ISP EXPLAINERS
  • Reset
By ISP Admin /
on June 14, 2023

၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်လာ

၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ်တနှစ်လုံးမှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိပါတယ်။
By ISP Admin /
on May 31, 2023

စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားငွေ အများဆုံး ဆက်ရနေ

အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ဒီအထဲက ၇၀ ရာခိုင်နှုန်းကျော် (အမေရိကန်ဒေါ်လာ လေးဘီ ယံနီးပါး) ဟာ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တာပါ။
By ISP Admin /
on May 24, 2023

ကုန်သွယ်ရေးစင်္ကြံ (ILSTC) နှင့် စီးပွားရေးစင်္ကြံ (CMEC) ပေါင်းစပ်ဖော်ဆောင်မှု

အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း – ရေကြောင်းကုန်သွယ်ရေးစင်္ကြံ (ILSTC) သည် တရုတ်နိုင်ငံအနောက်ပိုင်း ဒေသနှင့် အာဆီယံဒေသ အကြား ချိတ်ဆက်မည့် ဘက်စုံသယ်ယူပို့ဆောင်ရေးစင်္ကြံတခု ဖြစ်သည်။
By ISP Admin /
on May 24, 2023

မြန်မာ့အရေး မူဝါဒအထိုင်သစ်နှင့်အပြိုင် ကုန်သွယ်ရေးလမ်းကြောင်းနှင့် စီးပွားရေးအစီအမံများ ပီပြင်အောင် တရုတ်နိုင်ငံ ကြိုးပမ်းလာ

မြန်မာ-တရုတ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး နှစ်လတာအတွင်းဖြစ်ခဲ့တဲ့ အာရုံစိုက်စရာ ဖြစ်ရပ်တွေကို အခုဆောင်းပါးက ဖော်ပြမှာဖြစ်ပါတယ်။ တင်ပြသွားမယ့် အကြောင်းအရာနဲ့ အချက်အလက်တွေဟာ ISP-Myanmar က စုစည်းထားတဲ့ မြန်မာ-တရုတ် ဆက်ဆံရေး ရက်စဉ်မှတ်တမ်းကို အခြေခံထားတာဖြစ်ပြီး မတ်လကနေ မေလအထိ အကျုံးဝင်ပါတယ်။
By ISP Admin /
on May 22, 2023

ဆိုင်ကလုန်းမိုခါ၊ အယ်လ်နီညိုရှေ့ပြေးနှင့် မြန်မာ့ပဋိပက္ခအနာဂတ်

၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ် အော်မှာဖြစ်ပွားခဲ့တဲ့ မုန်တိုင်းတွေထဲမှာ Saffir–Simpson Hurricane Wind Scale (SSHWS) အဆင့်ငါးရှိတဲ့ တတိယမြောက်မုန်တိုင်း ဖြစ်ပါတယ်။ ဒီမုန်တိုင်းနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံအတွက် ဆက်စပ်စဉ်းစားရမယ့် အဓိက အချက်သုံးချက် တွေ့ရပါတယ်။
By ISP Admin /
on May 22, 2023

ဆိုင်ကလုန်းမိုခါ ဖြတ်သန်းရာလမ်းကြောင်းနှင့် ပဋိပက္ခအခြေအနေ

ဆိုင်ကလုန်းမိုခါ ဖြတ်သန်းသွားရာ လမ်းကြောင်းနှင့် အဓိကသက်ရောက်မှုရှိခဲ့သော ဒေသများ အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မူလရှိထားသော စစ်ပြေးဒုက္ခသည်များ အခြေအနေကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
By ISP Admin /
on May 17, 2023

EAOs-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်မှု ပြန်များလာ

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ပထမ လေးလလပတ်အတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
By ISP Admin /
on May 7, 2023

အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းလုံခြုံရေးမှာ လက်တံခြေတံ ဆန့်ထုတ်ပြီး (တရုတ်နိုင်ငံနဲ့ ဆက်စပ်မှုရှိတယ်လို့ ရည်ညွှန်းခံရလေ့ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေကတဆင့်) လက်လီစိတ် အားထုတ်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးအရ မဟာဗျူဟာမြောက် စီမံကိန်းတွေကိုလည်း အသေ အချာ တွက်ချက်ပြင်ဆင်ခဲ့ပါတယ်။
By ISP Admin /
on May 3, 2023

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်အပြီး နိုင်ငံရေးအကျဉ်းသား ၂,၁၅၃ ဦးအား ပြန်လွှတ်

အာဏာသိမ်းမှုအလွန် နှစ်နှစ်အတွင်း မြန်မာနှစ်ဆန်း ၁ ရက်၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ကဲ့သို့သော အခါကြီးရက်ကြီးများတွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိပြီး ကဆုန်လပြည့်နေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
By ISP Admin /
on April 27, 2023

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက် ၂,၆၉၄,၅၆၇ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလ ကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
By ISP Admin /
on April 10, 2023

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာပါတယ်။
By ISP Admin /
on April 10, 2023

ရှမ်း – ကယားဒေသ ပဋိပက္ခမြေပုံ

စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေသော ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၌ ခုခံတော်လှန်ရေး အင်အားစုများဘက်တွင် တပ်ရင်းတပ်ဖွဲ့ ၄၈ ခုထက်မနည်း ဖွဲ့စည်းလှုပ်ရှားလျက်ရှိသည်။