Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis Recap Memo by ISP Admin
Featured The State of Myanmar: ISP–Myanmar’s Annual Strategic Review and Foresight 2025–2026 State of Myanmar by ISP Admin
Featured Blending AI Assistance and Original Thought: ISP-Myanmar’s Way of Data Management and Analysis by ISP Admin
8 May 2026 SCEF ၏ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ကို အသက်ဝင်အောင် လုပ်ဆောင်ခြင်း အမျိုးသမီးမဏ္ဍိုင်ကို ဒုတိယတန်းစား ဒါမှမဟုတ် ဟန်ပြအခန်းကဏ္ဍလောက်ဆီကို လျှောကျမသွားစေဖို့ SCEF ထဲ ပါဝင်ပတ်သက်နေသူအားလုံးမှာ ပူးတွဲတာဝန်ရှိပါတယ်။ အဲဒီလိုလုပ်ဖို့ပျက်ကွက်ခဲ့ရင် EROs နဲ့ NUG တို့က လွှမ်းမိုးထားတဲ့၊ အရင်ကြုံဖူးပြီးသား အားနည်းချက်ရှိတဲ့ မဏ္ဍိုင်နှစ်ရပ် အားပြိုင်မှုပုံစံဆီကို ပြန်ရောက်သွားနိုင်တဲ့အန္တရာယ် ရှိပါတယ်။
10 Apr 2026 ဟိုးရှေးရှေးတုန်းက မဟုတ်တဲ့ ပုံပြင်သုံးပုဒ် စစ်တပ်က ငြိမ်မနေပါဘူး။ နိုင်ငံတကာနဲ့ ပြန်ဆက်ဆံလာတယ်။ နယ်မြေတချို့ ပြန်ယူတယ်။ ရွေးကောက်ပွဲလုပ်တယ်။ တရုတ်ရဲ့ ဩဇာက ပိုထက်လာပြီး အနောက်အုပ်စုက အားလျော့သွားသလို စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲအရှိန်ကလည်း ကျလာပါတယ်။ ဒီအချက်တွေကို ကြည့်ရင် မနီးမဝေးကာလမှာ စစ်ရေးနဲ့ အမြစ်လှန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းသွားတာကို တွေ့ရမှာပါ။
27 Mar 2026 NLD ၏ နိုင်ငံရေးအလေ့အထများနှင့် NUG အပေါ် သက်ရောက်မှုများ NLD ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းက ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ တစုတစည်းတည်းဖြစ်တဲ့၊ အပေါ်ကနေအောက်ကို ထိန်းကျောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးမှာပဲ အသားကျနေခဲ့တာပါ။ ဖက်ဒရယ်ကို လုံးလုံးလျားလျားပယ်ချတာမျိုး မဟုတ်ပေမဲ့ ဒီမိုကရေစီစနစ် ဖြစ်တည်ပြီးမှပဲ စဉ်းစားမယ်ဆိုပြီး နောက်ဆုတ်ထားလေ့ရှိပါတယ်... ဒီအမူအကျင့်တွေက NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို သက်ရောက်ထိန်းကျောင်း ပုံဖော်နေသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။
1 Aug 2025 စစ်ကောင်စီမှသည် စစ်ကော်မရှင်သို့ – စစ်ခေါင်းဆောင်၏ အာဏာကစားပွဲ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လေးနှစ်ခွဲအကြာမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ဆိုတဲ့နာမည်ကို အဆုံးသတ်လိုက်ပြီး နာမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပါပြီ။ ဒါကတော့ ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ဆိုတာပါပဲ။ သူ့ကိုလည်း အရင်အတိုင်းပဲ စစ်ကော်မရှင်လို့ ခေါ်နေကြပါတယ်။ တခါ ကာလုံအတွက် ရာထူးအသစ်ဖန်တီးခန့်ထားလိုက်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းသံတွေ တော်လှန်ရေးအင်အားစုတွေအကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ချိန်မှာ စစ်ကောင်စီက အပြောင်းအလဲကို အရင်လုပ်လိုက်တာပါ။ ဒါဟာ သူစီစဉ်ထားတဲ့ အချိန်ဇယားအရလို့လည်း ယူဆနိုင်ပါတယ်။ စစ်ကောင်စီရဲ့ အခုအပြောင်းအလဲဟာ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန် အာဏာဆက်ကိုင်ထားနိုင်ဖို့အတွက် စနစ်တကျ ပြင်ထားတာကို မြင်ရပါတယ်။ ကာလုံလို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေကို ပြန်အပ်လိုက်ပြီလို့ ဆိုပါတယ်။ ဒီပြောင်းလဲလိုက်တဲ့ ပုံစံအသစ်ကို လည်ပတ်ဖို့ ယန္တရားလေးခု […]