Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
30 Jul 2026 သစ်သီးခူးကြသူများ “မက်ဆေ့ချ် (ပညာပေးအချက်အလက်)၊ ဖျော်ဖြေရေးနဲ့ ဗဟုသုတ” ဆိုတာထက် ပိုမိုတဲ့ တန်ဖိုးတွေကို “သစ်သီးခူး”မှာ မြင်တွေ့ရနိုင်တယ်။ အနုပညာတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး၊ မြန်မာ့လူနေမှုဘဝတန်ဖိုး၊ သမိုင်းတန်ဖိုးနဲ့ မြန်မာအမျိုးသမီးများရဲ့လူနေမှုဘဝတန်ဖိုးတွေကို ထင်ဟပ်စေတယ်။ လက်ရှိ အသက်ရှင်ရပ်တည်နေတဲ့ မြန်မာတွေအကြောင်းကို ပြောပြနေတယ်။ ဒီတန်ဖိုးတွေထက် ပိုမိုကြီးမားတဲ့တန်ဖိုးကတော့ ရသအနုပညာခံစားမှုကတဆင့် ဘဝအသိအမြင်ကို ရစေတယ်ဆိုတဲ့ တန်ဖိုးပါ။