ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
News

ISP Column သို့ စာမူပေးပို့မှု လမ်းညွှန်နှင့် မူဝါဒများ

‘ISP Column’ ဆိုတာက ကျယ်ပြန့်တဲ့ ခေါင်းစဉ်အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ ပြင်ပဆောင်းပါးရှင်တွေနဲ့ အထူးသဖြင့် လူငယ်တွေကို ဖိတ်ခေါ်ချင်တဲ့ ရပ်ဝန်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရုတ်-မြန်မာဆက်ဆံရေး၊ နိုင်ငံရေးဆိုင်ရာ ဘောဂဗေဒ၊ နိုင်ငံရေး၊ လူမှုစီးပွား၊ နိုင်ငံတကာဆက်ဆံရေး၊ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ စသဖြင့် နှစ်သက်ရာကို ရေးသားတင်ပြပေးနိုင်ဖို့ပါပဲ။ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်မယ့် အတွေးအကြံနဲ့ ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်စေရေးကို ရည်ရွယ်ပါတယ်။
By  ISP-Myanmar  | January 25, 2025

‘ISP Column’ ဆိုတာက ကျယ်ပြန့်တဲ့ ခေါင်းစဉ်အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ ပြင်ပဆောင်းပါးရှင်တွေနဲ့ အထူးသဖြင့် လူငယ်တွေကို ဖိတ်ခေါ်ချင်တဲ့ ရပ်ဝန်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရုတ်-မြန်မာဆက်ဆံရေး၊ နိုင်ငံရေးဆိုင်ရာ ဘောဂဗေဒ၊ နိုင်ငံရေး၊ လူမှုစီးပွား၊ နိုင်ငံတကာဆက်ဆံရေး၊ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ စသဖြင့် နှစ်သက်ရာကို ရေးသားတင်ပြပေးနိုင်ဖို့ပါပဲ။ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်မယ့် အတွေးအကြံနဲ့ ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်စေရေးကို ရည်ရွယ်ပါတယ်။ စာရေးသူတွေရဲ့ ရှင်းလင်းပြတ်သားတဲ့အမြင်နဲ့ စူးရှတဲ့ကြံဆချက်တွေဟာ ပညာရှင်တွေ၊ လေ့လာသူတွေနဲ့ ပရိသတ်အများအတွက်ပါ  အတွေးပွားစရာတွေ ဖြစ်စေချင်ပါတယ်။


စာမူရွေးချယ်မှု စံနှုန်းများ 

ပေးပို့လာတဲ့ စာမူတွေကို ရွေးချယ်တဲ့အခါ ISP-Myanmar ရဲ့ အယ်ဒီတာအဖွဲ့အနေနဲ့ အောက်ပါ အချက်သုံးချက်ကို အခြေခံမူအဖြစ် ထားရှိပါမယ်။ ရှိရင်းစွဲအယူအဆ(concept)၊ အတွေးအမြင် (perspective) နဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး-

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

  • အများပြည်သူအကြား အချေအတင် ဆွေးနွေးစရာ ဖြစ်အောင် တင်ပြနိုင်မှု၊
  • အတွေးသစ်၊ အယူအဆသစ်တွေ ဖော်ထုတ်ဆွေးနွေးနိုင်မှု၊
  • အတွေးသစ်၊ အယူအဆသစ်တွေဖြစ်စေဖို့ နှိုးဆွနိုင်မှု ဆိုတဲ့ အချက်သုံးချက်ထဲက တခုခုနဲ့ လျော်ညီတယ်ဆိုရင် စာမူကို ရွေးချယ်ဖော်ပြသွားပါမယ်။

ဒီသုံးချက်အပြင် စာမူဖွဲ့စည်းပုံ (သင့်လျော်တဲ့ ရေးသားမှု၊ သဒ္ဒါ၊ သတ်ပုံနဲ့ ရေးဟန်) နဲ့  စာဖတ်ပရိသတ်တွေ အတွက် ဖတ်ရလွယ်ကူမှုကိုလည်း ထည့်သွင်းစဉ်းစားပါမယ်။ အဲဒါအပြင် လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံ ယူမှု၊ နိုင်ငံရေးအမြင်မတူမှုတွေအပေါ် ချိုးနှိမ်ခွဲခြားစော်ကားတဲ့ အမုန်းစကား ပြောဆိုတဲ့ စာမူတွေ မဖြစ်ဖို့ လည်း လိုပါမယ်။

