Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
16 Mar 2026 ဘွိုင်းကော့လုပ်ခြင်းနှင့် အစားထိုးရွေးချယ်စရာ ရှားပါးမှု ပြည်တွင်းမှာ ကျန်ရစ်သူတွေအနေနဲ့ စစ်တပ်နဲ့ဖက်စပ်လုပ်ငန်းတွေကလာတဲ့ ဝန်ဆောင်မှုတွေ၊ စားသောက်ကုန်တွေကို မသုံးရင် ဘာကိုအစားထိုးသုံးရမလဲဆိုတာ အခုအချိန်မှာ ဝေခွဲမရ ဖြစ်နေကြပါပြီ။ စီးပွားရေးလုပ်ငန်းစုကြီးတွေကို စစ်တပ်ရဲ့ ပင်မကုမ္ပဏီတွေဖြစ်တဲ့ MEC နဲ့ MEHL တွေသာမက စစ်တပ်နဲ့ နီးစပ်သူတွေ၊ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူတွေကပဲ လွှမ်းမိုးပိုင်ဆိုင်ထားတာကို တွေ့ရလို့ပါပဲ။
6 Jan 2026 ဒီဂျစ်တယ် သတိ၊ ဒီဂျစ်တယ် တာဝန်ယူမှု စစ်တပ်ရဲ့ သတင်းကွန်ရက်တည်ဆောက်ထားမှုနဲ့ အမိန့်စီးဆင်းမှုပုံစံတွေ သိရှိထားဖို့လိုအပ်သလို တော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းလိုက်နာဖို့နဲ့ ဒီဂျစ်တယ်လုံခြုံရေးအားနည်းတာ၊ တော်လှန်ရေးတပ်တွေအပေါ်မှာ ဘယ်သူက တာဝန်ရှိလို့ ဘယ်လိုတာဝန်ယူမလဲဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
27 Nov 2025 သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များ စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။
23 Sep 2025 အာဏာရှင်စနစ်၏ အောင်မြင်သောထုတ်ကုန် စစ်ဗိုလ်ချုပ်ကြီးများ စစ်တပ်က ပုံစံချလို့မရတဲ့၊ အဆိပ်အတောက်တွေကိုမစားသုံးတဲ့ မအောင်မြင်သောထုတ်ကုန်တွေက ဒီနေရာဒီရာထူးကို ဘယ်သောအခါမှ မရောက်နိုင်ပါဘူး။ နှစ်ကာလ ကြာရှည်စွာ စစ်ဆေးမှုစံနှုန်းအဆင့်ဆင့်၊ ဆန်ခါအဆင့်ဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးမှ ရောက်ရှိလာတယ်ဆိုတာကို သတိမမေ့ဖို့ လိုအပ်ပါတယ်။
18 Sep 2025 ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။