12 Mar 2025 ရန်ပွဲထက်ပိုသော TNLA နဲ့ KIA ရဲ့ အငြင်းပွားမှုဟာ ဘုံရန်သူရှိလို့ ညီညွတ်ရမယ်ဆိုတဲ့ အပေါ်ယံဆန်ဆန် မှတ်ချက်တွေနဲ့ ဖုံးဖိလိုက်လို့ရမယ့် ကိစ္စမဟုတ်ပါဘူး။ ‘အရေးကြီးပြီ သွေးစည်းစို့’ တို့၊ ‘ဘုံရန်သူကို သိရမယ်’ တို့လို စကားလုံးတွေဟာ အရင်းခံတင်းမာမှုတွေကို မဖြေရှင်းနိုင်သေးတဲ့ကာလပတ်လုံးမှာ အထောက်အပံ့ မဖြစ်နိုင်ပါဘူး။