“ISP ကပြင်ရပ်ဝန်း” အဖွဲ့ဝင်ဖြစ်ရန် ချိတ်ဆက်နိုင်မည့် နည်းလမ်းများ
 
အွန်လိုင်းအခြေပြု သီးခြားရပ်ဝန်းတခု တည်ဆောက်ခြင်း ဖြစ်တဲ့ “ISP ကပြင်ရပ်ဝန်း” ဟာ လင်းပွင့် လွတ်လပ်စွာ ဖိတ်ခေါ်တဲ့ ရပ်ဝန်းတခု၊ ဆုံစည်းဆွေးနွေး ဖလှယ်စရာ ဌာနေတခုပါပဲ။ ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင် ဖြစ်ဖို့ ကုန်ကျစရိတ် လုံး၀ မရှိဘဲ ဘယ်သူမဆို ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်အဖြစ် ချိတ်ဆက်မယ်ဆိုရင် “လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေး အမြင်မတူမှု စတာတွေ အပေါ် ချိုးနှိမ် ခွဲခြား စော်ကားတဲ့ အမုန်းစကား မပြောရဘူး” ဆိုတဲ့ တခုတည်းသော စည်းကမ်းကို လိုက်နာဖို့ လိုအပ်ပါတယ်။
 
 
∎ ဖိတ်ခေါ်ပါတယ်
 
“ISP ကပြင်ရပ်ဝန်း” ဟာ ISP-Myanmar ဆိုတဲ့ အိမ်မကြီးကနေ အမိုးအကာ တဆက်တည်း ထုတ်ထားတဲ့ အိမ်ကပြင်တခု ဖြစ်ပါတယ်။ လွတ်လပ်စွာ ဖိတ်ခေါ်တဲ့ ရပ်ဝန်းတခု၊ ဆုံစည်း ဆွေးနွေး ဖလှယ်စရာ ဌာနေ တခုပါပဲ။ တိုင်းရေးပြည်ရေး နိုင်ငံရေးတော့ စိတ်ဝင်စားတယ်၊ ဆိုရှယ် မီဒီယာက အချက်အလက်တွေကို မယုံတာ များပြီ၊ စိတ်ပျက်နေပြီဆိုရင် “ISP ကပြင်ရပ်ဝန်း” မှာ ဝင်ပါပြီး သိချင်တာ၊ လေ့လာချင်တာတွေကို လာပြောလှဲ့ပါ။ ယဉ်ကျေး ရင့်ကျက်တဲ့ သဘောထား ကွဲလွဲမှု၊ အချေအတင် ဆွေးနွေးမှုတွေမှာ ဝင်ပါလှဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။