ဒေတာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု မူဝါဒ

(ISP-Myanmar’s Data Privacy Policy)

စတင်အသက်ဝင်သည့်နေ့ –  စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။  

ISP-Myanmar မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါသည်။ 

စာဖတ်သူအနေဖြင့် ယခုဖော်ပြထားသော ဒေတာလုံခြုံမှုမူဝါဒကို ဂရုတစိုက် ဖတ်ရှုစေချင်ပါသည်။ ISP-Myanmar ဝက်ဘ်ဆိုက်များသို့ လာရောက်ကြည့်ရှု အသုံးပြုခြင်းအပါအဝင် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းခြင်းတို့အား လုပ်ဆောင်လိုက်သည်နှင့် တပြိုင်နက် အောက်၌ ဖော်ပြထားသော အချက်အလက်များကို လက်ခံလိုက်ခြင်းဟု  ISP-Myanmar က မှတ်ယူပါသည်။ 

ISP-Myanmar အနေဖြင့် အခြေအနေ၊ အချိန်အခါနှင့် လျော်ညီသော မူဝါဒပြင်ဆင်မှုများကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပြင်ဆင်ပြီးဖြစ်သည့် မူဝါဒများကို ယခုစာမျက်နှာမှာပင် ဖော်ပြသွားပါမည်။ ISP-Myanmar ၏ ဝက်ဘ်ဆိုက်များကို ဆက်လက်အသုံးပြုခြင်းသည် ထိုပြင်ဆင်ချက်များအား လက်ခံခြင်းပင် ဖြစ်သည်ဟု ISP- Myanmar က ယူဆပါသည်။ 

 

သတင်း အချက်အလက်စုဆောင်းမှု

(User Information Collection)

ISP-Myanmar ၏ ဝက်ဘ်ဆိုက်နှင့် ISP ကပြင်ရပ်ဝန်းတို့တွင် လူတဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို လေးစားသောအားဖြင့် သုံးစွဲသူများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များအား အနည်းဆုံးသာ စုဆောင်းရယူမည် ဖြစ်သည်။

 

ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် နှင့် ဝက်ဘ်ဆိုက်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များကို အသုံးပြုပုံ

(Use of Personal Information and Usage Data) 

ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အခြားသတင်းအချက်အလက်များကို အောက်ပါအကြောင်းရပ်ကိစ္စများမှလွဲ၍ အခြားမည်သည့်အတွက်မျှ အသုံးချမည် မဟုတ်ပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အခြားသတင်းအချက်အလက်များဟု ဆိုရာတွင် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းရာ၌ ဖြည့်စွက်သော အချက်အလက်များကိုသာ ဆိုလိုပါသည်။ ဝက်ဘ်ဆိုက်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များဆိုသည်မှာ ISP-Myanmar ၏ ဝက်ဘ်ဆိုက်နှင့် ISP ကပြင်ရပ်ဝန်းသို့ လာရောက်ကြည့်ရှုသည့်အခါ အသုံးပြုသည့် နည်းပညာဆိုင်ရာအချက်အလက်များ ( ဥပမာ- browser အမျိုးအစား၊ လာရောက်လည်ပတ် ကြည့်ရှုမှုအကြိမ်ရေနှင့် အခြားသော အချက်အလက်များ စသဖြင့်) ကို ဆိုလိုပါသည်။

  • ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်များအား ဆက်သွယ်ရာတွင် အသုံးပြုပါမည်။ ဥပမာ- ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းချိန်တွင် ထည့်သွင်းခဲ့သော အီးမေးလ်အပါအဝင် ဆက်သွယ်ရန် နည်းလမ်းများထံသို့ သုတေသနဆိုင်ရာ အချက်အလက်များ ပေးပို့ခြင်း၊ ဆွေးနွေးပွဲများ၌ ပါဝင်ရန် ဖိတ်ကြားခြင်းနှင့် အလျဉ်းသင့်သော ထုတ်ပြန်ချက်များအား ပေးပို့ခြင်းတို့တွင် အသုံးပြုခြင်းကို ဆိုလိုပါသည်။ 
  • ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်များက တောင်းဆိုသော အချက်အလက်များကို တောင်းဆိုသည့် အဖွဲ့ဝင်များထံသို့ ပြန်လည် အကြောင်းပြန်၊ မျှဝေပေးခြင်း ကိစ္စရပ်များ၌လည်း အသုံးပြုပါမည်။ 
  • ISP-Myanmar ၏ ဝက်ဘ်ဆိုက်များ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရာ၌ လိုအပ်သလို အသုံးပြုပါမည်။  

