Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis Recap Memo by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
26 Aug 2026 မဏိပူရကန့်ကွက်သံနှင့် နယ်မြေအလဲအထပ် အဆိုပြုချက် မဏိပူရက အရပ်ဘက်အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို နယ်မြေ တလက်မလေးပဲဖြစ်ဖြစ် ပေးအပ်လိုက်မယ့်အရေးကို အသေအလဲ ကန့်ကွက်နေကြပါတယ်။ ဒီလို လုပ် တာဟာ နယ်မြေတည်တံ့ခိုင်မြဲမှုကို အပေးအယူလုပ်လိုက်တာဖြစ်သလို ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ရပ် တည်ရေးအတွက် ခြိမ်းခြောက်မှုတခုလည်း ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီလုပ်ငန်းစဉ်က အိမ်တွေ၊ ခြံတွေ၊ အထွတ်အမြတ်ထားရာ နေရာတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ထိခိုက်စေမှာဖြစ်လို့ပါပဲ။
24 Aug 2026 အထီးကျန်မှု၊ လက်နက်နှင့် ရှင်သန်ရေးကြားက မြန်မာ-ရုရှား ဆက်ဆံရေး ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိက လက်နက်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံတွေထဲက တခုဖြစ်ခဲ့တာ ကြာပါပြီ။ ကိန်းဂဏန်းတွေအရ တရုတ်ဆီက ဝယ်ယူတာပြီးရင် ဒုတိယလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီအကူအညီက ပိုပြီး အရေးပါလာပါတယ်။
12 Aug 2026 ကံနှင့်ဉာဏ်သာမက အစိုးရကောင်းပါ လိုအပ်သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။
15 May 2026 မည်သို့ချည်မှ မြဲမည်နည်း ပြည်မအတိုက်အခံတွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပါဝင်မှုအတိမ်အနက်ကို အမှန်၊ အမှား၊ တရားမျှတမှုနဲ့ ကိုယ်ကျင့်ရှုထောင့်တွေထက် အကျိုးစီးပွားချင်း ဘယ်လောက် တွဲချည်ထားနိုင်မလဲဆိုတာအပေါ် မူတည်ပြီး မှန်းဆသင့်တယ်လို့ ဆိုချင်ပါတယ်။
11 May 2026 မြန်မာစစ်အာဏာရှင်တို့၏ အလုပ်ဖြစ်နေဆဲ အကွက်ဟောင်းများ နိုင်ငံရေးဦးဆောင်သူတွေ အပါအဝင် လူအများစု သတိမပြုမိတဲ့၊ ကျယ်ကျယ်လောင်လောင် မပြောကြတဲ့ ဖြစ်ရပ်တခု ရှိနေပါတယ်။ အဲဒါကတော့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲတွေ၊ လွှတ်တော်နဲ့ သမ္မတရွေးချယ်မှုတွေကို စိတ်ဝင်စားနေခဲ့ကြချိန်မှာ အာဏာရှင်က အရေးပါတဲ့ ဥပဒေပိုင်းဆိုင်ရာ ပြဋ္ဌာန်းမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါပဲ။
26 Feb 2026 အိန္ဒိယကိုပါ နစ်မွန်းစေသော မြန်မာ့မူးယစ်နွံ မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပျံ့နှံ့လာတာကြောင့် HIV ကူးစက်မှုနှုန်း မြင့်မားလာနိုင်ခြေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ တရားဥပဒေစိုးမိုးရေး ပြဿနာသက်သက် မဟုတ်တော့ဘဲ လူမှုရေး အကျပ်အတည်းကြီးတခု ဖြစ်လာနေပါပြီ။
30 Jan 2026 ၇၇ နှစ်မြောက် ကရင့်တော်လှန်ရေးကို ဂုဏ်ပြုဆင်ခြင်ခြင်း – ခုခံတော်လှန်ရေးမှသည် ဖက်ဒရယ်နိုင်ငံတော်ကို ထုဆစ်ခြင်းသို့ ကရင်လူမျိုးများနှင့် ကေအဲန်ယူအတွက် ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့သည် အမှတ်ရရန် နေ့ရက်တခုအဖြစ်သာမကဘဲ တခဏရပ်နား၍ မဟာဗျူဟာမြောက် ပြန်လည်သုံးသပ်ရမည့် အခါသမယ ဖြစ်သည်။
