Featured Bilateral Ceasefires: Fragmentation of Elusive Peace Process in Myanmar Research by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
26 Mar 2026 စွမ်းအင်အကျပ်အတည်း သရောကြီးခိုင်းချိန် – the Down of the State လက်ရှိကြုံတွေ့နေရတဲ့ စက်သုံးဆီအကျပ်အတည်းက ပြည်တွင်းတည်ငြိမ်ရေးနဲ့ ပြည်တွင်းပြည်ပမှာ တရားဝင်ရေးကနေ မျက်နှာရချင်နေတဲ့ စစ်အစိုးရအတွက် ထိုးနှက်ချက်တခုပါပဲ။ တကယ်တော့ စစ်တပ်က စီမံနေတဲ့ ဣရိယာပုတ် အပြောင်းအလဲဟာ ‘The Dawn of a New State’ မြန်မာ့မျက်နှာစာသစ် မဟုတ်ဘဲ ‘The Down of the State’ သရောကြီးခိုင်းချိန်ပဲ ဖြစ်နေပါတယ်။
6 Feb 2026 စစ်ခေါင်းဆောင်နှင့် သမ္မတထက်ပိုသော ခြေလှမ်း သမ္မတသိပ်ဖြစ်ချင်တဲ့ စစ်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့သမ္မတအိပ်မက်က စွန့်စားရာကျတယ်လို့ အတွေးဝင်လာတာကြောင့် သမ္မတအထက်မှာ နေလို့ရမယ့် ရွေးချယ်စရာနောက်တခု ဖန်တီးထားပုံလည်း ရပါတယ်။
30 Dec 2025 မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင် ထင်သလောက် လွယ်ပါ့မလား ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။
26 Dec 2025 သေနတ်ပြောင်းဝဥပဒေဖြင့် အာဏာဆက်ချုပ်ကိုင်မည့် စစ်ခေါင်းဆောင် လွှတ်တော်ကနေတဆင့် သမ္မတရာထူး ခန့်အပ်လက်ခံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုပါ ပူးတွဲရယူထားတာမျိုး ဖြစ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေက လွှတ်တော်က ဥပဒေတချို့ကို ပြင်ဆင်ပြဋ္ဌာန်းကာ စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဘက်ကော်မရှင်ဥက္ကဋ္ဌနေရာနဲ့ သမ္မတရာထူး ပူးတွဲရယူတာမျိုး ဖန်တီးလုပ်ဆောင်လာနိုင်ပါတယ်။
23 Dec 2025 အားနည်းချက်ကို ရောင်းကုန်အဖြစ် လှည့်စားနေသော စစ်ခေါင်းဆောင် စစ်ခေါင်းဆောင်ရဲ့ လှည့်ကွက်က ရိုးရှင်းပါတယ်...စစ်တပ်သာ ပြိုကွဲသွားရင် မြန်မာနိုင်ငံဟာ ဘယ်သူမှ မထိန်းချုပ်နိုင်တဲ့ ‘ကျဆုံးနိုင်ငံ’ (failed state) ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ၊ လက်နက်မှောင်ခိုမှုတွေ၊ မတည်ငြိမ်မှုတွေ စတဲ့ နောက်ဆက်တွဲဂယက်တွေကို ကြုံရလာပါလိမ့်မယ်ဆိုတာပါပဲ။
4 Nov 2025 အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏ စစ်ခေါင်းဆောင်တဦးသည် သူ၏ အတိုက်အခံ/ရန်သူဟု သဘောထားလျှင် တောင်ကုန်းတခုကို သိမ်းယူသလို လက်ဦးမှုရယူမည်သာဖြစ်သည်။ နိုင်ငံရေးကျင့်ဝတ်သိက္ခာအရ စဥ်းစားလိမ့်မည်မဟုတ်ချေ။ ‘ကျနော် ဘာမဆိုလုပ်ရဲတယ်’ဆိုသည့် စကားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းဖို့ ကြိုတင်လေသံပစ်ခဲ့သော စကားဖြစ်သည်။ ပထမဆုံးဝါကျတွင် မေးထားသော မေးခွန်း၏ အဖြေလည်း ဖြစ်သည်။ အာဏာရှင်ဆိုသည်မှာ အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏။
30 Sep 2025 မော်စကိုပြန် စစ်ခေါင်းဆောင် – ငွေကုန်ကြေးကျများလှသော သံခင်းတမန်ခင်း ဒီလှုပ်ရှားမှုတွေဟာ စစ်တပ် ဒါမှမဟုတ် စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ရေပေါ်ဆီထိပ်သီး လူနည်းစုက ဦးစီးတဲ့ နိုင်ငံဗဟိုပြု အကျပ်အတည်း စီမံခန့်ခွဲမှုပုံစံ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆက်လက်ရှင်သန်ရေး၊ နိုင်ငံတကာ တရားဝင်မှုနဲ့ ရေပေါ်ဆီ လူနည်းစုအလွှာရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးချင်တာ ဖြစ်ပါတယ်။ အများပြည်သူကို အကျိုးဖြစ်တဲ့ စီးပွားရေး နာလန်ထရေး ဒါမှမဟုတ် လူမှုဖွံ့ဖြိုးရေးတို့ကို ဦးစားမပေးပါဘူး။
23 Sep 2025 အာဏာရှင်စနစ်၏ အောင်မြင်သောထုတ်ကုန် စစ်ဗိုလ်ချုပ်ကြီးများ စစ်တပ်က ပုံစံချလို့မရတဲ့၊ အဆိပ်အတောက်တွေကိုမစားသုံးတဲ့ မအောင်မြင်သောထုတ်ကုန်တွေက ဒီနေရာဒီရာထူးကို ဘယ်သောအခါမှ မရောက်နိုင်ပါဘူး။ နှစ်ကာလ ကြာရှည်စွာ စစ်ဆေးမှုစံနှုန်းအဆင့်ဆင့်၊ ဆန်ခါအဆင့်ဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးမှ ရောက်ရှိလာတယ်ဆိုတာကို သတိမမေ့ဖို့ လိုအပ်ပါတယ်။