 

တတိယအဖွဲ့အစည်းများသို့ ဖွင့်ဟပေးမှု

(Third Party Disclosure)

လူပုဂ္ဂိုလ်တဦးချင်းအား အမှတ်အသားပြုနိုင်သော တဦးချင်းစီ၏ အချက်အလက်များကို မည်သည့် တတိယအဖွဲ့အစည်းများထံ လုံး၀ (လုံး၀) ပေးပို့မည်မဟုတ်ပါ။ သို့ရာတွင် လုံးပေါင်းကိန်းဂဏန်း (Aggregate data) များ ( ဥပမာ- ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင် အရေအတွက် စုစုပေါင်း၊ ကျား-မ လိင်ခံယူမှုအချိုး စသဖြင့်) ကိုသာ အစီရင်ခံစာများအတွက် အသုံးပြုပါမည်။ ရံဖန်ရံခါ အဆိုပါ လုံးပေါင်းအချက်အလက်များအား အများပြည်သူထံသို့ ချပြပါမည်။  

 

သတင်းအချက်အလက် ကာကွယ်ပေးမှု

(Information Protection)

အမြင့်ဆုံး ထိန်းသိမ်းထားရှိမည် ဖြစ်ပါသည်။ 

 

အသုံးပြုသူ၏ အခွင့်အရေး

(Rights of Users)

ISP-Myanmar ၏ ဝက်ဘ်ဆိုက်၊ ISP ကပြင်ရပ်ဝန်းတို့ကို အသုံးပြုသူများအနေဖြင့် သတ်မှတ်ထားသော ရပိုင်ခွင့်များ ရှိပါမည်။ ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင် တဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များအား အဖွဲ့ဝင်များကိုယ်တိုင် အချိန်မရွေး တည်ဖြတ်ပြင်ဆင်နိုင်ပါသည်။ ပြင်ဆင်ရာ၌  အခက်အခဲရှိပါက [email protected] သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါသည်။ ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် အချိန်မရွေး ရပ်စဲလိုပါက ရပ်စဲပိုင်ခွင့်ရှိသည့်နည်းတူ၊ အပတ်စဉ်ပေးပို့သော အီးမေးလ်များအား လက်ခံလိုခြင်း မရှိပါကလည်း “unsubscribe” လုပ်၍ ငြင်းပယ်နိုင်ပါသည်။  

 

ကူကီးများ

(Cookies)

ဝက်ဘ်ဆိုက်များတွင် အသုံးပြုလေ့ရှိကြသော Cookies, Flash cookies, Pixels, Tags, Software development kits, Application program interface, Web beacons များအား မသုံးသလောက် ဖြစ်ပါသည်။ ယင်းတို့မှတဆင့် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်များ၏ အချက်အလက်များကို ရယူရန် မရှိပါ။

 

အပြောင်းအလဲများ အသိပေးချက်
(Notification of Changes)

အပြောင်းအလဲများရှိပါက ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်များထံ တာဝန်သိစွာ အသိပေးပါမည်။

 

ဆက်သွယ်ရန် အီးမေးလ်
(Contact Information)

လိုအပ်ပါက [email protected]  ထံ  အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

 

အကြံပြုချက်  

အောက်မှာ ပါရှိတဲ့လင့်ခ်တွေကို မနှိပ်ခင် အဆင့်အားလုံးကို ပထမဆုံး သေချာဖတ်ရှုဖို့ အကြံပြုပါတယ်။ အဆင့်တွေကို မှတ်မိအောင် Screenshot ပုံရိုက်၍ ဖြစ်စေ၊ တနေရာရာမှာ မှတ်သားပြီး ဖြစ်စေ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။  

