၂၀၂၄ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး အကြောင်းအရာ ၁၀ ခု

On January 17, 2025


အယ်ဒီတာမှတ်စု

၂၀၂၄ ခုနှစ်ကတော့ ကုန်လွန်ခဲ့ပါပြီ။ ပြီးခဲ့တဲ့တနှစ်တာအတွင်း မြန်မာပြည်သူပြည်သားတွေဟာ ရန်သူမျိုးငါးပါးရဲ့ နှိပ်စက်ဖျက်ဆီးမှုဒဏ်ကို အလူးအလဲခံခဲ့ကြရပါတယ်။ ဒါ့အပြင် ကပ်ကြီးသုံးပါးနဲ့မခြားတဲ့ ကပ်ဆိုး၊ ဘေးဆိုးတွေကိုလည်း ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါတယ်။ လူတဦးချင်းစီမှာ နေ့စဉ်ဘ၀ငြိမ်းချမ်းရေးဆိုတာလည်း မရှိပါဘူး။ လူမှုစီးပွားဒုက္ခအဖုံဖုံကလည်း ဖိစီးထားတယ်။ စစ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေကြားထဲ ဘ၀ရှင်သန်ရပ်တည်နိုင်ဖို့ လူးလွန့်ရုန်းကန်နေရတာ မလွယ်ပါဘူး။ မြန်မာပြည်လူထုရဲ့ ဒုက္ခတွေကို ISP-Myanmar က စာနာနားလည်ပါတယ်။ ဘယ်လိုအခြေအနေဆိုးပဲ ကြုံကြုံ၊ ဘယ်လောက်ပဲ ကြံ့ကြံ့ခံနိုင်စွမ်းရှိရှိ ‘တဦးချင်းဆို လှိမ့်ခံ၊ အဖော်နဲ့ဆို တွန်းလှန်’ ဆိုသလိုပဲ လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း အပြန်အလှန်စောင့်ရှောက်မှုတွေ၊ ကျောချင်းကပ် စိတ်ခွန်အားပေးခြင်းတွေနဲ့ပဲ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီတပတ် ISP Insight Email ကို အထူးထုတ်အဖြစ် ပြင်ဆင်ထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ISP-Myanmar က ထုတ်ဝေဖြန့်ချိခဲ့တာတွေကို အခြေပြုပြီး ပရိသတ်တွေရဲ့ စိတ်ကြိုက်ဖြစ်မှုတွေကို ပြန်ပြောင်းပြောပြချင်တာပါ။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့အရေး သုတေသနပြုလေ့လာချက်တွေကို အခြေခံထားတဲ့ အကြောင်းအရာပေါင်း ၅၅၇ ခုကို ISP-Myanmar က ဖြန့်ချိခဲ့ပါတယ်။ တုံ့ပြန်မှုများစွာကိုလည်း ရရှိခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတခုတည်းမှာတင် ကြည့်ကြ/ဖတ်ကြတာ ၄၈ သန်းကျော်အထိ ရှိခဲ့ပါတယ်။ သဘောမျှ၊ ဝေဖန်အကြံပြု၊ မျှဝေခဲ့ကြတဲ့ တုံ့ပြန်မှုပေါင်း ၃ ဒသမ ၆ သန်းကျော်ရှိပါတယ်။ ဒါတွေဟာ ရှေ့ဆက်ဖို့ရာလည်း ခွန်အားဖြစ်စေပါတယ်။ တိုင်းပြည်အရေး ဖြေရှင်းကြတဲ့အခါ လက်ရုံးရည်သာမက ဉာဏ်ခွန်အားကိုပါ လက်ကိုင်ပြုနိုင်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် ဖြန့်ဖြူးသူနဲ့ ရယူသူဆိုတာဟာလည်း ‘ကိုင်း ကျွန်းမှီ၊ ကျွန်း ကိုင်းမှီ’ အညမညသဘော ဆောင်ပါတယ်။ တခုမရှိရင် တခုမှာ ရပ်တည်စရာလမ်းမမြင်ပါဘူး။ ISP-Myanmar ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း အလေးအနက်ပြောပါရစေ။

၂၀၂၄ ခုနှစ်အတွင်း ဖော်ပြခဲ့တာတွေထဲက ပရိသတ် စိတ်အတွေ့ဆုံးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြီးထုတ်နုတ်ဖော်ပြတဲ့အခါ ဆိုရှယ်မီဒီယာတွေမှာသာမက ISP-Myanmar ရဲ့ အမာခံပရိသတ်တွေလို့ဆိုနိုင်တဲ့ ‘ISP ကပြင်ရပ်ဝန်း’က ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေရဲ့ အကြိုက်တွေ့မှုတွေကိုပါ အခြေခံထားပါတယ်။ ‘၂၀၂၄ ခုနှစ် တနှစ်တာအတွင်း ကိန်းဂဏန်း များကပြောသော ISP-Myanmar အကြောင်း’ကို ဦးစွာကြည့်စေချင်ပါတယ်။



ဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ISP-Myanmar ရဲ့ သုတေသနပြု ပိုင်းခြားစိတ်ဖြာ သုံးသပ်မှုတွေအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အတိုင်းအတာကို ရည်ညွှန်းနေပါတယ်။ အဲဒါတွေနဲ့အတူ ယှဉ်တွဲဖော်ပြခဲ့တဲ့ အကြောင်းအရာ ၁၀ ခုကိုလည်း တခုချင်းစီ အကျဉ်းသဘောဆက်ပြီးဖော်ပြပါမယ်။ ၂၀၂၅ ခုနှစ်မှာလည်း အဲဒီအကြောင်းအရာတွေကို နက်နက် ရှိုင်းရှိုင်းဖြစ်အောင် ဆက်လက်လေ့လာပြီး မျှဝေနေဦးမှာပါ။ ဒါ့အပြင် အခြားအရေးပါတဲ့ လေ့လာမှုတွေကိုလည်း ဖော်ပြသွားပါဦးမယ်။ ၂၀၂၄ ခုနှစ်ကတော့ မလွယ်ကူခဲ့ပါဘူး။ ၂၀၂၅ ခုနှစ်ဟာ အားလုံးအတွက် ဘေးကင်းလုံခြုံပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ နှစ်တနှစ်ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။





၁။ နေပြည်တော်လိုဂျီ


၂။ တရုတ်-မြန်မာဆက်ဆံရေးအပေါ်မြန်မာ့လူကျော်လူမော်များ၏အမြင်


၃။ လုပ်ငန်းစဉ်ဗျူဟာ လိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း


၄။ ဘေးနှစ်သွယ် အမြွှာဆင့်ချိန်


၅။ မင်းပျိုမင်းလွင်များ စန်းထချိန်


၆။ စကားပြောသောဒေတာ – မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင်တင်ပြခြင်း


၇။ တရုတ်နည်းတရုတ်ဟန် ဆန်ရှင်


၈။ နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည်


၉။ အနာဂတ်ဖက်ဒရယ်တပ်မတော် ဘယ်လိုရှိမလဲ


၁၀။ မြန်မာ့ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ – စီးပွားမက်လုံးအပေါ်အခြေခံ​သော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ်





Add Comment

3 Responses

Leave a Reply

Your email address will not be published. Required fields are marked *