19 Mar 2025 တုံ့ပြန်ခွင့်နှင့် စာပေကြိုးဝိုင်းထက်သို့ မျှော်ကြည့်လိုခြင်း ပညာရပ်ဆိုင်ရာ အရေးအသားတွေအပြင် လူထုဆွေးနွေးပွဲတွေမှာလည်း တုံ့ပြန်ဆောင်းပါးရဲ့ အကျိုးသက်ရောက်မှုက ကြီးမားတယ်။ ... စာပေလွတ်လပ်ခွင့်နဲ့အညီ စာပေကြိုးဝိုင်းပေါ်မှာ ဝိတ်တန်းအရ လက်ညီရင်(တန်းတူအခွင့်အရေးနဲ့) ထိုးနှက်ခွင့်ပေးထားငြား ခါးအောက်ပိုင်းကို ထိုးနှက်မလာအောင်တော့ အယ်ဒီတာတွေက ဒိုင်သဖွယ်ပြု တားဆီးကာကွယ်ပေးဖို့ တာဝန်လည်း ယူကြရပါတယ်။
17 Mar 2025 အညာဟာ အညာခံနေရသလား – အညာစစ်တမ်း အညာဟာ တော်လှန်ရေးကြာလာတာနဲ့အမျှ အပြောအဆိုခံ၊ အငြိုငြင်ခံလာရပါတယ်။ အငြိုငြင်ခံထိုက်လို့ ခံနေရတာလား၊ အညာသားတွေဟာ တော်လှန်ရေးအသုံးချ လုပ်စားနေကြတာလားဆိုတဲ့ မေးခွန်းတွေ တသီကြီး ထွက်လာပါလိမ့်မယ်။
12 Mar 2025 ရန်ပွဲထက်ပိုသော TNLA နဲ့ KIA ရဲ့ အငြင်းပွားမှုဟာ ဘုံရန်သူရှိလို့ ညီညွတ်ရမယ်ဆိုတဲ့ အပေါ်ယံဆန်ဆန် မှတ်ချက်တွေနဲ့ ဖုံးဖိလိုက်လို့ရမယ့် ကိစ္စမဟုတ်ပါဘူး။ ‘အရေးကြီးပြီ သွေးစည်းစို့’ တို့၊ ‘ဘုံရန်သူကို သိရမယ်’ တို့လို စကားလုံးတွေဟာ အရင်းခံတင်းမာမှုတွေကို မဖြေရှင်းနိုင်သေးတဲ့ကာလပတ်လုံးမှာ အထောက်အပံ့ မဖြစ်နိုင်ပါဘူး။
10 Mar 2025 CDM နှင့် Non-CDM – မြန်မာပြည်၏ အနာဂတ် လူဖြူလူမည်း ပြဿနာ တော်လှန်ရေးအင်အားစုတွေမှာ နယ်မြေစိုးမိုးမှုတွေ ကျယ်ပြန့်လာပြီး သူတို့ယန္တရားအတွက် CDM အကူအညီကို တောင်းခံနေကြတာတွေ ရှိပါတယ်။ တချို့နယ်တွေမှာ Non–CDM တွေကို ပြန်လည်ခန့်အပ်မှုဟာ CDM တွေ အပြင်းအထန်ကန့်ကွက်စေတဲ့အရာတွေ ဖြစ်ပါတယ်။ CDM တွေဟာ သူတို့(Non- CDM) တွေနဲ့ အလုပ်ပြန်တွဲလုပ်လိုစိတ် မရှိကြပါဘူး။
7 Mar 2025 နွေဦးရွက်သစ်တွေ ဘယ်တော့ဝေမလဲ ရိုးသားတဲ့စိတ်ဓာတ်အခံနဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေကြောင့် လူငယ်တွေရဲ့နွေဦးတိုက်ပွဲတွေဟာ အောင်ပွဲအလီလီရခဲ့ပါတယ်။ ...နွေဦးဟာ ရင့်မှည့်နေပါပြီ။ နွေဦးဟာ ခေါင်ဆောင်ကောင်းကို ဆာလောင်နေတာ ဖြစ်ပါတယ်။ ...နွေဦးခမျာ ပင်ပန်းနေရှာပါပြီ။
5 Mar 2025 မြန်မာ့အရေး သံဃာတော်တွေ ဘယ်လိုမြင်ကြသလဲ သံဃာအများစုဟာ စစ်အာဏာသိမ်းမှုကို အကောင်းမမြင်ကြပါဘူး။ ပြီးတော့ အခုစစ်ကောင်စီလက်ထက်မှာ ဗုဒ္ဓဘာသာအပေါ် ကိုးကွယ်ယုံကြည်မှု၊ သံဃာထုအတွင်း စုစည်းညီညွတ်မှု၊ အစိုးရနဲ့ သံဃာအကြား ဆက်ဆံရေး ဒီသုံးချက်စလုံးဟာ ပျက်စီး ဒါမှမဟုတ် အားနည်းသွားတယ်လို့လည်း မြင်ကြပါတယ်။
3 Mar 2025 ခဏနားပါ၊ ဆန်းစစ်ပါ၊ ပြီးမှ ဆက်တော်လှန်ပါ၊ ရှင်သန်ပါ နိုင်ငံရေးစကားဝိုင်းတွေမဆိုထားနဲ့ လူမှုဆက်ဆံရေးတွေ၊ စကားဝိုင်းနဲ့ ဆွေးနွေးပွဲတွေ၊ ပဋိပက္ခဖြေရှင်းတာတွေမှာလည်း သည်းခံမှုတွေ လျော့နည်းလာကြတာ၊ နားလည်ပေးနိုင်မှု နည်းပါးလာကြတာ၊ စိတ်တိုလွယ်၊ စိတ်ဆတ်လွယ်လာကြတာ စတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေ များပြားလာတာရဲ့ နောက်ဆက်တွဲအခြေအနေတွေ ခံစားနေကြရတာကို ပေါပေါများများ တွေ့မြင်လာရပါတယ်။
