တရုတ်နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံက သုတေသီတစ်ဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံသားလည်းဖြစ်တဲ့ ဦးမင်းဇင်ကို အမေရိကန် အစိုးရက “မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ” အဖြစ် တရားဝင် သတ်မှတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
