Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:OP2026_02, 8 Apr 2026 Governance studies • Socioeconomic Studies ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ် – ကျားဖြန့်နှိမ်နင်းရေးလား၊ နိုင်ငံရေးလက်နက်လား လွှတ်တော်မခေါ်ခင် သုံးလအတွင်း ဥပဒေပေါင်း ၁၉ ခုထက်မနည်းကို စစ်ခေါင်းဆောင်က ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများ လုပ်ခဲ့သည်။ ထိုသို့ ပြင်ဆင်ပြဋ္ဌာန်းမှုများမှာ စစ်ခေါင်းဆောင် သမ္မတဖြစ်လာချိန်၌ အာဏာစက်ထက်စေရန် အသုံးချမည့် လက်နက်များ ဖြစ်လာနိုင်သည်။
issue:OP2026_01, 10 Mar 2026 Socioeconomic Studies ရေနံအကျပ်အတည်းနှင့် မြန်မာ့စွမ်းအင်လုံခြုံရေး မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံရေးသည် အလွယ်တကူ ထိခိုက်နိုင်သော အနေအထားတွင် ရှိပါသည်။ စက်သုံးဆီလိုအပ်ချက် စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းဝန်းကျင်ကို ပြည်ပကနေ တင်သွင်းနေရသည်။ ပြည်တွင်းထုတ်လုပ်နိုင်စွမ်းမှာ ငါးရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။
issue:27, 25 Aug 2025 Conflict, Peace & Security စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ – ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား စစ်တပ်ဟာ သမိုင်းတွင်အောင် ရှုံးနိမ့်မှုတွေ ကြုံရတာ၊ လူကြိုက်များရေး ပေါ်ပြူလစ်ဇင်ကို ကြိုက်နှစ်သက်သလောက် စွမ်းဆောင်ရည် အားနည်းတာတွေက ဒီတတိယမျိုးဆက်ရဲ့ မြင်သာထင်သာလက္ခဏာတွေပဲ ဖြစ်ပါတယ်။
issue:26, 9 Jul 2025 Conflict, Peace & Security ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည် AA ရဲ့မဟာဗျူဟာကို ခြုံကြည့်ရရင် ‘မြေကျယ်ကျယ်ယူ၊ ခြံစည်းရိုးမြင့်မြင့်ခတ်၊ စိတ်ချရတဲ့ အစောင့်တွေထား’ ဆိုတဲ့ လက္ခဏာမျိုး ဖြစ်ပုံရပါတယ်။ ရခိုင်ကနေ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာ၀တီ စသည်ဖြင့် ...
issue:25, 2 Jun 2025 Conflict, Peace & Security ‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ ထိုင်းနိုင်ငံဖောက်ရမည့်လမ်း ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်ပုံမိုဒယ်ကို ပိုမိုတိမ်းညွှတ် နည်းနာယူလိုတယ်ဆိုပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ရင် ထိုင်းနဲ့ တရုတ်အကြားမှာ မတူညီတဲ့အခြေအနေတွေ အနည်းဆုံးငါးချက် ရှိပါတယ်။
issue:24, 8 May 2025 Conflict, Peace & Security ‘အို… မြောက်ပိုင်းလမ်း …’ – အချုပ်အခြာအာဏာကို တဆင့်ခံကန်ထရိုက်ပေးခြင်း ၁၉၈၉ ခုနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ အပစ်ရပ်ခရိုနီအရင်းရှင်စနစ် (ceasefire crony capitalism) နောက်ပိုင်း မြန်မာ့သမိုင်းမှာ ‘လားရှိုးမိုဒယ်’အဖြစ် ထူးထူးခြားခြား ပေါ်လာတာပါ။ ဒီဖြစ်စဉ်ကို ‘အချုပ်အခြာအာဏာ ကန်ထရိုက်ပေးခြင်း’ (subcontracting sovereignty) လို့ သုံးသပ်နိုင်ပါတယ်။
issue:23, 1 Apr 2025 မတ် ၂၈ စစ်ကိုင်းငလျင်ဘေးဆိုးကြီး – ငလျင်သံခင်းတမန်ခင်းနှင့် နောက်ဆက်တွဲနိုင်ငံရေးငလျင်များ ငလျင်ဘေးကြောင့် တိုက်ရိုက်တွက်ချက်ရနိုင်တဲ့ သေကျေပျက်စီးဆုံးရှုံးမှု (absolute toll) အပြင် နောက်ဆက်တွဲ ကူးစက်ရောဂါဘေး၊ အငတ်ဘေး၊ ရာဇဝတ်မှုဘေး စတာတွေကြောင့်ဖြစ်မယ့် သေကျေပျက်စီးဆုံးရှုံးမှု (relative toll) ပမာဏဟာ ကြီးမားပါတယ်။
