Featured နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပြင်းထန်လာနိုင် Tracker by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
Featured ‘ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း’ – ပညာသင်ခွင့်အကျပ်အတည်းအတွက် မူဝါဒအဖြေ ဘယ်လိုရှာနိုင်ကြမလဲ by ISP Admin
30 Aug 2021 အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်၊ ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ချိန်ထိုးရမယ့် အညွှန်းစနစ် အနှစ်ချုပ် အာဆီယံရဲ့ မြန်မာ့အရေး ဆောင်ရွက်မှုများအပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုက နည်းပါးပါတယ်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတွေကို စစ်ကောင်စီက ပစ်ခတ်ချေမှုန်းတာတွေ၊ ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ဒီဘက်နောက်ပိုင်း နှစ်ဖက်အပြန်အလှန်အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတဲ့ ပြည်သူအများစုဟာ ခါးသီးနာကျည်းမှုတွေ ပိုများနေတဲ့အတွက် လတ်တလောမှာ ကြားဝင် စေ့စပ်ရေး၊ ဆွေးနွေးဖြေရှင်းရေးတို့အတွက် အဆင်သင့်ဖြစ်သေးပုံ၊ ကြိုဆိုချင်သေးပုံ မရပါဘူး။ ဒီအချက်ကလည်း မြန်မာနိုင်ငံကို မကြာမီလာရောက်ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် စိန်ခေါ်မှုတရပ်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို နိုင်ငံရေးအရ အထူးသတိထားနေတာကြောင့် ဒီခရီးစဉ်ဟာ နိုင်ငံရေးရလဒ်ကြီးကြီးမားမား ချက်ချင်းထွက်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးကိုပဲ ဦးစားပေးရမယ့် ခရီးစဉ် ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိအထူးကိုယ်စားလှယ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် အကုန်ထိသာ တိုတောင်းပေမယ့် ရှုပ်ထွေးလှတဲ့ မြန်မာ့အကျပ်အတည်း ပြဿနာကိုဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ရေရှည်အမြင်၊ အားထုတ်မှုနဲ့သာ ချဉ်းကပ်ဆောင်ရွက်ရပါမယ်။ Download as PDF […]