ရွေးချယ်ဖော်ပြလိုက်တဲ့ စာမူတွေမှာပါရှိတဲ့ အကြောင်းအရာတွေကို ပြန်လည်ချေပရေးသားတဲ့ တုံ့ပြန် ဆောင်းပါး (rebuttal article) တွေကိုလည်း လက်ခံသွားမှာ ဖြစ်ပါတယ်။


စာမူရေးသားခြင်းအတွက် အကြံပြုချက်များ
  • စာမူတွေကို (မြန်မာဘာသာစကားနဲ့ဖြစ်စေ၊ အင်္ဂလိပ်ဘာသာစကားနဲ့ဖြစ်စေ) ရေးသားနိုင်ပါတယ်။
  • A-4 စာမျက်နှာ နှစ်မျက်နှာထက် မကျော်စေဘဲ လိုရင်းတိုရှင်းပုံစံမျိုးနဲ့ ရှင်းလင်းတဲ့အမြင်၊ စူးရှတဲ့ကြံဆချက်တွေ ဖြစ်စေချင်ပါတယ်။ အသေးစိတ်ကို ‘စာမူပေးပို့ခြင်းအတွက် လိုအပ်ချက်များ” ခေါင်းစဉ်အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။
  • မြန်မာဘာသာနဲ့ ရေးမယ်ဆိုရင် ရေးဟန်ပြောဟန် နှစ်ထွေဟန်ရှိတဲ့အထဲ ပြောဟန်နဲ့ ရေးရင် ပိုပြီး သင့်လျော်ပါမယ်။ ဖတ်ရ လွယ်ကူတာမျိုး ဖြစ်စေချင်ပါတယ်။
  • မူရင်းရေးသားချက်တွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ အခြားစာစောင်စာတမ်းတွေမှာ ဖော်ပြပြီးသား မဖြစ် ရပါဘူး။ (Chat GPT လိုမျိုး AI ရဲ့ အကူအညီကို ယူလိုက ယူနိုင်ပါတယ်။ ဒါပေမဲ့ လူအစစ်ရဲ့ ကြံဆဖန်တီးမှု ဖြစ်ဖို့လိုပါတယ်။)
  • ကိုးကားချက်တွေပါနိုင်ရင်လည်း ကောင်းပါတယ်။ စာထဲမှာ ထည့်သွင်းမဖော်ပြရင်တောင် အချက်အလက်တွေကို ပြန်လှန်စစ်ဆေးဖို့ အထောက်အကူ ဖြစ်စေပါမယ်။

