Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
25 Jul 2025 , By သံပေါက် POV ကိုယ့်လုပ်အားဟာ မတရားမှုအတွက် တံခါးမဖြစ်စေပါနှင့် အလုပ်ခေါ်သူကို တယ်လီဂရမ်ကတဆင့်သာ ဆက်သွယ်ခဲ့ရပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းအကြောင်း ရှင်းရှင်းလင်းလင်း မပြော။ ဝေဝါးနေတယ်။ အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်အစမှာပဲ ပတ်စ်ပို့၊ Facebook ပရိုဖိုင်နဲ့ ကိုယ်ရေးကိုယ်တာပုံတွေကို တောင်းခံခဲ့တယ်။
17 Aug 2026 , By ထွင် Essay သားနှစ်ယောက်ကို မြင်ပါသည် အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်တဲ့ သားတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲ ကိုယ်ကျိုးစီးပွားကိုပဲ ရှာတဲ့ သားတွေ၊ လက်နက်လည်း မကိုင်၊ စီးပွားလည်း မရှာဘဲ အလိုက်သင့်နေထိုင်တဲ့ သားဆိုတဲ့ သားသုံးယောက်ပါ။ … ဒုတိယသားတွေဟာ သီးနှံတွေ တင်ပို့ရောင်းချဝယ်ယူတဲ့ လမ်းခရီးမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေများစွာကို ကြုံခဲ့ကြရပါတယ်။… ဒါပေမဲ့လည်း ဒီအလုပ်ကို ဆက်လုပ်နေကြတုန်းပါ။ စိုးမိုးနယ်မြေက ပြည်သူတွေ ငတ်ပြတ်မသေစေဖို့အတွက်ပါပဲ။
12 Aug 2026 , By ကိုဉာဏသစ် POV ကံနှင့်ဉာဏ်သာမက အစိုးရကောင်းပါ လိုအပ်သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။
10 Aug 2026 , By သော်တာဧရာ Essay ရေပြင်အောက်က လေးမျက်နှာ အကူအညီများကို အမှန်တကယ်လိုအပ်နေသည့် နေရာများသို့ အချိန်မီ ရောက်ရှိအောင် စနစ်တကျ ပူးပေါင်းညှိနှိုင်းပေးနိုင်ခြင်းသည် အလှူငွေပမာဏထက်ပင် အရေးကြီးလာနိုင်သည်။ ထို့အပြင် ရေဘေးကြောင့် ဝင်ငွေဆုံးရှုံးသွားသော မိသားစုများ၏ စားဝတ်နေရေးကို ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးရန်မှာလည်း အရေးကြီးပါသည်။
7 Aug 2026 , By နေအောင် POV အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။