Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis Recap Memo by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
2 Sep 2026 အာဟာရမဲ့မြို့ပြနှင့် ဆေးဆိုးထားသော အသားများ တိတ်ဆိတ်စွာ စီးဆင်းနေတဲ့ မိုးရေစီးကြောင်းတွေဟာ မြို့သူမြို့သားတွေရဲ့ မျက်ရည်၊ ချွေးတို့နဲ့ ပေါင်းစပ်သွားသလို အဆက်မပြတ် ရွာသွန်းမှုတိုင်းက လူတွေရဲ့ ရုန်းကန်နိုင်စွမ်းကို စိမ့်ဝင်တိုက်စားနေပုံရတယ်။ မိုးယိုတဲ့ အိမ်တွေအောက်၊ ရေလျှံနေတဲ့ လမ်းမတွေပေါ်နဲ့ ဆေးဆိုးထားတဲ့ အသားတွေကို ဝယ်စားနေရတဲ့ လူတွေရဲ့ဘဝကိုကြည့်ရင်း ရန်ကုန်ဆိုတဲ့မြို့ကြီးရဲ့ ခက်ခဲနက်နဲလှတဲ့ အရှိတရားဟာ မိုးရေနဲ့အတူ ပိုပြီး လေးလံခါးသီးလို့လာတာပဲလို့ ပြောရမလိုဖြစ်နေပါတယ်။
17 Aug 2026 သားနှစ်ယောက်ကို မြင်ပါသည် အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်တဲ့ သားတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲ ကိုယ်ကျိုးစီးပွားကိုပဲ ရှာတဲ့ သားတွေ၊ လက်နက်လည်း မကိုင်၊ စီးပွားလည်း မရှာဘဲ အလိုက်သင့်နေထိုင်တဲ့ သားဆိုတဲ့ သားသုံးယောက်ပါ။ … ဒုတိယသားတွေဟာ သီးနှံတွေ တင်ပို့ရောင်းချဝယ်ယူတဲ့ လမ်းခရီးမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေများစွာကို ကြုံခဲ့ကြရပါတယ်။… ဒါပေမဲ့လည်း ဒီအလုပ်ကို ဆက်လုပ်နေကြတုန်းပါ။ စိုးမိုးနယ်မြေက ပြည်သူတွေ ငတ်ပြတ်မသေစေဖို့အတွက်ပါပဲ။
12 Aug 2026 ကံနှင့်ဉာဏ်သာမက အစိုးရကောင်းပါ လိုအပ်သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။
10 Aug 2026 ရေပြင်အောက်က လေးမျက်နှာ အကူအညီများကို အမှန်တကယ်လိုအပ်နေသည့် နေရာများသို့ အချိန်မီ ရောက်ရှိအောင် စနစ်တကျ ပူးပေါင်းညှိနှိုင်းပေးနိုင်ခြင်းသည် အလှူငွေပမာဏထက်ပင် အရေးကြီးလာနိုင်သည်။ ထို့အပြင် ရေဘေးကြောင့် ဝင်ငွေဆုံးရှုံးသွားသော မိသားစုများ၏ စားဝတ်နေရေးကို ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးရန်မှာလည်း အရေးကြီးပါသည်။
7 Aug 2026 အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။
5 Aug 2026 မြစ်ကြီးနားက ခရီးသွားသောက ကုန်းလမ်းလမ်းပန်းဆက်သွယ်ရေးဟာ အရေးပေါ်သွားလာဖို့ မလိုသူတွေနဲ့ မတတ်သာတဲ့အဆုံး ကံကိုရင်းပြီး ရရာလမ်းကြောင်းက သွားမှရမယ်ဆိုတဲ့သူတွေအတွက်သာ ဖြစ်နေပါတော့တယ်။ ဒီလိုဘေးကျပ်နံကျပ်အခြေအနေမှာ လေကြောင်းလိုင်းကို ပိုပြီးအားကိုးနေထိုင်လာရပါတယ်။ ဒါပေမဲ့ လေကြောင်းလိုင်းကလည်း လူထုဘက်ကသာ တဖက်သတ်မှီခိုနေရပေမဲ့ အားကိုးမရလှပါဘူး။
3 Aug 2026 နေ့တာတိုသော မြို့ အာဏာသိမ်းပြီးကတည်းက လှုပ်ရှားရုန်းကန်နိုင်တဲ့အချိန် နည်းလာလိုက်တာ အခုဆို နေ့တာဟာ ခြောက်နာရီလောက်ပဲ ကျန်တော့တယ် ထင်ရပါတယ်။ ရွာကလာတဲ့ အသီးအရွက်ကားတွေ၊ သားငါးသည်တွေက မနက်ခုနစ်နာရီလောက်ထိ ဈေးကို ရောက်မလာသေးဘူး။ ကံမကောင်းရင် စစ်ဆေးရေးဂိတ်က အကြောင်းပြချက်မရှိ ပိတ်လိုက်လို့ ရောက်မလာဘဲ လှည့်ပြန်သွားရတဲ့ ဈေးသည်တွေလည်း ရှိတယ်။