 

ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ်မှ ကိုယ်တိုင်ရပ်စဲလိုပါက  

 ၁။ ယခု လင့်ခ်ကိုနှိပ်၍ “Delete” နှိပ်ခြင်းဖြင့် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲနိုင်ပါတယ်။ https://ispmyanmar.com/community/account/delete/  

၂။ “Delete” နှိပ်ခြင်းဖြင့် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲလိုက်ပါက စာဖတ်သူရဲ့ ကပြင်ရပ်ဝန်းဆိုင်ရာ အချက်အလက်များ အားလုံးကို ဖယ်ရှားဖျက်ဆီးလိုက်ခြင်း ဖြစ်ပါတယ်။  

 

 ဆိုရှယ်မီဒီယာ မှ တဆင့် စာရင်းသွင်းခဲ့ပါက 

 လျှို့ဝှက်နံပတ် (password) ကို ပထမ ပြုလုပ်ဖို့ လိုပါတယ်။ ဒီလင့်ခ် https://ispmyanmar.com/community/forget-password/  ကနေ တဆင့်ပြီးတဆင့် လုပ်ဆောင်နိုင်ပါတယ်။  

 

Facebook ကနေ ဝင်ရောက်ခွင့်ကို ဖယ်ရှားခြင်း (Removing access permission from Facebook)  

Facebook ရဲ့ ဒီလင့်ခ် https://www.facebook.com/help/170585223002660 မှာလည်း အဆင့်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။  

Computer တွင်  

  1. Facebook စာမျက်နှာရဲ့ ညာဘက်ထိပ်မှာရှိတဲ့ မိမိရဲ့ ပရိုဖိုင်ပုံကို နှိပ်ပါ။
  2. “Setting and privacy” ကို ရွေးပြီး “Setting” ကိုနှိပ်ပါ။  
  3. ဘယ်ဘက် ရွေးချယ်စရာ ‘မီနူးက “Apps and websites” ကို နှိပ်ပါ။   
  4. ISP Myanmar Membership SSO” ကို ရှာပါ။  
  5. “Remove” ကိုနှိပ်ပါ။  

 

Facebook မိုဘိုင်း အက်ပလီကေးရှင်းတွင်  

  1. Facebook စာမျက်နှာရဲ့ ညာဘက်ထိပ်မှာရှိတဲ့ ရွေးချယ်စရာ ‘မီနူးကို နှိပ်ပါ။  
  2. အောက်မှာရှိတဲ့ “Setting and privacy” ကို ရွေးပြီး “Setting” ကိုနှိပ်ပါ။  
  3. “Permission” အပိုင်းက “Apps and websites” ကို နှိပ်ပါ။ 
  4. ISP Myanmar Membership SSO” ကို ရှာပါ။  
  5. “Remove” ကိုနှိပ်ပါ။  

 

မိုဘိုင်း Browser တွင်  

  1. Facebook စာမျက်နှာ ရဲ့ အောက်ဆုံးကိုသွားပြီး “Setting and privacy” ကို နှိပ်ပါ။  
  2. “Security” တွင် “Apps and websites” ကို နှိပ်ပါ။  
  3. မိမိ ဖယ်ရှားချင်တဲ့ “App သို့မဟုတ် Game” ကို နှိပ်ပါ။ 
  4. ISP Myanmar Membership SSO” ကို ရှာပါ။  
  5. “Remove” ကိုနှိပ်ပါ။  

 

Google ကနေ ဝင်ရောက်ခွင့်ကို ဖယ်ရှားခြင်း (Removing access from Google 

Google ရဲ့ ဒီလင့် https://support.google.com/accounts/answer/3466521?sjid=18428353050439016960-AP 

မှာလည်း အဆင့်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။   

  1. မိမိရဲ့ Google Account Security အပိုင်းကို သွားပါ။  
  2. “Third-party apps with account access” အောက်တွင် “Manage third-party access” ကို နှိပ်ပါ။  
  3. ISP Myanmar Membership SSO” ကို ရှာပါ။  
  4. “Remove Access” ကိုနှိပ်ပါ။