Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis Recap Memo by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
11 Sep 2026 စစ်အာဏာစက်အောက်က မြို့ပြလူငယ်ရောင်းဝယ်ရေး စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ စစ်မှုထမ်းကိစ္စကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ အတိအလင်း ပြောထားပါတယ်။ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့ကြီးပြကြီးတွေမှာ အပတ်စဉ်တခုတိုင်းအတွက် စစ်မှုထမ်းသတ်မှတ်အရေအတွက် ပြည့်မီအောင် ပေးရတဲ့အခြေအနေကတဖြည်းဖြည်းနဲ့ လူငယ်အမျိုးသားတွေအပေါ် သက်ရောက်မှု ကြီးလာပါတယ်။ သေဘေးနဲ့ ကြုံရနိုင်တဲ့အန္တရာယ်က လူငယ်တွေရဲ့လက်တကမ်းမှာ ရှိနေသလို ခံစားနေကြရပါတယ်။
24 Aug 2026 အထီးကျန်မှု၊ လက်နက်နှင့် ရှင်သန်ရေးကြားက မြန်မာ-ရုရှား ဆက်ဆံရေး ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိက လက်နက်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံတွေထဲက တခုဖြစ်ခဲ့တာ ကြာပါပြီ။ ကိန်းဂဏန်းတွေအရ တရုတ်ဆီက ဝယ်ယူတာပြီးရင် ဒုတိယလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီအကူအညီက ပိုပြီး အရေးပါလာပါတယ်။
12 Aug 2026 ကံနှင့်ဉာဏ်သာမက အစိုးရကောင်းပါ လိုအပ်သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။
23 Jul 2026 မနွဲ့ရည်များနှင့် ခေတ်ဆိုးက တွန်းပို့နေသော အဆိုးကျော့သံသရာ ကျောင်းရပ်နားထားတဲ့ ကျောင်းသူတချို့ကို အင်တာဗျူးလုပ်ရင်း သူတို့လည်း ကျမလိုပဲ မနွဲ့ရည်တွေ မဖြစ်ကြဖို့ ကြိုးစားနေကြတာသိခဲ့ရတယ်။ တယောက်ကဆို သူ့အိပ်မက်၊ သူတက်ခဲ့တဲ့ ဘာသာရပ်နဲ့ မဆိုင်တာတွေလုပ်နေရတဲ့အပြင် စားဝတ်နေရေးအတွက်သာ ဦးစားပေးလုပ်ရကြောင်း ငိုရင်းပြောပြတော့ ကျမပါ သူနဲ့ ရောငိုမိပါတယ်။ ခေတ်ကာလအခြေအနေတွေကပဲ ကျမတို့အရွယ်တွေကို မနွဲ့ရည်လို ‘မစပ်သောငရုတ်’ ဖြစ်အောင် တွန်းပို့နေတာမှန်း သဘောပေါက်လာတယ်။
7 Apr 2026 လူငယ်၊ ပေါ်တာ၊ လောင်စာ လူငယ်တွေကို လိုအပ်တိုင်း ထုတ်သုံးလို့ရမယ့် စစ်သားအဖြစ်ပဲ မြင်နေမယ်ဆိုရင် အောင်ပွဲရတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက် ပါဝင်နိုင်မယ့်လူ ရှားပါးသွားပြီး နွမ်းပါးစုတ်ဖွာနေတဲ့ မြေပုံအပျက်တခုကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။
26 Mar 2026 စွမ်းအင်အကျပ်အတည်း သရောကြီးခိုင်းချိန် – the Down of the State လက်ရှိကြုံတွေ့နေရတဲ့ စက်သုံးဆီအကျပ်အတည်းက ပြည်တွင်းတည်ငြိမ်ရေးနဲ့ ပြည်တွင်းပြည်ပမှာ တရားဝင်ရေးကနေ မျက်နှာရချင်နေတဲ့ စစ်အစိုးရအတွက် ထိုးနှက်ချက်တခုပါပဲ။ တကယ်တော့ စစ်တပ်က စီမံနေတဲ့ ဣရိယာပုတ် အပြောင်းအလဲဟာ ‘The Dawn of a New State’ မြန်မာ့မျက်နှာစာသစ် မဟုတ်ဘဲ ‘The Down of the State’ သရောကြီးခိုင်းချိန်ပဲ ဖြစ်နေပါတယ်။
9 Mar 2026 ရန်ကုန်အိပ်မက်ကို စွန့်ခွာသွားကြသူများ ရန်ကုန်အိပ်မက်အတွက် ပြန်ပြင်လို့မရနိုင်လောက်အောင် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကတော့ အိပ်မက်မက်သူတွေ ကိုယ်တိုင် ပျောက်ဆုံးသွားခြင်းပါပဲ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ်တံခါးဝကို သံမှိုရိုက်ပြီး အသေပိတ်လိုက်သလို ဖြစ်သွားခဲ့တယ်။
