ဟန်ဆန်း

ဟန်ဆန်းသည် ရုပ်ရှင်ဆိုင်ရာအကြောင်းအရာများကို ရေးသားလေ့ရှိပြီး စာပေတည်းဖြတ်သူအဖြစ်လည်းကောင်း၊ ရသစာပေရေးသားသူအဖြစ်လည်းကောင်း ရပ်တည်နေထိုင်နေသူတဦး ဖြစ်သည်။
နှင်းမိုး
နှင်းမိုးသည် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ လူငယ်အမျိုးသမီးတဦး ဖြစ်သည်။
အဗ်ဒွလ်ဟာမွိုဒ်
အဗ်ဒွလ်ဟာမွိုဒ်သည် ရိုဟင်ဂျာဒုက္ခသည်အခြေပြု သတင်းရေးသူတဦးဖြစ်ပြီး Rohingya Crisis Research Institute တည်ထောင်သူလည်း ဖြစ်သည်။
တာပလု

တာပလုသည် အယ်ဒီတာတဦးဖြစ်ပြီး သတင်းဆောင်းပါးများ၊ ဝတ္ထုတိုများ ရေးသားလျက်ရှိသည်။
နေအောင်

နေအောင်သည် ကျောင်းဆရာတဦးဖြစ်ပြီး မီဒီယာတချို့တွင် ဆောင်းပါးများရေးသားနေသူ ဖြစ်သည်။
စံဒေဝီ
စံဒေဝီသည် ပြည်တွင်းနေထိုင်သူတဦးဖြစ်ပြီး သတင်းစာပညာကို လေ့လာနေသူတဦးဖြစ်သည်။
အိုဖီလီယာယုံလင်ဘမ်

အိုဖီလီယာယုံလင်ဘမ်သည် နယူးဒေလီမြို့တွင် အခြေစိုက်ကာ တရုတ်နိုင်ငံရေးနှင့် ပထဝီဝင်နိုင်ငံရေးတို့ကို အဓိကထား လေ့လာနေသော တရုတ်နှင့်အာရှအရေးသုတေသနအဖွဲ့တွင် သုတေသီအဖြစ် လုပ်ကိုင်လျက်ရှိသည်။
မင်းသီဟသစ်
မင်းသီဟသစ်သည် အထက်တန်းအောင်မြင်ပြီးနောက် ပညာရေးရပ်တန့်နေသော လူငယ်တဦး ဖြစ်သည်။
မေမီ

မေမီသည် ရခိုင်ဒေသက စစ်ရေး၊ နိုင်ငံရေးနှင့် တခြားကဏ္ဍအသီးသီးအပေါ် သတင်းနှင့် ဆောင်းပါးများ ရေးသားနေသော သတင်းထောက်တဦး ဖြစ်သည်။
မောင်ငြိမ်းဇေ

မောင်ငြိမ်းဇေသည် အဆင့်မြင့်ပညာရေး၊ နိုင်ငံရေးသိပ္ပံနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် တက်ကြွစွာ ဆောင်ရွက်နေသူတဦး ဖြစ်သည်။
မင်းသန့်ဦး

မင်းသန့်ဦးသည် မက်ဆာချူးဆက်လိုဝေးတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနတွင် ကမ္ဘာ့ရေးရာလေ့လာမှု (Global Studies) ဘာသာရပ်ဖြင့် ပါရဂူတန်းတက်ရောက်နေသော ကျောင်းသားတဦး ဖြစ်သည်။
ဆုရတနာမြင့်

ဆုရတနာမြင့်သည် နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်ပြီး ၂၀၁၄-၁၅ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ ယခုအခါ သုတေသနနှင့် လူငယ်ခေါင်းဆောင်မှုမြှင့်တင်ရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတခုကို ဦးဆောင်နေပါသည်။
ဂေါင်းစကား

ဂေါင်းစကားသည် လူငယ်သုတေသီတဦးဖြစ်ပြီး စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို လေ့လာနေသူတဦး ဖြစ်သည်။
ထွင်

ထွင်သည် CDM လှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းတဦးဖြစ်ပြီး ဆောင်းပါးများ အခါအားလျော်စွာ ရေးသားသည်။
ဆောင်းရနံ့ပြည့်ကျော်

ဆောင်းရနံ့ပြည့်ကျော်သည် ဟာဝိုင်ယီတက္ကသိုလ် (မာနိုအာ) တွင် အာရှဒေသဆိုင်ရာ နိုင်ငံတကာရေးရာ ဘာသာရပ်ဖြင့် မဟာတန်းတက်ရောက်နေသော ကျောင်းသူဖြစ်သည်။
