Featured Myanmar Military’s Offensive on Rakhine: Preliminary Analysis and Three Scenarios ISP OnPoint by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
21 Sep 2026 BRICS တွင် မြန်မာ ပါဝင်ခွင့်ရရေးနှင့် အိန္ဒိယ၏ အကျပ်အတည်း အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်နေတဲ့ နေပြည်တော်ဟာ နိုင်ငံတကာ မျက်နှာစာတွေမှာ အကာအကွယ်ရဖို့နဲ့ စီးပွားရေး ဆက်လည်ပတ်နိုင်ဖို့ တရုတ်ရဲ့ သံတမန်ရေး ဩဇာအာဏာကိုပဲ အကြီးအကျယ် မှီခိုနေရတာပါ။ ဒီတော့ မြန်မာ BRICS အဖွဲ့ဝင်ဖြစ်ရေးနဲ့ ပတ်သက်လို့ အိန္ဒိယဟာ အကျပ်အတည်း တွေ့လာရပြီး မြွေမသေ တုတ်မကျိုးမယ့် အဖြေတခု ရှာတွေ့ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။
26 Aug 2026 မဏိပူရကန့်ကွက်သံနှင့် နယ်မြေအလဲအထပ် အဆိုပြုချက် မဏိပူရက အရပ်ဘက်အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို နယ်မြေ တလက်မလေးပဲဖြစ်ဖြစ် ပေးအပ်လိုက်မယ့်အရေးကို အသေအလဲ ကန့်ကွက်နေကြပါတယ်။ ဒီလို လုပ် တာဟာ နယ်မြေတည်တံ့ခိုင်မြဲမှုကို အပေးအယူလုပ်လိုက်တာဖြစ်သလို ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ရပ် တည်ရေးအတွက် ခြိမ်းခြောက်မှုတခုလည်း ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီလုပ်ငန်းစဉ်က အိမ်တွေ၊ ခြံတွေ၊ အထွတ်အမြတ်ထားရာ နေရာတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ထိခိုက်စေမှာဖြစ်လို့ပါပဲ။
19 Aug 2026 ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရမည့် မီဇိုရမ်စင်္ကြံ တကယ့်မြေပြင်မှာတော့ အာရက္ခတပ်တော်နဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ကြား ကုန်သွယ်မှုပြုရာမှာ လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ညှိနှိုင်းဆောင်ရွက်တာက ရှောင်လွှဲလို့မရတဲ့ လက်တွေ့အရှိတရား ဖြစ်တယ်ဆိုပေမဲ့ တရားဝင်မှု (legitimacy) အပိုင်းနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်မူဝါဒ အပြောင်းအလဲတွေကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ မရေရာမှုတွေ ရှိနေပါသေးတယ်။
15 Jun 2026 နယ်စပ်ဒေသပြည်သူများကြားက အိန္ဒိယ-မြန်မာ ဆက်ဆံရေး မြန်မာဘက်ခြမ်းက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ချင်းလူမျိုးတွေနဲ့ အိန္ဒိယဘက်ခြမ်းကနေ လက်ခံကြိုဆိုပေးကြတဲ့ မီဇိုမိသားစုတွေအတွက်တော့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးဆိုတာ နယူးဒေလီအစိုးရရဲ့ ချဉ်းကပ်မှုသက်သက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရတော့ပါဘူး။ နှစ်ကာလရှည်ကြာ တည်ရှိခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ဆွေမျိုးရင်းချာ ဆက်ဆံရေးတွေက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို သက်ရောက်မှု ရှိလာနေပါတယ်။
9 Jun 2026 နယူးဒေလီသွားတောလား – မြန်မာ့အရေး အိန္ဒိယအစိုးရ၏ ချဉ်းကပ်မှု "သမိုင်းကို ပြန်ကြည့်ရရင် ဆက်ဆံရေးဖြတ်လိုက်တာက ဆက်ဆံရေးရှိနေတာထက် ပိုကောင်းတဲ့ ရလဒ်တွေ မပေးနိုင်ဘူးဆိုတာ တွေ့ရမှာပါ။ ... ဆက်ဆံရေး ဖြတ်လိုက်မယ်ဆိုရင် လေဟာနယ်တခုလို ဖြစ်သွားပြီး တခြားသူတွေ ဝင်နေရာယူလာပါလိမ့်မယ်။ ... အဲဒီ တခြားသူတွေဆိုတာကလည်း ဒီမိုကရေစီအရေးကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး" လို့လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။