စာမူပေးပို့ခြင်းအတွက် လိုအပ်ချက်များ 
  • Adobe pdf   ဒါမှမဟုတ် Microsoft Word file နဲ့ ပေးပို့နိုင်ပါတယ်။
  • မြန်မာဘာသာနဲ့ ရေးမယ်ဆိုရင် ယူနီကုဒ်ဖောင့် တမျိုးမျိုးကို သုံးစေချင်ပါတယ်။ ပြည်ထောင်စု ဖောင့် ဒါမှမဟုတ် နိုတိုစံ မြန်မာဖောင့်တွေကို အသုံးပြုနိုင်ပါတယ်။ ဖောင့်အရွယ်အစား ၁၁ ဖြစ်ရပါမယ်။ စာကြောင်းတကြောင်းနဲ့ တကြောင်း အစိတ်အကျဲ (spacing) က single spacing ဖြစ်သင့်ပါတယ်။ A4 စာမျက်နှာ နှစ်မျက်နှာထက် မကျော်သင့်ပါဘူး။
  • အင်္ဂလိပ်ဘာသာနဲ့ ရေးမယ်ဆိုရင်တော့ Times New Roman၊ Georgia၊ Manrope နဲ့ Lato ဖောင့် တမျိုးမျိုးကို သုံးနိုင်ပါတယ်။ ဖောင့်အရွယ်အစားကလည်း ၁၁ ပဲ ဖြစ်ရပါမယ်။ စာကြောင်း တကြောင်းနဲ့ တကြောင်း အစိတ်အကျဲ (spacing) က 1.15 spacing ဖြစ်သင့်ပါတယ်။ စာလုံးရေ ၅၀၀ နဲ့ ၈၀၀ အကြား ရေးနိုင်ပြီး စာလုံးရေ ၈၀၀ ထက် ကျော်လို့ မရပါဘူး။
  • စာရေးသားရာမှာ ယေဘုယျအားဖြင့် စာပိုဒ် ခုနစ်ပိုဒ် (နိဒါန်းတပိုဒ်၊ စာကိုယ် ငါးပိုဒ်နဲ့ နိဂုံးတပိုဒ်) ပါရှိရပါမယ်။
  • ကလောင်အမည်၊ နာမည်အရင်း၊ ကိုယ်ရေးအကျဉ်း၊ ဆက်သွယ်ဖို့ အီးမေးလ်လိပ်စာတွေ လိုအပ် ပါတယ်။​ အရင်က ရေးသားဖူးတဲ့ စာမူတွေရှိတယ်ဆိုရင်လည်း ဖော်ပြပေးလို့ရပါတယ်။
  • ကိုယ်တိုင်ရေးသားထားတဲ့ စာမူ ဖြစ်ရပါမယ်။​ ကိုးကားချက်တွေ ပါနိုင်မယ်ဆို သင့်လျော်ပါတယ်။
  • စာရေးသူတဦးက စာမူကြိုက်သလောက် ပေးပို့နိုင်ပါတယ်။
  • စာမူကို ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖော်ပြထားတဲ့ (စာမူတင်သွင်းလွှာ) submissions page ကနေတဆင့် ပို့ရမှာဖြစ်ပါတယ်။  အီးမေးလ် ဒါမှမဟုတ် တခြားပလက်ဖောင်းကနေ ပေးပို့တာကို လက်ခံမှာမဟုတ်ပါဘူး။

စာမူပေးပို့ပြီးနောက် ISP-Myanmar က လုပ်ဆောင်သွားမည့် အချက်များ
  • ပေးပို့လာတဲ့ စာမူတွေကို ISP-Myanmar က ဖွဲ့စည်းထားတဲ့ အယ်ဒီတာအဖွဲ့က ရွေးချယ်ပါမယ်(ဘယ်လို စံနှုန်းတွေနဲ့ ရွေးချယ်မယ်ဆိုတာကို အောက်မှာ ဖော်ပြထားပါတယ်။)။ စံနှုန်းကိုလည်း ဖော်ပြထားပါတယ်။
  • ပုံနှိပ်ဖော်ပြဖို့ သင့်လျော်ပေမဲ့ သတ်မှတ်ထားတဲ့ စာမူ ဖွဲ့စည်းပုံတွေနဲ့ မညီညွတ်ဘူးဆိုရင် စာရေးသူကို ပြန်လည်ဆက်သွယ်ပြီး ပြန်လည်ပြင်ဆင်ရေးဖို့ အကြံပြုပါမယ်။ ဒီလို အကြံပြုတာက အင်မတန်နည်းမှာ ဖြစ်ပြီး ရွေးချယ်တာနဲ့ မရွေးချယ်တာ နှစ်မျိုးကိုပဲ ပိုပြီး လုပ်သွားဖို့ ရှိပါမယ်။
  • ဖော်ပြဖို့ ရွေးချယ်ထားတဲ့ စာမူတွေမှာ ISP-Myanmar က စံသတ်မှတ်ထားတဲ့ သတ်ပုံ သတ်ညွှန်းတွေနဲ့ ညီညွတ်မှုမရှိဘူးဆိုရင် အနည်းဆုံးသော ပြင်ဆင်မှုကို လုပ်ဆောင်ပါမယ်။
  • အဲဒါတွေ ပြီးသွားတဲ့အခါ ဝက်ဘ်ဆိုက်စာမျက်နှာကနေ ထုတ်ဝေပါမယ်။