3 Mar 2026 တော်လှန်ရေးမှာ အာသာဖြေကြသူများ အတိတ်က မစွမ်းနိုင်ဖြစ်ရတာ၊ ဂုဏ်သိက္ခာချို့ယွင်းတာ၊ ငွေကြေးချို့တဲ့တာ စတဲ့ဒဏ်တွေကို ခံစားရင်း ရလာခဲ့တဲ့ စိတ်ဒဏ်ရာ (trauma) တွေကို အာဏာရှိလာတဲ့အခါ ငွေကြေးအရ အမြတ်ထုတ်တာ၊ ဆင်းရဲဒဏ်ကြောင့်ဖြစ်တဲ့ လုံခြုံမှုကင်းမဲ့စိတ် (Insecurity) ကို ငွေကြေးနဲ့ဖြစ်စေ၊ အာဏာနဲ့ဖြစ်စေ ဖာထေးတာတွေ လုပ်လာကြပါတယ်။ စာရေးသူကိုယ်တိုင်လည်း တော်လှန်ရေးနယ်ပယ်ထဲမှာ ပါဝင်နေသူတဦးဖြစ်တဲ့အလျောက် ဒီလိုကိစ္စတွေကို မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။
13 Feb 2026 ဝိပတ္တိနေ့စွဲများ မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။
10 Feb 2026 ကျားဖြန့်ပညာရေး နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးသယောင်ယောင်နဲ့ တကယ်တမ်း နိုင်ငံခြားကျောင်းပြောင်းတော့မယ်ဆိုမှ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းက ဘယ်နိုင်ငံခြားတက္ကသိုလ်တွေကမှ အသိအမှတ်ပြုမထားလို့ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပုံလို့ပါပဲ။
3 Feb 2026 မိုးမျှော်တိုက်များအောက်က နင်းပြားဘဝများနှင့် တပိုင်းတစပညာရေး မြန်မာလူငယ်တွေနဲ့ နိုင်ငံတကာပညာရေးအကြားမှာ ငွေကြေးအခက်အခဲက အကြီးမားဆုံး အဟန့်အတား ဖြစ်နေပေမဲ့ လက်ရှိအခြေအနေမှာ အလုပ်လုပ်ရင်း အချိန်ပေးနိုင်တဲ့ အခမဲ့ online platform တွေ (ဥပမာ- Coursera, EdX) ဒါမှမဟုတ် skills-based သင်တန်းတွေကို အသုံးချသင့်ပါတယ်။
4 Nov 2025 အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏ စစ်ခေါင်းဆောင်တဦးသည် သူ၏ အတိုက်အခံ/ရန်သူဟု သဘောထားလျှင် တောင်ကုန်းတခုကို သိမ်းယူသလို လက်ဦးမှုရယူမည်သာဖြစ်သည်။ နိုင်ငံရေးကျင့်ဝတ်သိက္ခာအရ စဥ်းစားလိမ့်မည်မဟုတ်ချေ။ ‘ကျနော် ဘာမဆိုလုပ်ရဲတယ်’ဆိုသည့် စကားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းဖို့ ကြိုတင်လေသံပစ်ခဲ့သော စကားဖြစ်သည်။ ပထမဆုံးဝါကျတွင် မေးထားသော မေးခွန်း၏ အဖြေလည်း ဖြစ်သည်။ အာဏာရှင်ဆိုသည်မှာ အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏။
24 Oct 2025 တော်လှန်ဘုရား အဆူဆူနှင့် နွေဦး၏ စက်ခေါင်းများ ပြောလည်း ပြော၊ ကြောက်လည်း ကြောက်ရသည်။ ပွင့်တော်မူကုန်ပြီးသော တော်လှန်ဘုရားများ၊ ပွင့်တော်မူလတ္တံ့သော ဗျာဒိတ်တော်ရ ကိုယ်တော်များ ရွှေစိတ်တော် ငြိုငြင်မှာစိုးသည်။ ထို့ကြောင့် ဤစာစုကို ဖတ်မိရင်း “ငါ့များ ပြောနေသလား”ဟု တွေးမိကုန်ကြလျှင် “ဟုတ်တယ် ခင်ဗျားကို ပြောနေတာပါပဲခင်ဗျာ”ဟူ၍ တဦးဆိုင်နာမ် တွေးပေးစေလိုသည်။
18 Sep 2025 ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။
11 Sep 2025 ဘီယာမရှိသော ရခိုင်ပြည် တောအရက်အနည်းငယ်ကို လက်ညှိုးမှာ ဆွတ်ပြီး မီးရှို့ကြည့်တဲ့အခါ ဟုန်းခနဲ မီးထတောက်တတ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းနေတာဟာ မက်သနောဓာတ်များစွာပါနေတဲ့ အဆိပ်ငွေ့ဖြစ်တယ်...ဆိုတော့ မိတ်ဆွေတို့ အာရက္ခဒေသသို့ အလည်လာခဲ့ရင် ရှိတာလေးနဲ့ပဲ တည်ခင်းဧည့်ခံပါရစေလို့… ။