Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis Recap Memo by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
12 Aug 2026 ကံနှင့်ဉာဏ်သာမက အစိုးရကောင်းပါ လိုအပ်သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။
8 Jul 2026 ကံနှင့်ဉာဏ်ကို ယှဉ်ကာ ရင်ဆိုင်ရမည့် ဥတုဘေး ဒီနှစ်ကတော့ တောင်သူဦးကြီးတွေ ရင်တုန်ပန်းတုန်နဲ့ စွန့်စားအလုပ်လုပ်ကြရတော့မယ့်နှစ် ဖြစ်ပါတယ်။ ... ဒီနှစ်က ဝါထပ်တဲ့နှစ်။ လူကြီးသူမတွေ အစဉ်အဆက် ပြောလေ့ရှိတဲ့ “ဝါထပ်ရင် ရေကြီးတတ်တယ်၊ မိုးသက်မုန်တိုင်း ထန်တတ်တယ်” ဆိုတဲ့ နိမိတ်စကားက နားထဲမှာ တဝဲလည်လည်နဲ့ ခြောက်လှန့်နေပါတယ်။
10 Jun 2026 ဒဏ်သင့်ရဦးမည့် အညာမြေ – အယ်လ်နီညိုက ရောက်လာပြီ မိုးရေကို အားပြုနေရတဲ့ အညာတောင်သူတွေဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ စစ်တပ်ရဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုတွေ အရှိန်မြင့်နေချိန်မှာ အဖွဲ့အစည်း တဖက်ဖက်ဆီကနေ အယ်လ်နီညိုအတွက် ကာကွယ်မှု၊ ပြင်ဆင်မှုနဲ့ ကုစားမှု တစုံတရာ လုပ်ပေးနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
28 Apr 2025 အတိတ်ဒုက္ခ၊ ပစ္စုပ္ပန်ဒုက္ခ၊ အနာဂတ်ဒုက္ခ ပြည်သူတွေရဲ့ဒုက္ခကို နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒီပြည်သူလူထုဟာ ခဏလောက်ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရခြင်းနဲ့ ထိုက်တန်ပါတယ်။ အခုလိုမျိုး လက်တွေ့ဒုက္ခရောက်နေတဲ့အချိန်မှာ လက်ရှိဒုက္ခကိုပဲ ဖြေရှင်းကြရအောင်ပါ။ အတိတ်ကိုကော၊ အနာဂတ်ကိုကော ခဏမေ့ထားကြပါမယ်။ ဒီလိုပြောလို့လည်း ဆဲကြ၊ ဆိုကြဦးမှာပါ။ သေချာပါတယ်။
25 Apr 2025 အဖြေလွှာတွေ မီးလောင်တာ ကျောင်းသားတွေ အပြစ်လား ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာ စီမံခန့်ခွဲမှု ... အားနည်းချက်တွေ၊ တာဝန်ယူမှု ကင်းမဲ့မှုတွေ၊ ပညာရေးရဲ့ အခြေခံသဘောတရားနဲ့ ကျောင်းသားတွေအပေါ် နားလည်မှု အားနည်းတာတွေ ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။
11 Apr 2025 မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့် နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံးတွေ့ရပါတယ်။
9 Apr 2025 လဲနေသူ ထူပေးပါ၊ ဂုဏ်လုပွဲဝင်ပြီး ဂုဏ်မဆာပါနှင့် အခုလို ‘ပြန်လည်ထူထောင်ရေးကာလ’ မှာ ကျမတို့အားလုံးရဲ့ ကူညီငွေတွေဟာ အဟုတ်အမှန် အကျိုးရှိရှိ စီးဆင်းနိုင်ဖို့ စိစစ်သင့်ပါပြီ။ ဂုဏ်မလုကြဘဲနဲ့ ပြည်သူလူထုတရပ်လုံးက ဂုဏ်ပြုချင်စရာအကောင်းဆုံး အလှူဖြစ်အောင် အဓိကနဲ့ သာမညကို ပိုင်းခြားပြီး လှူဒါန်းသင့်ပါပြီ။
7 Apr 2025 ငလျင်ဒဏ်ကြားက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကမ္ဘာ့အလယ်မှာ အထီးကျန်မှု၊ မေတ္တာငတ်မွတ်မှု၊ အကူအညီမဲ့မှု၊ ဂုဏ်သိက္ခာမဲ့မှု၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ များစွာသော စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ... သက်ဆိုင်ရာမူဝါဒချမှတ်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အရေးတကြီး ထည့်သွင်းစဉ်းစားရတော့မယ့် အခြေအနေဖြစ်ပါတယ်။
4 Apr 2025 အပူဟူသမျှ အတူမျှကြမယ် ဒုက္ခကြောင့်ဖြစ်တဲ့ မျက်ရည်စက်တွေကိုသာ အရောင်ခြယ်ပြီး သိမ်းထားလို့ရရင် ဒါက ရေကြီးတုန်းက၊ ဒါက မုန်တိုင်းတုန်းက၊ ဒါကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတုန်းက၊ ဒါက ရွာမီးရှို့ခံရတုန်းက၊ ဒါက ငလျင်တုန်းက၊ ဒါဟာ ဗုံးကြဲတုန်းကလို့ တကယ်ခြယ်ထားလိုက်ချင်မိတယ်။
2 Apr 2025 ပြည်သူ့အသက်ကို ဦးစားပေးပါ နိုင်ငံသားတွေအားလုံးရဲ့ အသက်ကို ကာကွယ်ဖို့က အဓိကဦးစားပေးဖြစ်သင့်တာပါ။ CDM ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူတာ၊ ပိတ်ထားတဲ့ ဆေးရုံတွေကို ပြန်ဖွင့်ခွင့်ပေးတာနဲ့ နိုင်ငံတကာအကူအညီတွေကို ထိထိရောက်ရောက် အသုံးချမှသာ ... မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။