဆာ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့မှာ ကယားပြည်နယ် လွှတ်တော်ဟာ ပြည်နယ်ဝန်ကြီးချုပ်ကို အခြေခံဥပဒေနဲ့အညီ စွပ်စွဲအပြစ်တင်လို့ အောင်မြင်သွားပါတယ်။ သမ္မတကသာ ဒီရလဒ်ကို အတည်ပြုရင် ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်ဆိုင်းရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရဟာ ငါးနှစ်တာကာလအတွင်း သမ္မတက တိုက်ရိုက်ခန့်အပ်ထားခဲ့တဲ့ ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦးအနက် သုံးပုံတစ်ပုံကို ရာထူးမှ အနားပေးခံရခြင်း၊ နှုတ်ထွက်ခွင့်ပြုခြင်း၊ ကျန်းမာရေးကြောင့် နောက်သက်တမ်းအတွက် ပြန်လည် ကိုယ်စားလှယ်အဖြစ် ပြန်လည် ရွေးချယ်မခံတော့ခြင်းစတဲ့ ခေါင်းစဉ်တွေအောက်မှာ အကြောင်းအမျိုးမျိုးကြောင့် အရာချခဲ့တာ ၅ဦးခန့်ရှိပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၃၇ ရာခိုင်နှုန်းရှိလာခဲ့ပါပြီ။ NLD အစိုးရလက်ထက် ပြည်နယ်၊တိုင်းဒေသကြီး ၀န်ကြီးချုပ်များ အရာကျမှု ရာခိုင်နှုန်းများတယ်၊ ရွေးကောက်ပွဲကာလနား နီးကပ်မှ ပိုအဖြစ်များတဲ့အတွက် အချိန်ကာလအားဖြင့် ဆန်းတယ်၊ နောက်ဖွဲ့မယ့် အစိုးရမှာတောင် […]