Featured Myanmar Military’s Offensive on Rakhine: Preliminary Analysis and Three Scenarios ISP OnPoint by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
21 May 2026 မှတ်ပင်အောက်တွင် ပြန်ဆုံမည် တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။
18 May 2026 မူဝါဒတခြား လူထုတခြား – နေပြည်တော်နှင့် ဝေးခဲ့ပြီ ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။
13 May 2026 သယံဇာတ မြေစာပုံထက်က အသံမဲ့ ဒဏ်ရာများ နိုင်ငံကြီးတွေမှာ လေထုသန့်စင်သွားဖို့၊ ပတ်ဝန်းကျင် စိမ်းလန်းဖို့အတွက် ကျနော်တို့ဆီမှာ မြေတွေ ပြို၊ တောင်တွေ ပြောင်၊ မြစ်တွေ ခန်းပြီး လူတွေ အဆိပ်သင့်နေရတာဟာ သိပ်ကို ရင်နာစရာကောင်းတယ်။
29 Apr 2026 မိုးပြိုလုလု – တော်လှန်ရေးကာလ ကျန်းမာရေးအကျပ်အတည်း နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုအကြား ဦးစားပေးမှု မတူညီကြပါဘူး။ နိုင်ငံရေးသမားတွေအဖို့ တော်လှန်ရေးပန်းတိုင်တွေက ပိုဦးစားပေးစရာဖြစ်ပေမဲ့ ဒေသခံပြည်သူတွေအဖို့တော့ အသက်ရှင်သန်ရေးက နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီလို ဦးစားပေးမှု မတူညီတာရဲ့ အကျိုးဆက်က တော်လှန်ရေးရဲ့ ရေရှည်တည်တံ့မှုကိုပါ ခြိမ်းခြောက်လာနေပါတယ်။
19 Mar 2026 အိမ်နီးချင်း၏ ရောင်စုံခြယ်နိုင်ငံရေးဇာတ်ခုံ အာဏာလက်ကိုင်ပြုထားသူတွေက နည်းမျိုးစုံနဲ့ ဖိနှိပ်ပြီး ဇာတ်သိမ်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ လူငယ်တွေကတော့ ‘လဲလေ ပိုထလေ’ဆိုတဲ့ ပစ်တိုင်းထောင် စိတ်ဓာတ်နဲ့ အမြဲတမ်း ပြန်လာပါတယ်။ ဒါကြောင့်လည်း ဒီလူငယ်တွေဟာ အပိုင်တွက်လို့မရတဲ့ ရင်ဆိုင်ရ အလှဆုံး ပြိုင်ဘက်ကောင်းတွေ ဖြစ်လာတာပေါ့။ ဝါရင့်နိုင်ငံရေးသမားကြီး အနုတင်အတွက်လည်း ဒီလိုပဲ ဖြစ်ခဲ့မှာပါ။
16 Mar 2026 ဘွိုင်းကော့လုပ်ခြင်းနှင့် အစားထိုးရွေးချယ်စရာ ရှားပါးမှု ပြည်တွင်းမှာ ကျန်ရစ်သူတွေအနေနဲ့ စစ်တပ်နဲ့ဖက်စပ်လုပ်ငန်းတွေကလာတဲ့ ဝန်ဆောင်မှုတွေ၊ စားသောက်ကုန်တွေကို မသုံးရင် ဘာကိုအစားထိုးသုံးရမလဲဆိုတာ အခုအချိန်မှာ ဝေခွဲမရ ဖြစ်နေကြပါပြီ။ စီးပွားရေးလုပ်ငန်းစုကြီးတွေကို စစ်တပ်ရဲ့ ပင်မကုမ္ပဏီတွေဖြစ်တဲ့ MEC နဲ့ MEHL တွေသာမက စစ်တပ်နဲ့ နီးစပ်သူတွေ၊ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူတွေကပဲ လွှမ်းမိုးပိုင်ဆိုင်ထားတာကို တွေ့ရလို့ပါပဲ။