4 Oct 2024 China Studies မြန်မာ့ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ – စီးပွားမက်လုံးအပေါ် အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ် အမြတ်ဝေစုခွဲခြင်းအပေါ်အခြေခံသော ပဋိပက္ခအရှိန်လျှော့ရေးသည် ရေတိုတွင် အကျိုးတစုံတရာ ရှိကောင်းနိုင်သော်လည်း နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာမှုကို မတက်လှမ်းနိုင်ပါက ဆိုးပြစ်ပိုများရန်သာ ရှိပါသည်။ ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒကို ထည့်သွင်းမစဉ်းစားပါက မြန်မာ့အကျပ်အတည်း အဖြေရနိုင်ဖွယ်မရှိပေ။
19 Aug 2024 China Studies လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း မြန်မာ့အကျပ်အတည်းမှ ထွက်မြောက်ရန်အတွက် မြန်မာလူထုလိုလားချက်နှင့်လည်း မကင်းကွာဘဲ၊ လက်တွေ့လည်းကျမည့် လုပ်ငန်းစဉ်ဗျူဟာ (process strategy) တရပ် မရှိမဖြစ် လိုအပ်နေပါသည်။
16 Feb 2024 Conflict, Peace & Security ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ၀ရုန်းသုန်းကားအခြေအနေနှင့် သက်ရောက်ဖြစ်တန်ခြေ ငါးရပ် အရင်စစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ အာ ဏာတည်ကြောင်း စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။
5 Dec 2023 Conflict, Peace & Security စစ်ဆင်ရေး ၁၀၂၇ – နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နှင့် လက်တွေ့ကျသော မဟာဗျူဟာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’နဲ့ ပတ်သက်ပြီး ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ လေ့လာဆန်းစစ်မှုတွေကို ကနဦးသုံးသပ်ချက် (OnPoint) သုံးပုဒ်ရေးသားပြီး ဖော်ပြနေတာပါ။ အခုနောက်ဆုံးတပုဒ်မှာ နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာကို ဖတ်ရပါမယ်။
12 Nov 2023 China Studies တရုတ်လိုလားသော တည်ငြိမ်မှုမျှခြေနှင့် မမျှော်မှန်းနိုင်သည့် အန္တရာယ် အခုတပုဒ်မှာ စစ်ပွဲနဲ့ ခွဲမရအောင်ချိတ်ဆက်နေတဲ့ စီးပွားရေးဆိုင်ရာတွေအပြင် တရုတ်နိုင်ငံရဲ့တုံ့ပြန်ပုံတွေကို ဖတ်ရပါမယ်။ နိုဝင်ဘာ ၁၀ ရက်က ဖော်ပြခဲ့တဲ့ OnPoint အမှတ်-၁၇ မှာတော့ စစ်ပွဲက အချက်ပေးနေပုံ(Signaling Effects)တွေကိုဖော်ပြထားပါတယ်။
10 Nov 2023 Conflict, Peace & Security လမ်းများအားလုံး လောက်ကိုင်သို့လား၊ နေပြည်တော်ဆီလား ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ 'စစ်ဆင်ရေး ၁၀၂၇'နဲ့ ပတ်သက်ပြီး ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်တွေအပေါ် အခြေခံထားတဲ့ လေ့လာဆန်းစစ်မှုတွေကို ကနဦးသုံးသပ်ချက် (OnPoint) သုံးပုဒ်ရေးသားပြီး ဖော်ပြဖို့ရှိပါတယ်။
14 Jul 2023 Conflict, Peace & Security ရှေ့တန်းပြန်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က နေပြည်တော်မှာ တွေ့ခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်း (Don Pramudwinai) က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုပါတယ်။
22 May 2023 Conflict, Peace & Security ဆိုင်ကလုန်းမိုခါ၊ အယ်လ်နီညိုရှေ့ပြေးနှင့် မြန်မာ့ပဋိပက္ခအနာဂတ် ဆိုင်ကလုန်းမိုခါဟာ မြန်မာနိုင်ငံမှာ ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းပြီးရင် ထိခိုက်ဆုံးရှုံးမှုအများဆုံး မုန်တိုင်းဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ် အော်မှာဖြစ်ပွားခဲ့တဲ့ မုန်တိုင်းတွေထဲမှာ Saffir–Simpson Hurricane Wind Scale (SSHWS) အဆင့်ငါးရှိတဲ့ တတိယမြောက်မုန်တိုင်း ဖြစ်ပါတယ်။ ဒီမုန်တိုင်းနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံအတွက် ဆက်စပ်စဉ်းစားရမယ့် အဓိက အချက်သုံးချက် တွေ့ရပါတယ်။