ISP COlumn

From Noise to Voice: Encouraging Youth's Perspectives

ဆူးငယ်ငယ်(ကရင်နီ)

ဆူးငယ်ငယ်သည် ကရင်နီဒေသက စစ်ဘေးရှောင်အမျိုးသမီးဖြစ်သည်။


ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​
စာမူပေးပို့ရန်

Latest from the ISP Column

16 Oct 2026
,

တောင်ကို ထမ်းပိုးထားသော ခါချဉ်များ

မြန်မာပြည်သူတွေ တွေ့ကြုံနေရတဲ့ ဒုက္ခတွေဟာ နိုင်ငံတော်အဆင့်ဖြစ်တယ်။ တောင်လို ကြီးမားတယ်။ သို့သော် ကူညီပေးနေတဲ့သူတွေက တဦးချင်း ပြည်သူတွေဖြစ်နေတယ်။ ခါချဉ်လို သေးငယ်တယ်။ မသန်တဲ့ခါးနဲ့ မလျှော့တဲ့မာန် တင်းပြီး ကူညီနေကြရပေမဲ့ ရှေ့ကတောင်ကိုတောင် မရွှေ့နိုင်တဲ့အပြင် နောက်မှာလည်း တောင်တွေအများကြီး ကျန်နေသေးတယ်။ အခုလိုဒုက္ခပေါင်းစုံနေတဲ့အချိန်မှာ ဝိုင်းဝန်းဖြေရှင်ပေးဖို့အတွက် အသင်းအဖွဲ့တွေကို လူထုကြား ပြန်ဆွဲခေါ်လာဖို့က အဓိကလုပ်ဆောင်ရမယ့် ကိစ္စတခုလို့ ကျမ မြင်မိတယ်။

အတိတ်ဂုဏ်ပြယုဂ်အလွန်က ဗိုလ်ချုပ်စျေးနှင့် အရောင်မဲ့ရန်ကုန်

ဗိုလ်ချုပ်စျေးက ရန်ကုန်ရဲ့ ပြယုဂ်တခုပါ။ ဒီစျေးခြောက်ကပ်တိတ်ဆိတ်သွားသလို အာဏာရှင်လက်အောက်မှာ ရန်ကုန်ရဲ့စည်ကားမှုတွေလည်း လွင့်ပါးသွားပါတယ်။ ရန်ကုန်ဟာ အရောင်အသွေးမစုံတော့ဘူး။ ရန်ကုန်က မိုးစောစောချုပ်တယ်။ ရန်ကုန်မြို့တွင်း စည်တယ်ဆိုတဲ့ လူသွားလူလာက ပွင့်လင်းခေတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်သာသာပဲ ရှိတော့တယ်။ အခုလို ဗိုလ်ချုပ်စျေး အသက်တရာပြည့် မွေးနေ့ပွဲ စည်စည်ကားကား မရှိတာက အာဏာရှင်ခေတ်အခြေအနေကို ထင်ဟပ်နေပြန်ပါတယ်။
13 Oct 2026
,

မူဝါဒအလွဲများအောက် ပျောက်ကွယ်နေရသော လုပ်ငန်းရှင်ငယ်များ

သူတို့ရဲ့ ပေါ်လစီတွေကြောင့် ပိတ်လိုက်ရတဲ့ မွေးမြူရေးခြံတွေအရှေ့မှာ ‘နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့’ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဆက်လက်စိုက်ထူကြစမြဲပါပဲ။ အခြေခံပြည်သူတွေကတော့ အသားငါး ပုံမှန်ဝယ်မစားနိုင်တော့သလို တနိုင်တပိုင် မွေးမြူရေးသမားတွေအဖို့လည်း ပိန်းပိတ်အောင်မှောင်နေတဲ့ မြူတောထဲကို ဆက်တိုးကြရရင်း တခြံပြီးတခြံ ပိတ်လိုက်နေရပါတယ်။

ငရဲပြည်က နတ်ဗိမာန် – ကျောင်းဆရာတဦး၏ နောက်ဆုံးမှတ်တမ်း

အိပ်ရာထဲ မှိန်းနေတုန်း လူတွေ ရုတ်ရုတ်သဲသဲ လှုပ်ရှားသံတွေ ကြားနေရတယ်။ ‘ဘာဖြစ်တာလဲ’လို့ အသိတယောက်ကို လှမ်းမေးကြည့်တော့ ၁၂ တန်း ကျောင်းသူလေးတယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ သူက ပြောတယ်။… ကောင်မလေးရဲ့ မိဘတွေက ဗုံးစထိမှန်လို့ ပွဲချင်းပြီး သေဆုံးသွားတော့ သူ့အဖွားက အစစအရာရာ တာဝန်ယူ စောင့်ရှောက်ထားတာလေ။