ISP Products

Trends to be watched

25 May 2020

စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ (၃)

မေလ ၁ ရက်နေ့တွင် ဖြန့်ချိခဲ့သော ISP-Myanmar ၏ COVID-19 Special series ဒုတိယမြောက်စာအုပ်မှ စတင်၍ စီးပွား ရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များကို မှတ်တမ်းတင် ဖော်ပြခဲ့ပါသည်။ ယခုစာအုပ်တွင်လည်း ထူးခြားချက်များကို ဆက်လက်၍ စုစည်းဖော်ပြအပ်ပါသည်။ စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်း (Economic resiliency) ကမ္ဘာ့ဘဏ်၏ ဧပြီ ၁ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် တရားဝင်ကဏ္ဍများကိုသာ တွက်ဆထားခြင်းဖြစ်ရာ တရားမဝင် ကဏ္ဍ များအပေါ်လည်း သက်ရောက်မှု ကြီးမားနိုင်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ “ဧပြီလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ဆက်တိုက် သုံးလ ကျဆင်းခဲ့သည်ဟု ဆိုသည်။ […]
1 May 2020

စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ (၂)

စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်း (Economic resiliency) ကမ္ဘာ့ဘဏ်၏ ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် တရားဝင် ကဏ္ဍများကိုသာ တွက်ဆထားခြင်းဖြစ်ရာ တရားမဝင် ကဏ္ဍများအပေါ်လည်း သက်ရောက်မှု ကြီးမားနိုင်သည်။ (က) ပုဂ္ဂလိက လုပ်ငန်းများ ယိုင်နဲ့လာမှု နှင့် လူမွဲအဖြစ် ခံယူလာရနိုင်မှု [အန္တရာယ် – မြင့်မား] Covid-19 ကူးစက်ကပ်ဘေး ကာလအတွင်း မြန်မာ့စီးပွားရေး လုပ်ငန်းများ ယိုင်နဲ့လာသည်။ တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်း ၉၀၀ နီးပါး ယာယီနှင့် အမြဲတမ်း ပိတ်သိမ်းခဲ့ရသည်။ (ယင်းသည် နိုင်ငံ တခုလုံး စုစုပေါင်း လုပ်ငန်းအားလုံး၏ ၁၂ ရာ ခိုင်နှုန်း ဖြစ်သည်။) အခြားစစ်တမ်း […]