Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
31 Jul 2026 အရပ်သား ကြီးကြပ်ကွပ်ကဲမှု ဘယ်ဆီဘယ်ဝယ် စစ်အင်အားအခြေပြုထားတဲ့ အာဏာရှင်ကို စစ်လက်နက်အင်အားနဲ့ တုံ့ပြန်ရင်ဆိုင်ရမယ်ဆိုတဲ့ အယူအဆကို မငြင်းပယ်လိုပေမဲ့ အဲဒီတွန်းလှန်မယ့် စစ်ရေးအခြေပြုအင်အားစုကိုရော ဘယ်လိုပြန်ထိန်းကျောင်းမလဲဆိုတဲ့အချက်က သိပ်အရေးကြီးပါတယ်။ ဒီအင်အားစုကို မှန်မှန်ကန်ကန် မထိန်းကျောင်းနိုင်ခြင်းက လူသတ်မှု၊ မုဒိမ်းမှုစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်လို့ ပြောရင် မမှားပါဘူး။
29 Jul 2025 စစ်ကောင်စီရွေးကောက်ပွဲ ဦးသိန်းစိန် ၂.၀ ဖြစ်မလာနိုင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်စီးထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ကို အသွင်ပြောင်းလူခွဲကစားကြမယ့် အခင်းအကျင်းမျိုးပဲ ဖြစ်လာမှာပါ။ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပြည်တွင်းနိုင်ငံရေးပါတီတွေအနေနဲ့လည်း ‘ဦးသိန်းစိန် ၂.၀’ လို အခင်းအကျင်းမျိုး မျှော်လင့်ထားရင်တော့ မှားကြပါလိမ့်မယ်။