Featured Threading the Needle: A Much-Needed Thai Model for Myanmar’s Political Puzzle ISP OnPoint by ISP Admin
Featured Threading the Needle: A Much-Needed Thai Model for Myanmar’s Political Puzzle ISP OnPoint by ISP Admin
11 May 2025 ပြေးရေးခက်ခက် – ပြည်ပရောက်မြန်မာများ၏ စစ်မှုထမ်းသောက အရင်တုန်းက ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့မြန်မာတွေ စစ်ကောင်စီလက်ထဲ ပြန်လွှဲခံရတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်ရာကျွတ်ရာ သွားခွင့်ရှိပေမဲ့ အခု စစ်မှုထမ်းရောင်းစားတဲ့ဈေးကွက်နဲ့ စစ်မှုထမ်းလိုအပ်ချက် ဖြစ်ပေါ်လာချိန်မှာတော့ အလွှဲခံရတဲ့မြန်မာလူငယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံနဲ့ ပြန်မရွေးထုတ်နိုင်ရင် စစ်မှုထမ်းသင်တန်းကျောင်း ရောက်တော့တယ်။
4 Apr 2025 အပူဟူသမျှ အတူမျှကြမယ် ဒုက္ခကြောင့်ဖြစ်တဲ့ မျက်ရည်စက်တွေကိုသာ အရောင်ခြယ်ပြီး သိမ်းထားလို့ရရင် ဒါက ရေကြီးတုန်းက၊ ဒါက မုန်တိုင်းတုန်းက၊ ဒါကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတုန်းက၊ ဒါက ရွာမီးရှို့ခံရတုန်းက၊ ဒါက ငလျင်တုန်းက၊ ဒါဟာ ဗုံးကြဲတုန်းကလို့ တကယ်ခြယ်ထားလိုက်ချင်မိတယ်။
2 Apr 2025 ပြည်သူ့အသက်ကို ဦးစားပေးပါ နိုင်ငံသားတွေအားလုံးရဲ့ အသက်ကို ကာကွယ်ဖို့က အဓိကဦးစားပေးဖြစ်သင့်တာပါ။ CDM ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူတာ၊ ပိတ်ထားတဲ့ ဆေးရုံတွေကို ပြန်ဖွင့်ခွင့်ပေးတာနဲ့ နိုင်ငံတကာအကူအညီတွေကို ထိထိရောက်ရောက် အသုံးချမှသာ ... မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။
17 Mar 2025 အညာဟာ အညာခံနေရသလား – အညာစစ်တမ်း အညာဟာ တော်လှန်ရေးကြာလာတာနဲ့အမျှ အပြောအဆိုခံ၊ အငြိုငြင်ခံလာရပါတယ်။ အငြိုငြင်ခံထိုက်လို့ ခံနေရတာလား၊ အညာသားတွေဟာ တော်လှန်ရေးအသုံးချ လုပ်စားနေကြတာလားဆိုတဲ့ မေးခွန်းတွေ တသီကြီး ထွက်လာပါလိမ့်မယ်။
12 Mar 2025 ရန်ပွဲထက်ပိုသော TNLA နဲ့ KIA ရဲ့ အငြင်းပွားမှုဟာ ဘုံရန်သူရှိလို့ ညီညွတ်ရမယ်ဆိုတဲ့ အပေါ်ယံဆန်ဆန် မှတ်ချက်တွေနဲ့ ဖုံးဖိလိုက်လို့ရမယ့် ကိစ္စမဟုတ်ပါဘူး။ ‘အရေးကြီးပြီ သွေးစည်းစို့’ တို့၊ ‘ဘုံရန်သူကို သိရမယ်’ တို့လို စကားလုံးတွေဟာ အရင်းခံတင်းမာမှုတွေကို မဖြေရှင်းနိုင်သေးတဲ့ကာလပတ်လုံးမှာ အထောက်အပံ့ မဖြစ်နိုင်ပါဘူး။
5 Mar 2025 မြန်မာ့အရေး သံဃာတော်တွေ ဘယ်လိုမြင်ကြသလဲ သံဃာအများစုဟာ စစ်အာဏာသိမ်းမှုကို အကောင်းမမြင်ကြပါဘူး။ ပြီးတော့ အခုစစ်ကောင်စီလက်ထက်မှာ ဗုဒ္ဓဘာသာအပေါ် ကိုးကွယ်ယုံကြည်မှု၊ သံဃာထုအတွင်း စုစည်းညီညွတ်မှု၊ အစိုးရနဲ့ သံဃာအကြား ဆက်ဆံရေး ဒီသုံးချက်စလုံးဟာ ပျက်စီး ဒါမှမဟုတ် အားနည်းသွားတယ်လို့လည်း မြင်ကြပါတယ်။
2 Mar 2025 နိုင်ငံရေးသမားကို ဆယ်လီဇာတ်သွင်းခြင်း တော်လှန်ရေးကာလမှာ ရန်ပုံငွေရှာဖွေပေးနိုင်တဲ့ အင်အားကြောင့် နိုင်ငံရေးအရ ပြောရေးဆိုခွင့်ရှိသူဆန်ဆန်၊ ခေါင်းဆောင်ဆန်ဆန် ပြောခွင့်အနေအထားတွေရသွား၊ ရှိသွားတာကလည်း စိုးရိမ်ဖွယ်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်လှန်ရေးအစိုးရ ဝန်ကြီးဆိုသူကပါ တော်လှန်ရေးဆယ်လီ ရန်ပုံငွေရှာဖွေသူတဦးကို ပြန်လည်တောင်းပန်ရတဲ့အထိ ဆယ်လီအရှိန်အဝါက ကြီးလာခဲ့ပါတယ်။