Featured Myanmar Military’s Offensive on Rakhine: Preliminary Analysis and Three Scenarios ISP OnPoint by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
28 Sep 2026 , By မေဦးမူတြော် Critique အမျိုးသမီးများအကြား စုံလင်ကွဲပြားစွာ စုစည်းညီညွတ်ရေး အမျိုးသမီးတွေ အတူတကွ ပေါင်းစည်းဆောင်ရွက်ကြရေး ဆိုတဲ့နေရာမှာ အမျိုးသမီးတွေအားလုံး တပုံစံတည်း ဖြစ်နေဖို့၊ အယူအဆတူဖို့၊ ဘုံနိုင်ငံရေးရည်ရွယ်ချက်တခုတည်း ရှိဖို့ မလိုအပ်လှပါဘူး။ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ၊ ကိုယ်ခန္ဓာဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာအရ သီးခြားရပ်တည်ချက်တခု ရှိတယ်ဆိုတဲ့ အသိအမှတ်ပြုမှုအပေါ်မှာပဲ အခြေတည်နေတာ ဖြစ်ပါတယ်။
17 Sep 2026 , By မေဦးမူတြော် Critique နိုင်ငံတော် မတိုင်မီကပင် သန္ဓေတည်သင့်သော ဒီမိုကရေစီ တရားဝင် နိုင်ငံတော်ကြီး ပေါ်ပေါက်လာမှ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အပြီးသတ် ရေးဆွဲပြီးမှ ဒီမိုကရေစီအမူအကျင့်တွေကို လုပ်ဆောင်ကျင့်ကြံမယ်ဆိုပြီး စောင့်ဆိုင်းနေလို့ မရပါဘူး။ အခုလို အကူးအပြောင်းကာလမှာကတည်းက ဒီအမူအကျင့်တွေကို စနစ်ထဲမှာ စိမ့်ဝင်သွားအောင် ထည့်သွင်းတည်ဆောက်တာတွေကို မဖြစ်မနေ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။
8 May 2026 , By မေဦးမူတြော် Analysis SCEF ၏ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ကို အသက်ဝင်အောင် လုပ်ဆောင်ခြင်း အမျိုးသမီးမဏ္ဍိုင်ကို ဒုတိယတန်းစား ဒါမှမဟုတ် ဟန်ပြအခန်းကဏ္ဍလောက်ဆီကို လျှောကျမသွားစေဖို့ SCEF ထဲ ပါဝင်ပတ်သက်နေသူအားလုံးမှာ ပူးတွဲတာဝန်ရှိပါတယ်။ အဲဒီလိုလုပ်ဖို့ပျက်ကွက်ခဲ့ရင် EROs နဲ့ NUG တို့က လွှမ်းမိုးထားတဲ့၊ အရင်ကြုံဖူးပြီးသား အားနည်းချက်ရှိတဲ့ မဏ္ဍိုင်နှစ်ရပ် အားပြိုင်မှုပုံစံဆီကို ပြန်ရောက်သွားနိုင်တဲ့အန္တရာယ် ရှိပါတယ်။
27 Mar 2026 , By မေဦးမူတြော် Analysis NLD ၏ နိုင်ငံရေးအလေ့အထများနှင့် NUG အပေါ် သက်ရောက်မှုများ NLD ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းက ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ တစုတစည်းတည်းဖြစ်တဲ့၊ အပေါ်ကနေအောက်ကို ထိန်းကျောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးမှာပဲ အသားကျနေခဲ့တာပါ။ ဖက်ဒရယ်ကို လုံးလုံးလျားလျားပယ်ချတာမျိုး မဟုတ်ပေမဲ့ ဒီမိုကရေစီစနစ် ဖြစ်တည်ပြီးမှပဲ စဉ်းစားမယ်ဆိုပြီး နောက်ဆုတ်ထားလေ့ရှိပါတယ်... ဒီအမူအကျင့်တွေက NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို သက်ရောက်ထိန်းကျောင်း ပုံဖော်နေသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။
