Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
24 Feb 2026 အာရက္ခကို စွန့်ခွာခြင်း သူချစ်တဲ့ အာရက္ခဒေသဟာ အနောက်မှာ တရွေ့ရွေ့ ကျန်ခဲ့ပြီ။ စားဝတ်နေရေးအောက်မှာ ထက်သန်လွန်းတဲ့ မျိုးချစ်စိတ်နဲ့ ဇာတိမာန်တွေ တိုက်စားခံလိုက်ပြီလား။ ကိုယ်လွတ်ရုန်းခဲ့တဲ့သူ့ကို နောက်မျိုးဆက်တွေ ခွင့်လွှတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ပဲ အတားအဆီးတွေ၊ အဖမ်းအဆီးတွေကြားကနေ အာရက္ခကို သူစွန့်ခွာခဲ့ရပြီ….။
13 Feb 2026 ဝိပတ္တိနေ့စွဲများ မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။
20 Jan 2026 အိုင်စီဂျေသို့ သဲတပွင့် မတရားမှုတွေကို ကာယကံမြောက်မကျူးလွန်ခဲ့ပေမဲ့ ဒီလိုကျူးလွန်မှုတွေကို တရားဝင်စေဖို့ လူမျိုးတမျိုးအပေါ် ကျနော့်ရဲ့ ကြောက်တဲ့စိတ်၊ မုန်းတဲ့စိတ် စတဲ့ ‘ပုံသေသတ်မှတ်ချက်’တွေဟာလည်း အုတ်တချပ်သဲတပွင့် ပါဝင်အားဖြည့်နေခဲ့ကြလေရဲ့။
8 Jan 2026 အငှားပါးစပ်ဖြင့် ပုံပြောကြရာဝယ် တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူတွေ အဖမ်းခံနေရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်မပြောဆိုရဲတာဟာ တော်လှန်ရေးအရှိန်နည်းသွားမယ်ဆိုတဲ့ ပုံပြောဆရာရဲ့ တွန်းအားတွေပါပဲ။
16 Dec 2025 ဆီးရီးယားလွတ်မြောက်ရေးနေ့နှင့် မပြီးဆုံးသေးသည့် မြန်မာ့နွေဦး ဒမတ်စကတ်တွင် မီးရှူးမီးပန်းများသည် ကောင်းကင်ယံတွင် လင်းဝေနေသည်။ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒုက္ခသည်ထောင်ပေါင်းများစွာ ပြန်လာနေကြသည်။ မြန်မာပြည်၏ ညများသည် ဖယောင်းတိုင်၏အလင်းရောင်နှင့် စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်များ၏ အသံများဖြင့် ပြည့်နေသည်။
27 Nov 2025 သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များ စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။
21 Nov 2025 အသားကျသွားသော အမှောင်- ရာမညမြေက အံစာတုံးသံများ စည်ကားလှတဲ့ ဘုရားပွဲတော်တွေရဲ့ အလယ်မှာ အရင်က သိုသိုသိပ်သိပ်ရှိခဲ့တဲ့ အရာတခုက ဒီကနေ့မှာတော့ ပိုပြီးထင်သာမြင်သာနေသလို လူတွေကလည်း အသားကျနေကြတာကို မြင်ရတာ အတော်အံ့သြခဲ့ရပါတယ်။ အဖေကတောင် ပြောသေးတယ် “သားငယ်လေး၊ တပွဲလောက် ဆော့ချင်လား” တဲ့...။
13 Nov 2025 ဤခရီး ဝေးလှသည် တကယ်ဆို...လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။
7 Nov 2025 မေတ္တာရပ်လူတန်းစား ထွန်းကားလာသည့် ရက္ခိုင်ပြည် စစ်ရေးအောင်ပွဲတွေကို ချီးကျူးထောပနာပြုနေကြပေမဲ့ စစ်ဘေးဒဏ်သင့်သူတွေရဲ့ အသံနဲ့ လူမှုဒုက္ခပြဿနာတွေကို အချက်အလက်၊ ကိန်းဂဏန်တွေနဲ့ ကိုင်ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက္ခိုင်ပြည်သူတွေထဲမှာ ဒုက္ခတောင်လိုပုံပြီး စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ တပုံတပင်ကြီးပါ။
24 Oct 2025 တော်လှန်ဘုရား အဆူဆူနှင့် နွေဦး၏ စက်ခေါင်းများ ပြောလည်း ပြော၊ ကြောက်လည်း ကြောက်ရသည်။ ပွင့်တော်မူကုန်ပြီးသော တော်လှန်ဘုရားများ၊ ပွင့်တော်မူလတ္တံ့သော ဗျာဒိတ်တော်ရ ကိုယ်တော်များ ရွှေစိတ်တော် ငြိုငြင်မှာစိုးသည်။ ထို့ကြောင့် ဤစာစုကို ဖတ်မိရင်း “ငါ့များ ပြောနေသလား”ဟု တွေးမိကုန်ကြလျှင် “ဟုတ်တယ် ခင်ဗျားကို ပြောနေတာပါပဲခင်ဗျာ”ဟူ၍ တဦးဆိုင်နာမ် တွေးပေးစေလိုသည်။
25 Sep 2025 ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ် ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။
16 Sep 2025 ကျမတို့သည် သစ်ကုလားအုတ်များ မဟုတ်ပါ ကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။
11 Sep 2025 ဘီယာမရှိသော ရခိုင်ပြည် တောအရက်အနည်းငယ်ကို လက်ညှိုးမှာ ဆွတ်ပြီး မီးရှို့ကြည့်တဲ့အခါ ဟုန်းခနဲ မီးထတောက်တတ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းနေတာဟာ မက်သနောဓာတ်များစွာပါနေတဲ့ အဆိပ်ငွေ့ဖြစ်တယ်...ဆိုတော့ မိတ်ဆွေတို့ အာရက္ခဒေသသို့ အလည်လာခဲ့ရင် ရှိတာလေးနဲ့ပဲ တည်ခင်းဧည့်ခံပါရစေလို့… ။
28 Aug 2025 ရယ်စရာပြောတာ မရယ်လိုက်ရဘူး တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့။
16 Jul 2025 နှစ်ပေါင်းနှစ်ရာ ပြည့်တော့မည့် အထီးကျန်မြို့ လက်နက်နဲ့ အာဏာကိုပြကာ ကျောမွဲတွေဆီက ရသမျှခြစ်ထုတ် အမြတ်ယူကြသူတွေက ရာထူး၊ ဂုဏ်ရှိန်အတွက် မြို့ကလေးကို ညှဉ်းပန်းကြတယ်၊ မြို့ခံတွေ မွဲပြာကျတယ်။ ကျောင်းတွေ အဓမ္မဖွင့်တယ်၊ မြို့ခံတွေ ငတ်ပြတ်ကြတယ်။ အုပ်ချုပ်ရေးရုံးတွေ အဓမ္မဖွင့်ကြတယ်၊ မြို့ခံတွေ မျက်ရည်ကျကြတယ်၊ အဓမ္မသတင်းစာတွေထဲ မြို့ကလေးရဲ့ ရိက္ခာတွေပါလာတတ်တယ်။