Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
18 Sep 2025 , By စွယ်တော် POV ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။
10 Aug 2026 , By သော်တာဧရာ Essay ရေပြင်အောက်က လေးမျက်နှာ အကူအညီများကို အမှန်တကယ်လိုအပ်နေသည့် နေရာများသို့ အချိန်မီ ရောက်ရှိအောင် စနစ်တကျ ပူးပေါင်းညှိနှိုင်းပေးနိုင်ခြင်းသည် အလှူငွေပမာဏထက်ပင် အရေးကြီးလာနိုင်သည်။ ထို့အပြင် ရေဘေးကြောင့် ဝင်ငွေဆုံးရှုံးသွားသော မိသားစုများ၏ စားဝတ်နေရေးကို ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးရန်မှာလည်း အရေးကြီးပါသည်။
7 Aug 2026 , By နေအောင် POV အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။
5 Aug 2026 , By လစ်ဇီ POV မြစ်ကြီးနားက ခရီးသွားသောက ကုန်းလမ်းလမ်းပန်းဆက်သွယ်ရေးဟာ အရေးပေါ်သွားလာဖို့ မလိုသူတွေနဲ့ မတတ်သာတဲ့အဆုံး ကံကိုရင်းပြီး ရရာလမ်းကြောင်းက သွားမှရမယ်ဆိုတဲ့သူတွေအတွက်သာ ဖြစ်နေပါတော့တယ်။ ဒီလိုဘေးကျပ်နံကျပ်အခြေအနေမှာ လေကြောင်းလိုင်းကို ပိုပြီးအားကိုးနေထိုင်လာရပါတယ်။ ဒါပေမဲ့ လေကြောင်းလိုင်းကလည်း လူထုဘက်ကသာ တဖက်သတ်မှီခိုနေရပေမဲ့ အားကိုးမရလှပါဘူး။
3 Aug 2026 , By နွေနှောင်း Essay နေ့တာတိုသော မြို့ အာဏာသိမ်းပြီးကတည်းက လှုပ်ရှားရုန်းကန်နိုင်တဲ့အချိန် နည်းလာလိုက်တာ အခုဆို နေ့တာဟာ ခြောက်နာရီလောက်ပဲ ကျန်တော့တယ် ထင်ရပါတယ်။ ရွာကလာတဲ့ အသီးအရွက်ကားတွေ၊ သားငါးသည်တွေက မနက်ခုနစ်နာရီလောက်ထိ ဈေးကို ရောက်မလာသေးဘူး။ ကံမကောင်းရင် စစ်ဆေးရေးဂိတ်က အကြောင်းပြချက်မရှိ ပိတ်လိုက်လို့ ရောက်မလာဘဲ လှည့်ပြန်သွားရတဲ့ ဈေးသည်တွေလည်း ရှိတယ်။