ISP COlumn

From Noise to Voice: Encouraging Youth's Perspectives

မောင်လွမ်းဝေ

မောင်လွမ်းဝေသည် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ ပညာရပ်ဖြင့် သုတေသနပြုနေသော လူငယ်သုတေသီ ဖြစ်သည်။


Articles by
မောင်လွမ်းဝေ

တကျော့ပြန်မြစ်ဆုံဆည်စီမံကိန်းနှင့် မေးခွန်းငါးခု

ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ ... မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။

ငါးနှစ်တာ ဒဏ်ရာများကြားက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ သစ်ပင်စိုက်ရုံ၊ ပလတ်စတစ်ကောက်ရုံတင် မဟုတ်ပါဘူး။ နိုင်ငံရေးစနစ်၊ စီမံအုပ်ချုပ်မှုစနစ် မကောင်းရင် သစ်ပင်စိုက်၊ အမှိုက်ကောက်တာက ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်မှာပါ။ ဘယ်လောက်ပဲ သယံဇာတ ပေါကြွယ်ဝပါစေ ‘သယံဇာတကျိန်စာ’၊ ‘သယံဇာတကပ်ဘေး’ ကြုံရတာများပါတယ်။

မူဝါဒတခြား လူထုတခြား – နေပြည်တော်နှင့် ဝေးခဲ့ပြီ

ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။​

စွမ်းအင်အကျပ်အတည်း သရောကြီးခိုင်းချိန် – the Down of the State

လက်ရှိကြုံတွေ့နေရတဲ့ စက်သုံးဆီအကျပ်အတည်းက ပြည်တွင်းတည်ငြိမ်ရေးနဲ့ ပြည်တွင်းပြည်ပမှာ တရားဝင်ရေးကနေ မျက်နှာရချင်နေတဲ့ စစ်အစိုးရအတွက် ထိုးနှက်ချက်တခုပါပဲ။ တကယ်တော့ စစ်တပ်က စီမံနေတဲ့ ဣရိယာပုတ် အပြောင်းအလဲဟာ ‘The Dawn of a New State’ မြန်မာ့မျက်နှာစာသစ် မဟုတ်ဘဲ ‘The Down of the State’ သရောကြီးခိုင်းချိန်ပဲ ဖြစ်နေပါတယ်။

ရန်ကုန်အိပ်မက်ကို စွန့်ခွာသွားကြသူများ

ရန်ကုန်အိပ်မက်အတွက် ပြန်ပြင်လို့မရနိုင်လောက်အောင် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကတော့ အိပ်မက်မက်သူတွေ ကိုယ်တိုင် ပျောက်ဆုံးသွားခြင်းပါပဲ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ်တံခါးဝကို သံမှိုရိုက်ပြီး အသေပိတ်လိုက်သလို ဖြစ်သွားခဲ့တယ်။

ဒီဂျစ်တယ်အကြမ်းဖက်မှုအောက် မြုပ်နေသော လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေး

ဒီအရေးဟာ မြန်မာနိုင်ငံအတွင်းမှာလည်း ကြီးထွားလာနေပါတယ်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဂုဏ်သိက္ခာကျစေဖို့ ဒါမှမဟုတ် လက်စားချေဖို့ ရည်ရွယ်တဲ့ ဖြတ်ညှပ်ကပ်ညစ်ညမ်းပုံတွေ၊ ခိုးရိုက်ရုပ်သံတွေ ဖြန့်ဝေတာကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချ လာကြတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​
စာမူပေးပို့ရန်

Latest from the ISP Column

11 Sep 2026
,

စစ်အာဏာစက်အောက်က မြို့ပြလူငယ်ရောင်းဝယ်ရေး

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ စစ်မှုထမ်းကိစ္စကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ အတိအလင်း ပြောထားပါတယ်။ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့​ကြီးပြကြီးတွေမှာ အပတ်စဉ်တခုတိုင်းအတွက် စစ်မှုထမ်းသတ်မှတ်အရေအတွက် ပြည့်မီအောင် ပေးရတဲ့အခြေအနေကတဖြည်းဖြည်းနဲ့ လူငယ်အမျိုးသားတွေအပေါ် သက်ရောက်မှု ကြီးလာပါတယ်။ သေဘေးနဲ့ ကြုံရနိုင်တဲ့အန္တရာယ်က လူငယ်တွေရဲ့လက်တကမ်းမှာ ရှိနေသလို ခံစားနေကြရပါတယ်။
2 Sep 2026
,

အာဟာရမဲ့မြို့ပြနှင့် ဆေးဆိုးထားသော အသားများ

တိတ်ဆိတ်စွာ စီးဆင်းနေတဲ့ မိုးရေစီးကြောင်းတွေဟာ မြို့သူမြို့သားတွေရဲ့ မျက်ရည်၊ ချွေးတို့နဲ့ ပေါင်းစပ်သွားသလို အဆက်မပြတ် ရွာသွန်းမှုတိုင်းက လူတွေရဲ့ ရုန်းကန်နိုင်စွမ်းကို စိမ့်ဝင်တိုက်စားနေပုံရတယ်။ မိုးယိုတဲ့ အိမ်တွေအောက်၊ ရေလျှံနေတဲ့ လမ်းမတွေပေါ်နဲ့ ဆေးဆိုးထားတဲ့ အသားတွေကို ဝယ်စားနေရတဲ့ လူတွေရဲ့ဘဝကိုကြည့်ရင်း ရန်ကုန်ဆိုတဲ့မြို့ကြီးရဲ့ ခက်ခဲနက်နဲလှတဲ့ အရှိတရားဟာ မိုးရေနဲ့အတူ ပိုပြီး လေးလံခါးသီးလို့လာတာပဲလို့ ပြောရမလိုဖြစ်နေပါတယ်။

မဏိပူရကန့်ကွက်သံနှင့် နယ်မြေအလဲအထပ် အဆိုပြုချက်

မဏိပူရက အရပ်ဘက်အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို နယ်မြေ တလက်မလေးပဲဖြစ်ဖြစ် ပေးအပ်လိုက်မယ့်အရေးကို အသေအလဲ ကန့်ကွက်နေကြပါတယ်။ ဒီလို လုပ် တာဟာ နယ်မြေတည်တံ့ခိုင်မြဲမှုကို အပေးအယူလုပ်လိုက်တာဖြစ်သလို ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ရပ် တည်ရေးအတွက် ခြိမ်းခြောက်မှုတခုလည်း ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီလုပ်ငန်းစဉ်က အိမ်တွေ၊ ခြံတွေ၊ အထွတ်အမြတ်ထားရာ နေရာတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ထိခိုက်စေမှာဖြစ်လို့ပါပဲ။
24 Aug 2026
,

အထီးကျန်မှု၊ လက်နက်နှင့် ရှင်သန်ရေးကြားက မြန်မာ-ရုရှား ဆက်ဆံရေး

ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိက လက်နက်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံတွေထဲက တခုဖြစ်ခဲ့တာ ကြာပါပြီ။ ကိန်းဂဏန်းတွေအရ တရုတ်ဆီက ဝယ်ယူတာပြီးရင် ဒုတိယလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီအကူအညီက ပိုပြီး အရေးပါလာပါတယ်။