26 Feb 2026 အိန္ဒိယကိုပါ နစ်မွန်းစေသော မြန်မာ့မူးယစ်နွံ မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပျံ့နှံ့လာတာကြောင့် HIV ကူးစက်မှုနှုန်း မြင့်မားလာနိုင်ခြေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ တရားဥပဒေစိုးမိုးရေး ပြဿနာသက်သက် မဟုတ်တော့ဘဲ လူမှုရေး အကျပ်အတည်းကြီးတခု ဖြစ်လာနေပါပြီ။
13 Jan 2026 အငြင်းပွားဖွယ် မြန်မာ့ရွေးကောက်ပွဲနှင့် ဝေဝါးနေဆဲ အိန္ဒိယ မြန်မာ့ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်စဉ်တခုကတော့ စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကရင်နီနဲ့ ရခိုင်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေ အိန္ဒိယမြို့တော်ကို ရောက်ရှိနေခြင်းပါပဲ။
9 Dec 2025 အိန္ဒိယ၏ ဗျူဟာမြောက်အကျိုးစီးပွားကို မြန်မာကာကွယ်နိုင်မည်လော စစ်ရေးအရ အားလျော့နေသေးတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အိန္ဒိယရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်မပေးနိုင်တာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို ငှားရမ်းဖို့ တိတ်တဆိတ်စဉ်းစားနေတယ်ဆိုတဲ့ သတင်းက အဆန်းတော့ မဟုတ်ပါဘူး။
11 Nov 2025 မြန်မာနှင့် အရှေ့တောင်အာရှက ကျားဖြန့်အရိပ်မည်း – အိန္ဒိယ၏ အမြင် အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ အိန္ဒိယနိုင်ငံအတွင်း ကပ်ရောဂါတခုလို ပျံ့နှံ့လာတဲ့အတွက် တရားမဝင် လုပ်သားစုဆောင်းမှုတွေကို ရာဇဝတ်မှုအဖြစ် ဗဟိုအစိုးရက သတ်မှတ်တားဆီးပေးဖို့ အိန္ဒိယလွှတ်တော်ကော်မတီတခုက လိုလားနေပါတယ်။
2 Oct 2025 ဒုတိယကမ္ဘာစစ်အတွင်းက လီဒိုလမ်းမ – အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာပြည်မြောက်ပိုင်းစီးပွားရေးကို ပြောင်းလဲစေနိုင်မလား ကူးသန်းသွားလာဖို့ ဒီလမ်းကြောင်းကို နှစ်ထောင်ချီ အသုံးပြုခဲ့ပြီး ဗြိတိသျှတွေကလည်း မဟာဗျူဟာမြောက် လွှမ်းမိုးနိုင်ဖို့ ပြန်လည်အသုံးပြုခဲ့တာပါ...လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထ စီးပွားအဖွံ့ဖြိုးဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံသုံးခုကို ချိတ်ဆက်ပေးထားလို့ ကုန်းတွင်းပိတ် ဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွက် အပြောင်းအလဲကြီးကို ယူဆောင်လာမှာ ဖြစ်ပါတယ်။
5 Sep 2025 ရှန်ဟိုင်းပူးပေါင်းအဖွဲ့ (SCO) ဝင်ဖြစ်ရေး စစ်ကော်မရှင်၏ ကြိုးပမ်းမှု – ပြည်တွင်းပြည်ပ သက်ရောက်နိုင်ခြေများ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။
15 Aug 2025 ဗျူဟာမြောက် မြန်မာ့မြေရှား အိန္ဒိယဆီ သွားနိုင်မလား မြန်မာ့မြေရှားသတ္တုတွေကို အမေရိကန်က မျက်စိကျနေချိန်မှာ ကွတ်အုပ်စု (Quad) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယအနေနဲ့ အရင်းအမြစ်ပြုပြင်ရေး၊ သန့်စင်ထားတဲ့ မြေရှားသတ္တုတွေကို အမေရိကန်နိုင်ငံဆီ တင်ပို့နိုင်ရေးအတွက် ကြားခံအဖြစ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။