5 Mar 2025 မြန်မာ့အရေး သံဃာတော်တွေ ဘယ်လိုမြင်ကြသလဲ သံဃာအများစုဟာ စစ်အာဏာသိမ်းမှုကို အကောင်းမမြင်ကြပါဘူး။ ပြီးတော့ အခုစစ်ကောင်စီလက်ထက်မှာ ဗုဒ္ဓဘာသာအပေါ် ကိုးကွယ်ယုံကြည်မှု၊ သံဃာထုအတွင်း စုစည်းညီညွတ်မှု၊ အစိုးရနဲ့ သံဃာအကြား ဆက်ဆံရေး ဒီသုံးချက်စလုံးဟာ ပျက်စီး ဒါမှမဟုတ် အားနည်းသွားတယ်လို့လည်း မြင်ကြပါတယ်။