မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ၎င်းတို့၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက မှားယွင်းစွာ ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနဲ့ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဇွန်လ ၁၇ ရက်နေ့ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
