ISP Mapping
By ISP Admin /
on March 15, 2024

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဦးတည်ဝင်ရောက်ရာ လမ်းကြောင်းများ

တရုတ်-မြန်မာနယ်စပ်တလျှောက် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကျိုင်းတုံ စသည့် မြို့ပေါင်းခုနစ်မြို့၌ ကျားဖြန့်လုပ်ငန်းပေါင်း ၃၅ ခုထက်မနည်း ရှိခဲ့သည်။
By ISP Admin /
on March 15, 2024

PSLF/TNLA က သိမ်းယူထိန်းချုပ်ထားသော နယ်မြေများ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ‘စစ်ဆင်ရေး ၁၀၂၇’ဖြင့် သိမ်းယူထိန်းချုပ်ခဲ့သော နယ်မြေများ၊ ‘စစ်ဆင်ရေး ၁၀၂၇’ မတိုင်မီ TNLA လှုပ်ရှားထိန်းချုပ်ထားသော နယ်မြေများနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့က ထိန်းချုပ်စိုးမိုးထားသော နယ်မြေများကို ဖော်ပြထားခြင်းဖြစ်သည်။
By ISP Admin /
on March 15, 2024

တအန်း(ပလောင်) မျိုးဆက်ဟောင်းများ၏ ‘နယ်မြေအိပ်မက်’

၁၉၆၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့/ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော် (PSLO/PSLA) စိုးမိုးလှုပ်ရှားခဲ့သည့် ဒေသများနှင့် ၁၉၉၃-၉၄ ခုနှစ် အမျိုးသားညီလာခံတွင် အပစ်ရပ် PSLO အဖွဲ့က တောင်းဆိုခဲ့သော နယ်မြေများဖြစ်ပါသည်။
By ISP Admin /
on January 19, 2024

ရခိုင်မြောက်ပိုင်းရှိ အဓိကစခန်းများကို ရက္ခိုင့်တပ်တော် သိမ်းယူ

‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများပြန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၂ ခုထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့သည်။
By ISP Admin /
on January 19, 2024

လောက်ကိုင်မြို့ကို သိမ်းယူပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များက ‘စစ်ဆင်ရေး ၁၀၂၇’ ကို စတင်ခဲ့ပြီး စစ်ဆင်ရေး၏ ဦးတည်ရာဖြစ်သော လောက်ကိုင်မြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။