28 Feb 2025 မြန်မာ့ပေါ်ပြူလာကာချာ အဆိပ်မသင့်ပါစေနဲ့ အဆင့်အတန်းနိမ့်တဲ့ ဖော်ပြမှုတွေကို ကောင်းပါတယ်၊ တော်ပါတယ်၊ ရယ်ရပါတယ်လို့ ထင်နေသေးတဲ့သူတွေ ရှိသေးတာကိုလည်း မမေ့ပါနဲ့။ သူတို့ကို ရှုတ်ချအပြစ်တင်မဲ့အစား ကျမတို့အနေနဲ့ လက်လှမ်းမီသလောက် အသိပညာလည်း ပေးသင့်သလို တဖက်ကလည်း ဒီလို အရည်အသွေးနိမ့်တဲ့ ဖန်တီးမှုတွေ ရပ်တန့်အောင်လို့ ဝိုင်းဝန်း ကြိုးပမ်းကြရပါမယ်။
26 Feb 2025 လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ မြန်မာပြည်ထဲက သူ့အကျိုးစီးပွားတွေကို စစ်ကောင်စီတပ်တွေက ကာကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်ကယုံကြည်ပြီးတဲ့နောက်မှာ သူ့ရဲ့လုံခြုံရေးကုမ္ပဏီတွေကို ပို့ချင်ခဲ့တာ ဖြစ်ပါတယ်။ ... အဖွဲ့စုံအရောင်စုံတိုက်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ မျက်နှာသစ်လက်နက်ကိုင်တွေ ထပ်တိုးလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာမှာ သေချာနေပါတယ်။
21 Feb 2025 ခြံစည်းရိုးပေါ်က တော်လှန်ရေး အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို ပြန်မတိုက်ဘဲ စောင့်ကြည့်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ ရှိပါတယ်။ အဲဒီလို အဖွဲ့တွေကို free rider တွေလို့ မှတ်ချက်ပြုကြတာ ရှိပါတယ်။ ရေသာခို လှေကြုံစီးသူလို့ ခေါ်ရမယ်ထင်ပါတယ်။
19 Feb 2025 ကျားဖြန့်ကွန်ရက် – မြန်မာနှင့် ဒေသတွင်းက ခြစားမှုအင်ပါယာ အရှေ့တောင်အာရှအတွင်းမှာ တရုတ်လူမျိုးတွေ ခေါင်းဆောင်တဲ့ ကျားဖြန့်ကွန်ရက်ဟာ ဆိုက်ဘာလိမ်လည်တဲ့ ရာဇဝတ်မှုတခုသာမကဘဲ ဒေသတွင်း ခြစားမှုပြဿနာလည်း ဖြစ်ပါတယ်။ ... တနေရာမှာ ဖြိုခွင်းလိုက်ရင် နောက်တနေရာကို ရွှေ့သွားပြီး နည်းပညာအသစ်တွေနဲ့ ပြန်ပေါ်လာပါလိမ့်မယ်။
12 Feb 2025 ဇော်ဂျီမျှော်ရည်သော ပြည်ထောင်စု ဘယ်တုန်းကမှ မဖြစ်ခဲ့ပါ အင်အားကြီးတိုင်း ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ သရုပ်သကန်ကို အင်အားနဲ့ ဖိပြီး ကျင့်သုံးစေတာက ပဒေသရာဇ်ခေတ်ရဲ့ သဘာဝပါ။ ပြည်ထောင်စုဆိုတဲ့ နာမ်ဟာ ဒီလိုရေခံမြေခံ၊ ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နိုင်ဖို့ မရှိပါဘူး။
4 Feb 2025 စစ်ခေါင်းဆောင် မဖွင့်ရဲသော တံခါးတချပ် ရွေးကောက်ပွဲသာ ဖြစ်မြောက်ခဲ့ရင် ချုပ်ကိုင်ထားတဲ့ အာဏာတွေကို ပြန်ခွဲပေးရမှာဖြစ်ပြီး ဒီအခါ ‘အာဏာစင်ပြိုင်’တွေ ပေါ်လာမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကနေ အကျိုးအမြတ်အနည်းဆုံးရမှာက သူဖြစ်နေလို့ပါပဲ။
27 Jan 2025 မြ၀တီတကြောက ကျားဖြန့်နှိမ်နင်းရေး – ကြံ့ကြီးတကောင်တော့ ပြေးလာနေပြီ ဘယ်သူနဲ့ပေါင်းပြီး ဘယ်သူက ပစ်မှတ်ထားခံရမလဲ၊ ဘယ်သူတွေ ထိုးကျွေးခံရမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။