ISP Events
Search
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ပွဲဦးထွက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက ‘တရုတ်-မြန်မာ ဆက်ဆံရေး စစ်တမ်း (၂၀၂၃) မိတ်ဆက်၊ မြန်မာ့လူကျော်လူမော်များ၏ အထင်နှင့်အမြင်ကို ဆန်းစစ်ခြင်း’ ဖြစ်ပါတယ်။ ဒါကို ISP-Myanmar ရဲ့ China Studies Program က ၂၀၂၄ ခုနှစ် ဧပြီ ၆ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှာ တင်ပြခဲ့ပါတယ်။ ဒီအစီအစဉ်ကို ISP ကပြင် ရပ်ဝန်းသူ ရပ်ဝန်းသားတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက် (စနေနေ့) မြန်မာစံတော်ချိန် ညနေ ၄ နာရီကနေ ၅ နာရီ အထိ (အွန်လိုင်းကတဆင့်) ISP Briefing တခု ပြုလုပ်ခဲ့ပါတယ်။ ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်တွေသာ တိုက်ရိုက်ပါဝင် မေးမြန်းဆွေးနွေးခွင့်ရှိမယ့် ဒီဆွေးနွေးမှုမှာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အများသူငှာကြားမှာ "ဘယ်လို ရှုမြင်ကြလဲ"၊ " လက်တွေ့မျက်တွေ အခြေအနေတွေက ဘာတွေလဲ"၊ "အများရှုမြင်ပုံနဲ့ လက်တွေ့မျက်တွေ့ကို သိပြီးရင် "ဘာတွေ လုပ်သင့်လဲ" စတာတွေကို တိုတိုနဲ့သွက်သွက် ဆွေးနွေးဖလှယ်သွားခဲ့ပါတယ်။