စည်းကမ်းသတ်မှတ်ချက်များ
(Terms and Conditions) 

ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းခြင်း

(ISP-Myanmar’s Gabyin Membership Registration)  

ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်ဖြစ်ရန် စာရင်းသွင်းရာ၌ လူမျိုး၊ ဘာသာ၊ ကျား-မ လိင်ခံယူမှု၊ နိုင်ငံရေး အမြင်မတူမှု စသည်တို့အပေါ် ချိုးနှိမ်ခွဲခြား စော်ကားသည့် အမုန်းစကားများ ပြောဆိုခြင်းမပြုရသည့် စည်းကမ်းကို လိုက်နာရန်သာ လိုအပ်ပါသည်။

အသုံးပြုခွင့်

(Use Of Materials) 

ISP-Myanmar ဝက်ဘ်ဆိုက်နှင့် ISP ကပြင်ရပ်ဝန်းတို့တွင် ဖော်ပြထားသော သတင်းအချက်အလက်များ၊ ဆန်းစစ်သုံးသပ်ချက်များ၊ ညွှန်းပြမြေပုံများနှင့် ဖော်ပြချက်များအားလုံးသည် ISP-Myanmar (သို့မဟုတ်) ISP-Myanmar က ရည်ညွှန်းထားသောသူများ၏  မူပိုင်ဖြစ်ပါသည်။ ISP-Myanmar ၏ အခြားသော ဝက်ဘ်ဆိုက်များနှင့် ISP ကပြင်ရပ်ဝန်းအပါအဝင် ISP-Myanmar ၏ ဆိုရှယ်မီဒီယာစာမျက်နှာများတွင် အမျိုးမျိုးသော ဖော်ပြချက်များကို အများပြည်သူ ကြည့်ရှုနိုင်ရန်၊ မှတ်သားသိမ်းဆည်းနိုင်ရန် မျှဝေထားပါသည်။ သို့ရာတွင် ISP-Myanmar ၏ ခွင့်ပြုချက်မရရှိဘဲ ISP-Myanmar က ဖော်ပြထားသည့် အမျိုးမျိုးသော အချက်အလက်များကို အခကြေးငွေဖြင့် ပြန်လည်ရောင်းချခြင်း၊ ပြုပြင်၍ ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းတို့အား ခွင့်မပြုပါ။  

အထူးရှင်းလင်းချက်

(Disclaimer) 

ISP-Myanmar ၏ ဝက်ဘ်ဆိုက်များနှင့် ISP ကပြင်ရပ်ဝန်းတို့၌ တင်ပြထားသော အချက်အလက်များကို အချိန်နှင့်တပြေးညီဖြစ်စေရန် တတ်စွမ်းသမျှ လုပ်ဆောင်ထားပါသည်။ သတင်းအချက်အလက်များအား ဖော်ပြထားသည့်ရက်စွဲများအတိုင်း အပြည့်စုံဆုံးနှင့်အမှန်ကန်ဆုံး ဖြစ်စေရန် အားထုတ်ထားပါသည်။ သို့ရာတွင် အကန့်အသတ်များ ရှိနိုင်သည်ကို သတိပြုစေချင်ပါသည်။ ထိုနည်းတူ လိုအပ်ပါက ပြင်ဆင်ချက်များကို ပြုလုပ်သွားပါမည်။ ဖော်ပြထားသော သတင်းအချက်အလက်များအား အသုံးပြုရာတွင် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များသည် အသုံးပြုသူ၏ တာဝန်သာ ဖြစ်ပါသည်။ 

အပြောင်းအလဲများ အသိပေးချက်

(Notification of Changes)

အပြောင်းအလဲများရှိပါက ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်များထံ တာဝန်သိစွာ အသိပေးပါမည်။

ဆက်သွယ်ရန် အီးမေးလ်
(Contact Information) 

ISP ကပြင်ရပ်ဝန်းစည်းကမ်းများအကြောင်း မေးမြန်းလိုပါက  [email protected]  ထံသို့ ဆက်သွယ်နိုင်ပါသည်။