30 Jan 2026 , By မေဦးမူတြော် Analysis ၇၇ နှစ်မြောက် ကရင့်တော်လှန်ရေးကို ဂုဏ်ပြုဆင်ခြင်ခြင်း – ခုခံတော်လှန်ရေးမှသည် ဖက်ဒရယ်နိုင်ငံတော်ကို ထုဆစ်ခြင်းသို့ ကရင်လူမျိုးများနှင့် ကေအဲန်ယူအတွက် ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့သည် အမှတ်ရရန် နေ့ရက်တခုအဖြစ်သာမကဘဲ တခဏရပ်နား၍ မဟာဗျူဟာမြောက် ပြန်လည်သုံးသပ်ရမည့် အခါသမယ ဖြစ်သည်။
9 Nov 2026 , By ဟေမဏီ POV အိပ်မက်နှင့် အရှိတရားကြားက CDM ကျောင်းသားများ၏ အနာဂတ်ရုန်းကန်ပွဲ CDM လုပ်ဆောင်တာဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ခဲ့သလို ပညာရေး၊ အလုပ်အကိုင်နဲ့ ဘဝရှင်သန်ရပ်တည်ရေးဆိုင်ရာ အခက်အခဲများစွာကို ရင်ဆိုင်နေရတဲ့ကြားကနေ အဲဒီရပ်တည်ချက်ကို မပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်းထားကြဆဲ ဖြစ်ပါတယ်။ ကျနော်တို့ လိုအပ်နေတာဟာ CDM လုပ်ဆောင်ခဲ့ခြင်းအတွက် ချီးကျူးဂုဏ်ပြုမှုတွေထက် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ လက်တွေ့ကျတဲ့ အခွင့်အလမ်းတွေနဲ့ ပံ့ပိုးကူညီမှုတွေ ဖြစ်ပါတယ်။
4 Nov 2026 , By လင်းထက်အောင် POV ကုလသမဂ္ဂ လိုအပ်သေးသလား ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကို စူပါပါဝါ နိုင်ငံကြီးတွေကြားမှာ စစ်ပွဲတွေမဖြစ်အောင်လို့ ရည်ရွယ်ပြီးဖွဲ့ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ နိုင်ငံကြီးတွေ ကြားမှာရော၊ နိုင်ငံကြီးတွေနဲ့ နိုင်ငံငယ်တွေအကြား ပဋိပက္ခတွေမှာရော ကုလသမဂ္ဂရဲ့ ဖြေရှင်းပေးနိုင်တဲ့ အခန်းကဏ္ဍက မရှိသလောက်ပါပဲ။…နိုင်ငံငယ်တွေအကြားဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်တွေမှာလည်း ဝင်ရောက် ဖြေရှင်းပေးနိုင်တာ မရှိသလောက်ပါပဲ။
2 Nov 2026 , By မောင်လွမ်းဝေ POV လူသုံးဦးမှာ နှစ်ဦိး ငတ်နေပြီ အထည်ချုပ်စက်ရုံတရုံဟာ ပြည်ပက အထည်အလိပ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ မရရင် ပြည်ပကို အထည်သစ် တင်ပို့လို့ မရပါဘူး။ တောင်သူတယောက်ဟာလည်း သက်သာတဲ့စျေးနဲ့ မြေဩဇာ မရရင် အထွက်နှုန်း မတိုးနိုင်ပါဘူး။ ဒါကြောင့် မဖြစ်မနေ တံခါးဖွင့် ဖြေလျှော့ဖို့ လိုပါတယ်။ မဟုတ်ရင် အခုရက်ပိုင်း ထွက်ထားတဲ့ UNDP အစီရင်ခံစာက စကားကို ယူသုံးရရင် ‘သုံးယောက်မှာ နှစ်ယောက်က ငတ်နေပြီ’လို့ ပြောရမယ်။
30 Oct 2026 , By ဏငယ် Essay ဂဏန်းပေါင်းစက်ဖြင့် တွက်ချက်မရနိုင်သော စိတ်ဒဏ်ရာများ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တာ သုံးနှစ်ရှိသွားပါပြီ။ ဒီသုံးနှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအခင်းအကျင်းတွေဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။ ... ကြီးမားတဲ့ စစ်ရေးဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာ သိန်းနဲ့ချီတဲ့ မိသားစုတွေရဲ့ ဘဝတွေ၊ အိပ်မက်တွေနဲ့ သာယာတဲ့ မိသားစုဘဝကလေးတွေဟာ မီးလောင်ပြင်အဖြစ် ပျက်စီးပြိုလဲသွားခဲ့ရပါတယ်။ ဒီဟာနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးရလဒ်ကတော့ အခုအချိန်အထိ ထွက်မလာသေးပါဘူး။