Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis Recap Memo by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
7 Nov 2025 မေတ္တာရပ်လူတန်းစား ထွန်းကားလာသည့် ရက္ခိုင်ပြည် စစ်ရေးအောင်ပွဲတွေကို ချီးကျူးထောပနာပြုနေကြပေမဲ့ စစ်ဘေးဒဏ်သင့်သူတွေရဲ့ အသံနဲ့ လူမှုဒုက္ခပြဿနာတွေကို အချက်အလက်၊ ကိန်းဂဏန်တွေနဲ့ ကိုင်ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက္ခိုင်ပြည်သူတွေထဲမှာ ဒုက္ခတောင်လိုပုံပြီး စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ တပုံတပင်ကြီးပါ။
31 Oct 2025 မြန်မာပြည်တောင်ဖျားက ကျိန်စာ ပတ်ဝန်းကျင်အန္တရာယ်များကို သိလျက်နှင့် မူဝါဒများမချမှတ်ဘဲ ဆက်လက်တူးဖော်ခွင့်ပြုနေပါက ၎င်းတို့သည် ဒေသခံပြည်သူ၏ ရေရှည်အကျိုးစီးပွားကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ ထိုသို့ လျစ်လျူရှုခြင်းသည် တော်လှန်ရေး၏ နိုင်ငံရေးအနှစ်သာရနှင့် ရည်မှန်းချက်ကနေ လက်တွေ့တွင် လွဲချော်နေပြီဟု ဆိုနိုင်မည်ဖြစ်သည်။
25 Sep 2025 ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ် ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။
28 Aug 2025 ရယ်စရာပြောတာ မရယ်လိုက်ရဘူး တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့။
19 Jul 2025 စစ်နွံထဲက ပြည်သူ၊ ပြည်သူထဲက မျှော်လင့်ချက် ပစ္စည်းဥစ္စာတွေ ပေါင်နှံရောင်းချ နေကြရတာ၊ မိသားစုအတွင်း ကတောက်ကဆဖြစ်ပွားရမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေထဲမှာ အများစုရဲ့ ဆန္ဒက စစ်ရေးအောင်မြင်မှုတွေအပြင် သူတို့ရဲ့ နေ့စဉ်ဘဝတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေးတို့ ဖြစ်တယ်...
16 Jul 2025 နှစ်ပေါင်းနှစ်ရာ ပြည့်တော့မည့် အထီးကျန်မြို့ လက်နက်နဲ့ အာဏာကိုပြကာ ကျောမွဲတွေဆီက ရသမျှခြစ်ထုတ် အမြတ်ယူကြသူတွေက ရာထူး၊ ဂုဏ်ရှိန်အတွက် မြို့ကလေးကို ညှဉ်းပန်းကြတယ်၊ မြို့ခံတွေ မွဲပြာကျတယ်။ ကျောင်းတွေ အဓမ္မဖွင့်တယ်၊ မြို့ခံတွေ ငတ်ပြတ်ကြတယ်။ အုပ်ချုပ်ရေးရုံးတွေ အဓမ္မဖွင့်ကြတယ်၊ မြို့ခံတွေ မျက်ရည်ကျကြတယ်၊ အဓမ္မသတင်းစာတွေထဲ မြို့ကလေးရဲ့ ရိက္ခာတွေပါလာတတ်တယ်။
7 Jul 2025 ပညာရှာ ပိုက်ဆံဘယ်မှာလဲ ရန်ကုန်လို စစ်ဘေးကင်း လုံခြုံတဲ့နေရာက ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို အခုလိုတွေးမိတော့ စစ်မီးလျှံကြား၊ ဗုံးကြဲလေယာဉ်တွေကြားထဲ စာသင်ရင်း ဗုံးခိုကျင်းထဲပြေးကြရတဲ့ ကလေးငယ်တွေရဲ့ဘဝတွေဟာ ကျမမျက်စိထဲ ရောင်ပြန်ဟပ်ပြီး မျက်ရည်ဝိုင်းလာပါတော့တယ်။
16 Jun 2025 စစ်သုံ့ပန်းများကို မည်သို့တရားစီရင်မည်နည်း နှစ်ဖက်စလုံးက သူသေကိုယ်သေ ရင်ဆိုင်တိုက်ခဲ့ပြီးမှ ဖမ်းမိတာ၊ လက်နက်ချတာဖြစ်လို့ ဒေါသတွေလည်း အနည်မကျသေးပါဘူး။ တိုက်ပွဲအတွင်းမှာ ကိုယ့်ဘက်က အဖိတ်အစဉ်ရှိခဲ့ရင် ပိုဆိုးပါလိမ့်မယ်။
28 Apr 2025 အတိတ်ဒုက္ခ၊ ပစ္စုပ္ပန်ဒုက္ခ၊ အနာဂတ်ဒုက္ခ ပြည်သူတွေရဲ့ဒုက္ခကို နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒီပြည်သူလူထုဟာ ခဏလောက်ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရခြင်းနဲ့ ထိုက်တန်ပါတယ်။ အခုလိုမျိုး လက်တွေ့ဒုက္ခရောက်နေတဲ့အချိန်မှာ လက်ရှိဒုက္ခကိုပဲ ဖြေရှင်းကြရအောင်ပါ။ အတိတ်ကိုကော၊ အနာဂတ်ကိုကော ခဏမေ့ထားကြပါမယ်။ ဒီလိုပြောလို့လည်း ဆဲကြ၊ ဆိုကြဦးမှာပါ။ သေချာပါတယ်။
24 Mar 2025 စိတ်ကူးယဉ်စစ်ပွဲများ၏ ဟိုမှာဘက်ဆီ ကလေးတစုကစားကြတော့ ‘မင်းက စစ်သားလုပ်၊ ငါက ပီဒီအဖ်လုပ်မယ်’လို့ ပြောကြသတဲ့။ ... ကျနော်တို့ ငယ်ငယ်ကတော့ ‘ငါက စစ်သားလုပ်မယ်၊ မင်းက သူပုန်လုပ်’ဆိုပြီး ရှိခဲ့ပါတယ်။ ... အခုကျတော့ ကလေးတွေဟာ စစ်သားမဖြစ်ချင်တော့ပါဘူး။
21 Mar 2025 စစ်နှင့်ကျွမ်းဝင်ခြင်း ပကဖ၊ ပလဖတွေရဲ့ အကြမ်းဖက်မှုတွေကို ကြားရတဲ့အခါ တော်လှန်ရေးရဲ့ တိမ်းညွတ်မှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ... စနစ်ချထားတဲ့ စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးနဲ့ စနစ်မချနိုင်သေးတဲ့ စစ်တပ်လေးတွေရဲ့ စစ်အုပ်ချုပ်ရေးအကြားမှာ ပြည်သူလူထုရဲ့ သည်းခံနိုင်စွမ်းဟာ နေ့တိုင်း အစမ်းသပ်ခံဖြစ်လာပါတယ်။