ISP COlumn

From Noise to Voice: Encouraging Youth's Perspectives

သီမာသင်ဂုပ္တ(Seema Sengupta)

သီမာသင်ဂုပ္တ(Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံဆောင်းပါးရှင်တဦး ဖြစ်သည်။


Articles by
သီမာသင်ဂုပ္တ(Seema Sengupta)

နယူးဒေလီသွားတောလား – မြန်မာ့အရေး အိန္ဒိယအစိုးရ၏ ချဉ်းကပ်မှု

"သမိုင်းကို ပြန်ကြည့်ရရင် ဆက်ဆံရေးဖြတ်လိုက်တာက ဆက်ဆံရေးရှိနေတာထက် ပိုကောင်းတဲ့ ရလဒ်တွေ မပေးနိုင်ဘူးဆိုတာ တွေ့ရမှာပါ။ ... ဆက်ဆံရေး ဖြတ်လိုက်မယ်ဆိုရင် လေဟာနယ်တခုလို ဖြစ်သွားပြီး တခြားသူတွေ ဝင်နေရာယူလာပါလိမ့်မယ်။ ... အဲဒီ တခြားသူတွေဆိုတာကလည်း ဒီမိုကရေစီအရေးကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး" လို့လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယကိုပါ နစ်မွန်းစေသော မြန်မာ့မူးယစ်နွံ

မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပျံ့နှံ့လာတာကြောင့် HIV ကူးစက်မှုနှုန်း မြင့်မားလာနိုင်ခြေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ တရားဥပဒေစိုးမိုးရေး ပြဿနာသက်သက် မဟုတ်တော့ဘဲ လူမှုရေး အကျပ်အတည်းကြီးတခု ဖြစ်လာနေပါပြီ။

အငြင်းပွားဖွယ် မြန်မာ့ရွေးကောက်ပွဲနှင့် ဝေဝါးနေဆဲ အိန္ဒိယ

မြန်မာ့ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်စဉ်တခုကတော့ စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကရင်နီနဲ့ ရခိုင်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေ အိန္ဒိယမြို့တော်ကို ရောက်ရှိနေခြင်းပါပဲ။

အိန္ဒိယ၏ ဗျူဟာမြောက်အကျိုးစီးပွားကို မြန်မာကာကွယ်နိုင်မည်လော

စစ်ရေးအရ အားလျော့နေသေးတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အိန္ဒိယရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်မပေးနိုင်တာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို ငှားရမ်းဖို့ တိတ်တဆိတ်စဉ်းစားနေတယ်ဆိုတဲ့ သတင်းက အဆန်းတော့ မဟုတ်ပါဘူး။

မြန်မာနှင့် အရှေ့တောင်အာရှက ကျားဖြန့်အရိပ်မည်း – အိန္ဒိယ၏ အမြင်

အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ အိန္ဒိယနိုင်ငံအတွင်း ကပ်ရောဂါတခုလို ပျံ့နှံ့လာတဲ့အတွက် တရားမဝင် လုပ်သားစုဆောင်းမှုတွေကို ရာဇဝတ်မှုအဖြစ် ဗဟိုအစိုးရက သတ်မှတ်တားဆီးပေးဖို့ အိန္ဒိယလွှတ်တော်ကော်မတီတခုက လိုလားနေပါတယ်။

မြန်မာ့အရေး အမေရိကန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာနှင့် အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုများ

စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို နောက်ခံထားပြီး မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး ပြုလုပ်ဖို့ တိတ်တဆိတ်လုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​
စာမူပေးပို့ရန်

Latest from the ISP Column

တကျော့ပြန်မြစ်ဆုံဆည်စီမံကိန်းနှင့် မေးခွန်းငါးခု

ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ ... မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။

ပညာရေးပေါင်းကူးတံတားကို ချိုးဖျက်ပစ်ကြတော့မည်လား

တော်လှန်ရေးသတင်းတွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်တာကို ပိတ်ပင်မယ်ဆိုရင် ဆုံးရှုံးသွားမယ့် ပညာရေးအခွင့်အလမ်းတွေ နေရာမှာ ဘာတွေနဲ့ ပြန်အစားထိုး လုပ်ပေးကြမလဲ။ … စစ်ကျွန်ပညာရေး မသင်စေချင်ဘူးဆိုရင် အားလုံး လက်လှမ်းမီတဲ့၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်တဲ့၊ အာမခံချက်ရှိတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေး အင်အားစုတွေဘက်က အသင့်ဖန်တီးထားနိုင်ပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။

‘ငါမှန်-သူမှား’ အမြင်ကို ပြန်လည်သုံးသပ်ခြင်း – သမိုင်း၊ ဥပဒေနှင့် လူသားချင်းစာနာမှု

ရခိုင်နဲ့ ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နှစ်ဖက်စလုံးရဲ့ နာကျင်ခံစားရမှုတွေကို အပြည့်အဝ အသိအမှတ်ပြုပြီး အာဏာမညီမျှမှုကို ဖြေရှင်းဖို့ပါပဲ။ ‘ငါမှန်-သူမှား’ ဆိုတဲ့ အမြင်ကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက နစ်နာသူတွေရဲ့ အသံကို နားထောင်ပေးခြင်းပါပဲ။ ... တရားမျှတမှုနဲ့ လူသားချင်းစာနာမှုကို အခြေခံတဲ့ ချဉ်းကပ်မှုမျိုးနဲ့မှသာ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

‘ငါမှန်-သူမှား’ အမြင်နှင့် ရိုဟင်ဂျာအရေး ဇာတ်ကြောင်းပုံဖော်မှုများ

‎လူ့အခွင့်အရေးစံနှုန်းတွေအရ နစ်နာသူတွေအတွက် ထုတ်ဖော်ပြောဆိုတာဟာ လူသားတိုင်းရဲ့ လွတ်လပ်ခွင့်တခုဆိုပေမဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို အသုံးချပြီးတော့ သမိုင်းကြောင်းဆိုင်ရာတွေ၊ လူမှုရေးကျင့်ဝတ်တွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာတာဟာ ငြိမ်းချမ်းရေးကို သွားတဲ့ လမ်းစဉ်မျိုးမဟုတ်ဘဲ ပဋိပက္ခဖြစ်လာစေဖို့ အမုန်းစကားတွေနဲ့ မီးစာထည့်ရာ ရောက်ပါတယ်။