ဉာဏ်ပူဇော်ခ
  • ရွေးချယ်ဖော်ပြခံရတဲ့ စာမူတွေအတွက် ထိုက်သင့်တဲ့ ဉာဏ်ပူဇော်ခ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။​ များပြားလှတဲ့ပမာဏ မဟုတ်ပေမဲ့ စာရေးသူတွေရဲ့ အားထုတ်မှုကို တန်ဖိုးထားတဲ့ ရည်ရွယ်ချက်နဲ့ ချီးမြှင့်သွားမှာပါ။ မြန်မာကျပ်၊ ထိုင်းဘတ်၊ အမေရိကန်ဒေါ်လာ စသဖြင့် ငွေကြေးတမျိုးမျိုးနဲ့ ချီးမြှင့်မှာ ဖြစ်တာမို့ ငွေလွှဲပေးပို့နိုင်မယ့် ဘဏ်စာရင်းနံပါတ် ဒါမှမဟုတ် အကောင့်တွေကို ပေးဖို့လိုအပ်ပါတယ်။

စာမူရေးသားသူနှင့် တွဲဖက်ရေးသားသူများ 

ပေးပို့မယ့်စာမူဟာ ရေးသားသူတဦးထက်ပိုခဲ့ရင် တွဲဖက်ရေးသားသူအားလုံးရဲ့  ဆန္ဒတွေပါဝင်မှသာ  စာမူ တင်သွင်းတာကို လက်ခံပါမယ်။ တွဲဖက်ပါဝင်ရေးသားခဲ့သူ တဦးတယောက်ချင်းစီကိုလည်း တွဲဖက်ရေးသားသူအဖြစ် အသိအမှတ်ပြု ဖော်ပြဖို့လိုပါတယ်။ တွဲဖက်ရေးသားကြတဲ့အခါ ပါဝင်သူအားလုံးအနေနဲ့ စာရေးသူအဖြစ် နာမည်ခံရမှာ ဖြစ်ပြီး စာမူမှာပါဝင်တဲ့ အကြောင်းအရာတိုင်းအတွက် တာဝန်ခံရမှာ ဖြစ်ပါတယ်။ ChatGPT လိုမျိုး AI ကို တော့ စာရေးသူအဖြစ် သတ်မှတ်မှာ မဟုတ်ပါဘူး။


စာကူးယူခိုးချမှုနှင့် မူပိုင်ခွင့်ဆိုင်ရာ မူဝါဒ

ISP Column အနေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ တည်ကြည်မှု၊ ယုံကြည်ကိုးစားရမှုကို အမြင့်မားဆုံး တန်ဖိုး ထားပါတယ်။ ဒါကြောင့် စာကူးယူခိုးချမှုကို တင်းကျပ်စွာ တားမြစ်ပါတယ်။ ကိုးကားတဲ့ အိုင်ဒီယာ၊ ဒေတာ၊ တွေ့ရှိချက်တွေကို လုံလောက်စွာ အသိအမှတ်ပြု ကိုးကားဖော်ပြဖို့ လိုအပ်ပါတယ်။ အကယ်၍ စာကူးယူ ခိုးချကြောင်း သံသယရှိလာရင် ISP-Myanmar က ချက်ချင်း စစ်ဆေးပါမယ်။  ဖော်ပြထားမှုကို ရုပ်သိမ်းပြီး ဝက်ဘ်ဆိုက်စာမျက်နှာကနေလည်း ဖြုတ်ချမှာ ဖြစ်ပါတယ်။ စာရေးသူကိုလည်း ကျူးလွန်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး စာမူဖော်ပြခွင့် သုံးလကနေ ရာသက်ပန်အထိ တားမြစ်ပါမယ်။