27 Jan 2026 ISP ကော်လံ တနှစ်ပြည့်ခဲ့ပြီ ထင်ရှားတဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကတော့ ‘အသိသစ်၊ အတွေးသစ်၊ အယူအဆသစ် မပါရင် စာအုပ်သစ် မရေးနဲ့’ လို့ ဆိုခဲ့ဖူးပါတယ်။ ISP Column ကိုလည်း လူငယ်တွေရဲ့ အမြင်သစ်၊ အယူအဆသစ်တွေ ဖော်ထုတ်ရာ၊ စုဝေးရာအဖြစ် ပုံဖော်ချင်တာပါ။ စာမူတွေဟာ ISP-Myanmar ရဲ့ အယူအဆတွေနဲ့ ကိုက်ညီဖို့ မလိုအပ်ပါဘူး၊ စိတ်ကြိုက်တင်ပြနိုင်ပါတယ်။
16 Dec 2025 ဆီးရီးယားလွတ်မြောက်ရေးနေ့နှင့် မပြီးဆုံးသေးသည့် မြန်မာ့နွေဦး ဒမတ်စကတ်တွင် မီးရှူးမီးပန်းများသည် ကောင်းကင်ယံတွင် လင်းဝေနေသည်။ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒုက္ခသည်ထောင်ပေါင်းများစွာ ပြန်လာနေကြသည်။ မြန်မာပြည်၏ ညများသည် ဖယောင်းတိုင်၏အလင်းရောင်နှင့် စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်များ၏ အသံများဖြင့် ပြည့်နေသည်။
28 Oct 2025 မြန်မာပြည်ပြန်ကြမှာလား – ရွှေ့ပြောင်းမြန်မာတွေဖြစ်လာဖို့ ဆွဲငင်အားနှင့် တွန်းထုတ်အား ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးတွေဆီကလည်း ကြားနေကျတခုရှိပါတယ်။ “မင်းတို့နိုင်ငံမှာ ဒီလောက်အခြေအနေတွေဆိုးနေတာတောင် မင်းတို့လူမျိုး အလုပ်သမားတွေက ဘယ်အချိန်မေးမေး အိမ်မပြန်တော့ဘူးလို့ တခါမှ မဖြေကြဘူး” တဲ့။
21 Oct 2025 မြန်မာ့အရေး အမေရိကန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာနှင့် အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုများ စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို နောက်ခံထားပြီး မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး ပြုလုပ်ဖို့ တိတ်တဆိတ်လုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
2 Oct 2025 ဒုတိယကမ္ဘာစစ်အတွင်းက လီဒိုလမ်းမ – အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာပြည်မြောက်ပိုင်းစီးပွားရေးကို ပြောင်းလဲစေနိုင်မလား ကူးသန်းသွားလာဖို့ ဒီလမ်းကြောင်းကို နှစ်ထောင်ချီ အသုံးပြုခဲ့ပြီး ဗြိတိသျှတွေကလည်း မဟာဗျူဟာမြောက် လွှမ်းမိုးနိုင်ဖို့ ပြန်လည်အသုံးပြုခဲ့တာပါ...လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထ စီးပွားအဖွံ့ဖြိုးဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံသုံးခုကို ချိတ်ဆက်ပေးထားလို့ ကုန်းတွင်းပိတ် ဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွက် အပြောင်းအလဲကြီးကို ယူဆောင်လာမှာ ဖြစ်ပါတယ်။
5 Sep 2025 ရှန်ဟိုင်းပူးပေါင်းအဖွဲ့ (SCO) ဝင်ဖြစ်ရေး စစ်ကော်မရှင်၏ ကြိုးပမ်းမှု – ပြည်တွင်းပြည်ပ သက်ရောက်နိုင်ခြေများ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။
28 Aug 2025 ရယ်စရာပြောတာ မရယ်လိုက်ရဘူး တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့။
26 Aug 2025 မြန်မာပြည်တွင် ရှင်သန်ရခြင်း၏ ဝန်ထုပ်ဝန်ပိုး စစ်ကော်မရှင်အနေနဲ့ စစ်မှုထမ်းခိုင်းတဲ့အရသာကို ခံတွင်းတွေ့သွားပါပြီ။ အခုဆို အမျိုးသမီးစစ်မှုထမ်း အပတ်စဥ်တစ်ကိုတောင် စခေါ်လိုက်ပါသေးတယ်။ ဒါတွေကိုကြည့်ရင် ရွေးကောက်ပွဲအလွန်မှာလည်း စစ်မှုထမ်းကိစ္စကို ဖြေလျှော့ဖို့ မရှိနိုင်ပါဘူး။ ပဋိပက္ခအရှိန်လျော့ကျ(conflict de-escalation) လာရင်တော့ လူငယ်တွေ စစ်မှုထမ်းအန္တရာယ်လျော့မယ့် အခြေအနေရှိပါတယ်။