Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
7 Aug 2026 အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။
9 Jun 2026 နယူးဒေလီသွားတောလား – မြန်မာ့အရေး အိန္ဒိယအစိုးရ၏ ချဉ်းကပ်မှု "သမိုင်းကို ပြန်ကြည့်ရရင် ဆက်ဆံရေးဖြတ်လိုက်တာက ဆက်ဆံရေးရှိနေတာထက် ပိုကောင်းတဲ့ ရလဒ်တွေ မပေးနိုင်ဘူးဆိုတာ တွေ့ရမှာပါ။ ... ဆက်ဆံရေး ဖြတ်လိုက်မယ်ဆိုရင် လေဟာနယ်တခုလို ဖြစ်သွားပြီး တခြားသူတွေ ဝင်နေရာယူလာပါလိမ့်မယ်။ ... အဲဒီ တခြားသူတွေဆိုတာကလည်း ဒီမိုကရေစီအရေးကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး" လို့လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။
5 Jun 2026 အတားအဆီးများကြားက ရွှေ့ပြောင်းလုပ်သားတို့၏ အိမ်ပြန်ခရီး စစ်အုပ်စုကို မကြိုက်ပေမဲ့လည်း ကိုယ့်မိသားစုဆီ ပြန်နိုင်ဖို့ အခွန်ပေးရမယ်ဆိုရင်လည်း ပေးရမှာပေါ့။ မိသားစုနဲ့အကြာကြီးခွဲနေရပြီးတော့မှ ခဏတွေ့ရမှာလေ တန်ပါတယ်။ ဒါပေမဲ့ အခွန်ပေးရတာနဲ့တန်အောင် စိတ်ချမ်းသာမှုတော့ ရချင်တယ်။ ကျနော်တို့၊ ကျမတို့ သူများနိုင်ငံမှာ အခက်အခဲဖြစ်ရင် ကိုယ့်နိုင်ငံသံရုံးက ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီတာမျိုး လိုချင်တယ်။
27 May 2026 စစ်အာဏာရှင်များ၏ သမိုင်းလိမ်ဗျူဟာ အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။
11 May 2026 မြန်မာစစ်အာဏာရှင်တို့၏ အလုပ်ဖြစ်နေဆဲ အကွက်ဟောင်းများ နိုင်ငံရေးဦးဆောင်သူတွေ အပါအဝင် လူအများစု သတိမပြုမိတဲ့၊ ကျယ်ကျယ်လောင်လောင် မပြောကြတဲ့ ဖြစ်ရပ်တခု ရှိနေပါတယ်။ အဲဒါကတော့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲတွေ၊ လွှတ်တော်နဲ့ သမ္မတရွေးချယ်မှုတွေကို စိတ်ဝင်စားနေခဲ့ကြချိန်မှာ အာဏာရှင်က အရေးပါတဲ့ ဥပဒေပိုင်းဆိုင်ရာ ပြဋ္ဌာန်းမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါပဲ။
3 Mar 2026 တော်လှန်ရေးမှာ အာသာဖြေကြသူများ အတိတ်က မစွမ်းနိုင်ဖြစ်ရတာ၊ ဂုဏ်သိက္ခာချို့ယွင်းတာ၊ ငွေကြေးချို့တဲ့တာ စတဲ့ဒဏ်တွေကို ခံစားရင်း ရလာခဲ့တဲ့ စိတ်ဒဏ်ရာ (trauma) တွေကို အာဏာရှိလာတဲ့အခါ ငွေကြေးအရ အမြတ်ထုတ်တာ၊ ဆင်းရဲဒဏ်ကြောင့်ဖြစ်တဲ့ လုံခြုံမှုကင်းမဲ့စိတ် (Insecurity) ကို ငွေကြေးနဲ့ဖြစ်စေ၊ အာဏာနဲ့ဖြစ်စေ ဖာထေးတာတွေ လုပ်လာကြပါတယ်။ စာရေးသူကိုယ်တိုင်လည်း တော်လှန်ရေးနယ်ပယ်ထဲမှာ ပါဝင်နေသူတဦးဖြစ်တဲ့အလျောက် ဒီလိုကိစ္စတွေကို မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။
19 Feb 2026 ဥပဒေနည်းကျ ဆိုသော်လည်း တော်လှန်ရေးနယ်မြေအချို့မှာ အခွန်ကောက်ခံတဲ့အခါ အာဏာရှင်ခေတ်တွေကအတိုင်း ‘အမိန့်’ နဲ့ ကောက်ခံတာ၊ ကောက်ခံရရှိတဲ့ အခွန်ငွေကို သုံးစွဲတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာတွေ ရှိနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုတွေမှာလည်း စနစ်ဟောင်းက ဥပဒေပုဒ်မတွေကိုပဲ အသုံးပြုပြီး တရားစီရင်နေတာမျိုးတွေ ရှိနေတာဟာ ‘စနစ်သစ်’ ကို သွားနေတဲ့ လမ်းကြောင်းအပေါ် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။
18 Dec 2025 ပြည်ချစ်စိတ်၊ ဂုဏ်ယူမှုနှင့် သပွတ်အူတော်လှန်စိတ် ပြည်ချစ်စိတ်နဲ့ ဂုဏ်ယူမှုဟာ CDM/Non-CDM အမှတ်အသားတွေအကြားမှာ ဂယက်ထနေပါတယ်။ ပြည်သူတွေအနေနဲ့ တခါတရံ လူသားဆန်တဲ့ စိတ်ခံစားချက်တွေကို ဦးစားပေးပြီး နိုင်ငံရေးစည်းမျဉ်းကို ယာယီဖြေလျှော့ကြပေမဲ့ ယေဘုယျအားဖြင့် လူထုဟာ စစ်အာဏာရှင်စနစ်နဲ့ အဆက်အသွယ် လုံးဝဖြတ်လိုနေကြပါတာကို တွေ့ရမှာပါ။
16 Dec 2025 ဆီးရီးယားလွတ်မြောက်ရေးနေ့နှင့် မပြီးဆုံးသေးသည့် မြန်မာ့နွေဦး ဒမတ်စကတ်တွင် မီးရှူးမီးပန်းများသည် ကောင်းကင်ယံတွင် လင်းဝေနေသည်။ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒုက္ခသည်ထောင်ပေါင်းများစွာ ပြန်လာနေကြသည်။ မြန်မာပြည်၏ ညများသည် ဖယောင်းတိုင်၏အလင်းရောင်နှင့် စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်များ၏ အသံများဖြင့် ပြည့်နေသည်။