အမှားပြင်ဆင်ခြင်းဆိုင်ရာ မူဝါဒ

ထုတ်ဝေဖြန့်ချိပြီးတဲ့ဆောင်းပါးမှာ အမှားအယွင်းတွေ့လာခဲ့ရင်လည်း စာမူဖော်ပြထားမှုကို ရုပ်သိမ်းပြီး ချက်ချင်း ပြန်လည်ပြင်ဆင်ပါမယ်။ အကယ်၍ စာရေးသူလက်က စောဒကတက်စရာ ဒါမှမဟုတ် ငြင်းဆိုစရာ ရှိလာခဲ့ရင်တော့ အယ်ဒီတာအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီး သင့်လျော်သလို ဆောင်ရွက်ပါမယ်။ ဆွေးနွေးညှိနှိုင်းမှု အပြီးမှာတော့ ISP-Myanmar အယ်ဒီတာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကသာ နောက်ဆုံး အပြီးအပြတ်အတည် ဖြစ်ပါမယ်။


မလျော်ကန်ဆောင်ရွက်မှုအပေါ် လုပ်ဆောင်မည့် မူဝါဒ

ရွေးချယ်ခံရပြီးနောက် ဖော်ပြလိုက်တဲ့ စာမူဟာ မလျော်ကန်စွာ ဆောင်ရွက်ထားဆိုတဲ့ စွပ်စွဲချက်တွေ ရှိလာရင် သင့်လျော်သလို ချက်ချင်း စုံစမ်းစစ်ဆေးပါမယ်။  စုံစမ်းစစ်ဆေးမှုကို အယ်ဒီတာအဖွဲ့ အပါအဝင် ကျွမ်းကျင်သူပညာရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက်ပါမယ်။ ဒီနေရာမှာလည်း စာရေးသူဘက်က စောဒကတက်စရာ ဒါမှမဟုတ် ငြင်းဆိုစရာ ရှိလာခဲ့ရင် အယ်ဒီတာအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ဆွေးနွေးညှိနှိုင်းမှုအပြီးမှာတော့ ISP-Myanmar အယ်ဒီတာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကသာ နောက်ဆုံးအပြီးအပြတ်အတည် ဖြစ်ပါမယ်။ အကယ်၍ မလျော်မကန် ဆောင်ရွက်ထားတာ ထင်ရှားတယ်ဆိုရင် စာမူဖော်ပြချက်ကို ချက်ချင်းရုပ်သိမ်းပါမယ်။ စာရေးသူကိုလည်း ကျူးလွန်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး စာမူဖော်ပြခွင့် သုံးလကနေ ရာသက်ပန် အထိ တားမြစ်ပါမယ်။


လေးစားမှုဖြင့် ဆက်ဆံခြင်း

ISP-Myanmar က ဝန်ဆောင်မှုပေးလိုတဲ့ စာဖတ်သူလူမှုအသိုက်အဝန်းအတွက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ အရည် အသွေးမြင့်မားတဲ့ ထုတ်ဝေဖြန့်ချိမှုတွေ ဖြစ်လာစေဖို့အတွက် အပြန်အလှန် လေးလေးစားစားဆက်ဆံဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ စာမူပေးပို့ ရွေးချယ်ဖော်ပြကြတဲ့ အဆင့်ဆင့်တိုင်းမှာ ပါဝင်သူတွေဟာ ကျွမ်းကျင်သူပညာရှင်ပီသစွာ ပြုမူဖို့ လိုအပ်ပါတယ်။ စာမူရှင်၊ စိစစ်သုံးသပ်သူ၊ စာဖတ်သူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ လေးစားမှုရှိစွာ ဆောင်ရွက်ပါမယ်။ ရန်လိုတဲ့ အမူအကျင့်၊ ဖိနှိပ်စော်ကားမှု၊ ဗိုလ်ကျမှု၊ ခွဲခြားဆက်ဆံမှုတွေ ရှိလာခဲ့ရင် လုံးဝသည်းညည်းခံမှာ မဟုတ်ပါဘူး။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *