11 Apr 2025 မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့် နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံးတွေ့ရပါတယ်။
7 Apr 2025 ငလျင်ဒဏ်ကြားက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကမ္ဘာ့အလယ်မှာ အထီးကျန်မှု၊ မေတ္တာငတ်မွတ်မှု၊ အကူအညီမဲ့မှု၊ ဂုဏ်သိက္ခာမဲ့မှု၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ များစွာသော စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ... သက်ဆိုင်ရာမူဝါဒချမှတ်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အရေးတကြီး ထည့်သွင်းစဉ်းစားရတော့မယ့် အခြေအနေဖြစ်ပါတယ်။
6 Apr 2025 ကျနော်တို့ဟာ ဆက်သွယ်မှုဧရိယာအပြင်ဘက်မှာ စစ်အာဏာရှင်အမြစ်တွယ်နေတဲ့ မြန်မာ့မြေဆီလွှာမှာတော့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာသစ်ပင်တွေ အညွန့်တုံးလို့နေပါတယ်။ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာရဲ့ အသီးအပွင့်ကို ဆာလောင်ငတ်မွတ်ရသူတွေလည်း တိုးလို့ပဲ လာနေပါတယ်။
4 Apr 2025 အပူဟူသမျှ အတူမျှကြမယ် ဒုက္ခကြောင့်ဖြစ်တဲ့ မျက်ရည်စက်တွေကိုသာ အရောင်ခြယ်ပြီး သိမ်းထားလို့ရရင် ဒါက ရေကြီးတုန်းက၊ ဒါက မုန်တိုင်းတုန်းက၊ ဒါကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတုန်းက၊ ဒါက ရွာမီးရှို့ခံရတုန်းက၊ ဒါက ငလျင်တုန်းက၊ ဒါဟာ ဗုံးကြဲတုန်းကလို့ တကယ်ခြယ်ထားလိုက်ချင်မိတယ်။