Featured Managing the Margins: China’s Risk Calculus in Myanmar’s Civil War Opinion by Htet Shein Lynn
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
10 Jun 2026 ဒဏ်သင့်ရဦးမည့် အညာမြေ – အယ်လ်နီညိုက ရောက်လာပြီ မိုးရေကို အားပြုနေရတဲ့ အညာတောင်သူတွေဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ စစ်တပ်ရဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုတွေ အရှိန်မြင့်နေချိန်မှာ အဖွဲ့အစည်း တဖက်ဖက်ဆီကနေ အယ်လ်နီညိုအတွက် ကာကွယ်မှု၊ ပြင်ဆင်မှုနဲ့ ကုစားမှု တစုံတရာ လုပ်ပေးနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
3 Jun 2026 စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများ ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။
13 Nov 2025 ဤခရီး ဝေးလှသည် တကယ်ဆို...လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။
25 Sep 2025 ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ် ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။
17 Mar 2025 အညာဟာ အညာခံနေရသလား – အညာစစ်တမ်း အညာဟာ တော်လှန်ရေးကြာလာတာနဲ့အမျှ အပြောအဆိုခံ၊ အငြိုငြင်ခံလာရပါတယ်။ အငြိုငြင်ခံထိုက်လို့ ခံနေရတာလား၊ အညာသားတွေဟာ တော်လှန်ရေးအသုံးချ လုပ်စားနေကြတာလားဆိုတဲ့ မေးခွန်းတွေ တသီကြီး ထွက်လာပါလိမ့်မယ်။