6 Jul 2026 ကြားလူကိုရန်ဘက်ပြု၍ လူမှုအရင်းအနှီး ဆုံးရှုံးရခြင်း မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကိုယ့်ဘက်မှာ ရှိနေတဲ့သူတွေအပေါ်မှာသာ မူတည်နေတယ်ဆိုတာ ရာခိုင်နှုန်းပြည့် မမှန်နိုင်ပါဘူး။ ကြားမှာ ရပ်နေသူတွေ၊ စောင့်ကြည့်နေသူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်ဖို့ မသေချာသေးသူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံနေသလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေမှာပါ။
30 Jun 2026 ပြည်သူ မကြည်ဖြူသော အခွန်ဖြစ်နေပါလျှင်… စစ်ကိုင်းတိုင်းအတွင်းမှာ Starlink ဝိုင်ဖိုင်စက်တွေကို အခွန်ကောက်ဖို့ မြို့နယ် ပအဖ တွေက လုပ်ဆောင်နေပါတယ်။ ဘယ်ကဏ္ဍကနေမဆို အခွန်ကောက်မယ်ဆိုရင် ဒီအခွန်ငွေတွေကို အခွန်ဆောင်ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုပုံစံ ပြန်လည်သုံးစွဲမယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသင့်တယ်လို့ မြင်ပါတယ်။ ဒါမှသာ အခွန်ဆောင်ရမယ့် ပြည်သူတွေကလည်း ကြည်ဖြူမှာဖြစ်ပြီး ပြည်သူကြည်ဖြူမှလည်း တော်လှန်ရေးခရီးက ရေရှည်ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။
12 Jun 2026 မသေရုံတမယ် ရှင်သန်နေရသော ဘဝများ အရင်ကတော့ "အတတ်နိုင်ဆုံး အသက်ရှင်ပါ" ဆိုတဲ့စကားဟာ ခန္ဓာကိုယ် တည်ဆောက်ပုံ ပုံမှန်ရှိသူ၊ စိတ်အခြေအနေ ပုံမှန်ရှိနေသူတွေအတွက် သိပ်ပြီး မလိုအပ်ခဲ့ပါဘူး။ အခုတော့ "အတတ်နိုင်ဆုံး အသက်ရှင်ပါ" ဆိုတဲ့စကားဟာ မြန်မာပြည်သူတရပ်လုံးအတွက် လိုအပ်နေတဲ့ အားပေးစကားလေးတခွန်း ဖြစ်လာခဲ့ပါတယ်။
5 Jun 2026 အတားအဆီးများကြားက ရွှေ့ပြောင်းလုပ်သားတို့၏ အိမ်ပြန်ခရီး စစ်အုပ်စုကို မကြိုက်ပေမဲ့လည်း ကိုယ့်မိသားစုဆီ ပြန်နိုင်ဖို့ အခွန်ပေးရမယ်ဆိုရင်လည်း ပေးရမှာပေါ့။ မိသားစုနဲ့အကြာကြီးခွဲနေရပြီးတော့မှ ခဏတွေ့ရမှာလေ တန်ပါတယ်။ ဒါပေမဲ့ အခွန်ပေးရတာနဲ့တန်အောင် စိတ်ချမ်းသာမှုတော့ ရချင်တယ်။ ကျနော်တို့၊ ကျမတို့ သူများနိုင်ငံမှာ အခက်အခဲဖြစ်ရင် ကိုယ့်နိုင်ငံသံရုံးက ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီတာမျိုး လိုချင်တယ်။
29 May 2026 အာရက္ခမြေမှ စစ်မှုထမ်းသောက ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။... ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။
21 May 2026 မှတ်ပင်အောက်တွင် ပြန်ဆုံမည် တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။
18 May 2026 မူဝါဒတခြား လူထုတခြား – နေပြည်တော်နှင့် ဝေးခဲ့ပြီ ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။
13 May 2026 သယံဇာတ မြေစာပုံထက်က အသံမဲ့ ဒဏ်ရာများ နိုင်ငံကြီးတွေမှာ လေထုသန့်စင်သွားဖို့၊ ပတ်ဝန်းကျင် စိမ်းလန်းဖို့အတွက် ကျနော်တို့ဆီမှာ မြေတွေ ပြို၊ တောင်တွေ ပြောင်၊ မြစ်တွေ ခန်းပြီး လူတွေ အဆိပ်သင့်နေရတာဟာ သိပ်ကို ရင်နာစရာကောင်းတယ်။