6 Mar 2026 ဆယ်လီတွေက နိုင်ငံရေးဦးဆောင်သူတွေလား ဆယ်လီတွေက ပြည်သူတွေကို နိုင်ငံရေးတရား တက်ဟောတာတို့၊ နိုင်ငံရေးသိပ္ပံထဲက အကြောင်းအရာတွေကို ကိုယ်နားလည်သလို ပြောနေတာတို့ကတော့ အကျိုးထက် အဆိုးက ပိုများပါလိမ့်မယ်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေထဲက ‘ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ’ ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။
13 Feb 2026 ဝိပတ္တိနေ့စွဲများ မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။
30 Dec 2025 မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင် ထင်သလောက် လွယ်ပါ့မလား ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။
24 Dec 2025 ကြွတက်နေဦးမည့် လူထုလှုပ်ရှားမှု ဘယ်ဆီဘယ်ခရီးသို့ လူထုဟာ အသံတိတ်သပိတ်ကတဆင့် သူတို့ရဲ့ နိုင်ငံဲရေးလိုလားချက် အာသီသကို သမိုင်းအစဉ်အဆက် မပျက်မကွက် ပြသခဲ့သလို ထပ်မံပြသခဲ့ပြီးပါပြီ။ အတိုက်အခံခေါင်းဆောင်တွေအတွက်တော့ ဒီအာသီသနဲ့ ပါဝင်မှုတွေကို ကြွေးကြော်သံ slogan သက်သက်တင်မဟုတ်ဘဲ ရလဒ်ထွက်စေမယ့် အစီအမံ program တွေအဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ ပုစ္ဆာကို အဖြေရှာဖို့သာ လိုအပ်ပါကြောင်း တိုက်တွန်းချင်ပါတယ်။
27 Nov 2025 သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များ စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။
16 Oct 2025 ‘ကယ်တင်ရှင်’တို့၏အလွန် – စိမ်းလန်းသော မျှော်လင့်ချက်များဆီသို့ (ရေတံခွန်အောက်က ရှုပ်ထွေးသော အရိပ်များ) စစ်ရေးအရ အောင်မြင်မှုဟာ နိုင်ငံရေးအရ အောင်မြင်မှုနဲ့ ထပ်တူမကျပါဘူး။ လုံခြုံရေးပေးတယ်ဆိုတာ လက်နက်အင်အားနဲ့ ရန်သူကို ချေမှုန်းရုံသက်သက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ အရေးကြီးပါတယ်။
14 Oct 2025 ဓားသွား မကြွေ၊ လှံမခွေဖို့ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။
12 Aug 2025 စစ်ကြောင့်ကြေရသော မျိုးစေ့နှင့် ကျေးလက်ယဉ်ကျေးမှု တောင်သူမိသားစုအချင်းချင်း ကောက်ပဲသီးနှံမျိုးစေ့တွေ လဲလှယ်တာနဲ့ ချစ်ကြည်ရင်းနှီးစွာ ကိုယ့်လယ်ကိုယ့်ယာ၊ ကိုယ့်အခင်းကိုယ့်ခြံတွေမှာ တဦးနဲ့ တဦး လုပ်အားပေးကြတဲ့ ဓလေ့တွေဟာလည်း စစ်ပွဲကြောင့် ပျက်ကုန်ပါတယ်။
19 Jul 2025 စစ်နွံထဲက ပြည်သူ၊ ပြည်သူထဲက မျှော်လင့်ချက် ပစ္စည်းဥစ္စာတွေ ပေါင်နှံရောင်းချ နေကြရတာ၊ မိသားစုအတွင်း ကတောက်ကဆဖြစ်ပွားရမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေထဲမှာ အများစုရဲ့ ဆန္ဒက စစ်ရေးအောင်မြင်မှုတွေအပြင် သူတို့ရဲ့ နေ့စဉ်ဘဝတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေးတို့ ဖြစ်တယ်...