Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis Recap Memo by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
19 Aug 2026 ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရမည့် မီဇိုရမ်စင်္ကြံ တကယ့်မြေပြင်မှာတော့ အာရက္ခတပ်တော်နဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ကြား ကုန်သွယ်မှုပြုရာမှာ လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ညှိနှိုင်းဆောင်ရွက်တာက ရှောင်လွှဲလို့မရတဲ့ လက်တွေ့အရှိတရား ဖြစ်တယ်ဆိုပေမဲ့ တရားဝင်မှု (legitimacy) အပိုင်းနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်မူဝါဒ အပြောင်းအလဲတွေကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ မရေရာမှုတွေ ရှိနေပါသေးတယ်။
27 Jul 2026 ‘ငါမှန်-သူမှား’ နောက်ကွယ်က အာရက္ခဒေသ မြေပြင်အမှန်တရားနှင့် ပကတိအမြင် လူသားချင်းစာနာမှုနဲ့ တဦးချင်းလွတ်လပ်ခွင့်အရ ကိုယ့်ကိုယ်ကိုယ် သီးသန့်အမည်တခု ခံယူခေါ်ဝေါ်လိုတာကို နားလည်ပေးနိုင်ပေမဲ့ အဲဒီအမှတ်အသားကို အခြေပြုပြီး ဝေသာလီနဲ့ မြောက်ဦးလို ဒေသခံတွေရဲ့ သမိုင်းဝင်နယ်မြေတွေနဲ့ ဌာနေသမိုင်းကြောင်းတွေကို ပုံဖျက်တာ၊ နိုင်ငံရေးအရ နယ်မြေခွဲဝေပိုင်ဆိုင်ခွင့်အထိ တောင်းဆိုလာတာကိုတော့ ဒေသခံလူထုအနေနဲ့ ဘယ်လိုမှလက်ခံနိုင်မှာ မဟုတ်ပါဘူး။
14 Jul 2026 ‘ငါမှန်-သူမှား’ အမြင်ကို ပြန်လည်သုံးသပ်ခြင်း – သမိုင်း၊ ဥပဒေနှင့် လူသားချင်းစာနာမှု ရခိုင်နဲ့ ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နှစ်ဖက်စလုံးရဲ့ နာကျင်ခံစားရမှုတွေကို အပြည့်အဝ အသိအမှတ်ပြုပြီး အာဏာမညီမျှမှုကို ဖြေရှင်းဖို့ပါပဲ။ ‘ငါမှန်-သူမှား’ ဆိုတဲ့ အမြင်ကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက နစ်နာသူတွေရဲ့ အသံကို နားထောင်ပေးခြင်းပါပဲ။ ... တရားမျှတမှုနဲ့ လူသားချင်းစာနာမှုကို အခြေခံတဲ့ ချဉ်းကပ်မှုမျိုးနဲ့မှသာ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
10 Jul 2026 ‘ငါမှန်-သူမှား’ အမြင်နှင့် ရိုဟင်ဂျာအရေး ဇာတ်ကြောင်းပုံဖော်မှုများ လူ့အခွင့်အရေးစံနှုန်းတွေအရ နစ်နာသူတွေအတွက် ထုတ်ဖော်ပြောဆိုတာဟာ လူသားတိုင်းရဲ့ လွတ်လပ်ခွင့်တခုဆိုပေမဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို အသုံးချပြီးတော့ သမိုင်းကြောင်းဆိုင်ရာတွေ၊ လူမှုရေးကျင့်ဝတ်တွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာတာဟာ ငြိမ်းချမ်းရေးကို သွားတဲ့ လမ်းစဉ်မျိုးမဟုတ်ဘဲ ပဋိပက္ခဖြစ်လာစေဖို့ အမုန်းစကားတွေနဲ့ မီးစာထည့်ရာ ရောက်ပါတယ်။
3 Jul 2026 သက်ငယ်မုဒိမ်းနှင့် လွတ်မြောက်နယ်မြေက ဥပဒေကွက်လပ် အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲနေတဲ့ ခေတ်ဆိုးကြီးကို အသုံးချပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားနေတာတွေကို လူ့အဖွဲ့အစည်းတွေက မျက်ကွယ်မပြုထားသင့်သလို တော်လှန်ရေးအစိုးရဆိုတဲ့ အာဏာပိုင်တွေကလည်း တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။
11 Sep 2025 ဘီယာမရှိသော ရခိုင်ပြည် တောအရက်အနည်းငယ်ကို လက်ညှိုးမှာ ဆွတ်ပြီး မီးရှို့ကြည့်တဲ့အခါ ဟုန်းခနဲ မီးထတောက်တတ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းနေတာဟာ မက်သနောဓာတ်များစွာပါနေတဲ့ အဆိပ်ငွေ့ဖြစ်တယ်...ဆိုတော့ မိတ်ဆွေတို့ အာရက္ခဒေသသို့ အလည်လာခဲ့ရင် ရှိတာလေးနဲ့ပဲ တည်ခင်းဧည့်ခံပါရစေလို့… ။
19 Aug 2025 ဆက်သွယ်မှုကျိန်စာသင့် ရခိုင်ပြည် ပြည်သူထောက်ခံမှုရှိနေတဲ့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ဆက်သွယ်ရေးလိုင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း စတဲ့ ဆက်သွယ်ရေး နား၊ မျက်စိတွေကို ရခိုင်ပြည်သူတိုင်း လက်လှမ်းမီစေဖို့ (ဆိုးကျိုးမဖြစ်စေဘဲ) လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ရအောင် ကြိုးပမ်းသင့်ပါတယ်။
16 Jul 2025 နှစ်ပေါင်းနှစ်ရာ ပြည့်တော့မည့် အထီးကျန်မြို့ လက်နက်နဲ့ အာဏာကိုပြကာ ကျောမွဲတွေဆီက ရသမျှခြစ်ထုတ် အမြတ်ယူကြသူတွေက ရာထူး၊ ဂုဏ်ရှိန်အတွက် မြို့ကလေးကို ညှဉ်းပန်းကြတယ်၊ မြို့ခံတွေ မွဲပြာကျတယ်။ ကျောင်းတွေ အဓမ္မဖွင့်တယ်၊ မြို့ခံတွေ ငတ်ပြတ်ကြတယ်။ အုပ်ချုပ်ရေးရုံးတွေ အဓမ္မဖွင့်ကြတယ်၊ မြို့ခံတွေ မျက်ရည်ကျကြတယ်၊ အဓမ္မသတင်းစာတွေထဲ မြို့ကလေးရဲ့ ရိက္ခာတွေပါလာတတ်တယ်။
30 Apr 2025 ရခိုင်တော်လှန်ရေး လည်ပြန် စစ်ဘောင်ကျယ်လာခြင်းဟာ တစုံလုံးသော လူထုအတွက် ကောင်းမွန်တဲ့လက္ခဏာတခုတော့ ဟုတ်မနေပါဘူး။ လူထုအနေနဲ့ ဒီစစ်ရေးအောင်မြင်တာတခုကိုပဲမြင်ပြီး လူ့ရပိုင်ခွင့်နဲ့ တန်ဖိုး ချိုးဖောက်ခံရမှုတွေကို သင်ပုန်းချေ၊ ညီမျှခြင်းချလိုက်ရုံနဲ့ မပြီးဘူးဆိုတာပါပဲ။