Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
27 Jul 2026 ‘ငါမှန်-သူမှား’ နောက်ကွယ်က အာရက္ခဒေသ မြေပြင်အမှန်တရားနှင့် ပကတိအမြင် လူသားချင်းစာနာမှုနဲ့ တဦးချင်းလွတ်လပ်ခွင့်အရ ကိုယ့်ကိုယ်ကိုယ် သီးသန့်အမည်တခု ခံယူခေါ်ဝေါ်လိုတာကို နားလည်ပေးနိုင်ပေမဲ့ အဲဒီအမှတ်အသားကို အခြေပြုပြီး ဝေသာလီနဲ့ မြောက်ဦးလို ဒေသခံတွေရဲ့ သမိုင်းဝင်နယ်မြေတွေနဲ့ ဌာနေသမိုင်းကြောင်းတွေကို ပုံဖျက်တာ၊ နိုင်ငံရေးအရ နယ်မြေခွဲဝေပိုင်ဆိုင်ခွင့်အထိ တောင်းဆိုလာတာကိုတော့ ဒေသခံလူထုအနေနဲ့ ဘယ်လိုမှလက်ခံနိုင်မှာ မဟုတ်ပါဘူး။
14 Jul 2026 ‘ငါမှန်-သူမှား’ အမြင်ကို ပြန်လည်သုံးသပ်ခြင်း – သမိုင်း၊ ဥပဒေနှင့် လူသားချင်းစာနာမှု ရခိုင်နဲ့ ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နှစ်ဖက်စလုံးရဲ့ နာကျင်ခံစားရမှုတွေကို အပြည့်အဝ အသိအမှတ်ပြုပြီး အာဏာမညီမျှမှုကို ဖြေရှင်းဖို့ပါပဲ။ ‘ငါမှန်-သူမှား’ ဆိုတဲ့ အမြင်ကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက နစ်နာသူတွေရဲ့ အသံကို နားထောင်ပေးခြင်းပါပဲ။ ... တရားမျှတမှုနဲ့ လူသားချင်းစာနာမှုကို အခြေခံတဲ့ ချဉ်းကပ်မှုမျိုးနဲ့မှသာ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
4 Jul 2025 ကိုယ့်ဓားဖြင့်ကိုယ် တရားစီရင်စရာမလိုသောစနစ် ဘယ်သူတွေက ဘယ်တရားစီရင်ရေးစနစ်ကို အခြေခံပြီး လည်ပတ်ကြမလဲဆိုတာမျိုးတွေ တိတိကျကျ မဖော်ဆောင်နိုင်သေးသရွေ့ ပြည်သူတွေကတော့ လူမှုပြစ်ဒဏ်ကိုပဲ မရှိသုံး သုံးနေကြရဦးမယ့်သဘော ရှိပါတယ်။ ကိစ္စတခုခု၊ ဖြစ်ရပ်တခုခုပေါ်ပေါက်လာရင် ဆိုရှယ်မီဒီယာမှာ ဝိုင်းအော်ကြ၊ ဝိုင်းဝန်းမျှဝေကြတာကလည်း ဒီသဘောပါပဲ။
23 Jun 2025 စီသုံးဦးနေသော အိမ် စီဒီအမ် ဥပဒေ ထွက်လာချိန်မှာ ပိုနေမြဲ ကျားနေမြဲ ကျမနဲ့ စီဒီအမ်လုပ်ရင်း အကျိုးရှိသွားတဲ့ အစ်မက လူ့အခွင့်အရေးတွေနဲ့ ချိန်ထိုးပြီး ဒီဥပဒေကို ဝေဖန်ဖြစ်ကြပေမဲ့ နစ်နာခဲ့ရသူ အစ်မရှေ့မှာတော့ ပြောမထွက်ပါဘူး။
19 May 2025 စီဒီအမ် သို့မဟုတ် မျှော်လင့်ချက်အလင်းရောင် စီဒီအမ်လုပ်ခဲ့တာကြောင့်မလို့ ဘဝတွေ၊ မျှော်လင့်ချက်တွေ ကြွေလွင့်ခဲ့ရတာမဟုတ်ဘဲ အတင်းအဓမ္မ အာဏာသိမ်းခဲ့ခြင်းကြောင့်သာ ပြည်သူလူထုအနေနဲ့ နောက်ဆက်တွဲ လူမှုစီးပွားပြဿနာတွေ ရင်ဆိုင်ရတာဖြစ်ပါတယ်။
14 Mar 2025 အမယ်ဘုတ်ကယ် သူ့ချည်ခင် ဘယ်သူရှင်းလို့ ရှုပ်ရတယ်လေး CDM တွေကို စော်ကားလိုခြင်းအလျဉ်းမရှိပါဘူး၊ ဒါပေမဲ့ သက်လုံမကောင်းလို့ ရေရှည်မပါနိုင်သူကို မာရသွန်ပြေးပွဲထဲ ဇွတ်တွန်းလွှတ်လိုက်သလိုဖြစ်ခဲ့ပါတယ်။ လမ်းခုလတ်မှာတင် အမောဖောက်ကြရသူတွေ၊ အသက်ပျောက်သူတွေ မနည်းမနောပါ။