ရက် (၁၀၀) စီမံချက် – မျှော်လင့်ချက်နှင့် လက်တွေ့မြေပြင်အခြေအနေ

ဦးမင်းအောင်လှိုင်အစိုးရ၏ ‘ရက် (၁၀၀) စီမံချက်’ သည် ပြက်ပြက်ထင်ထင် မရှိလှပေ။ အုပ်ချုပ်နိုင်စွမ်း အကန့်အသတ်ရှိနေချိန်တွင် ထွက်ပေါ်လာသော ယင်းမူဝါဒများသည် ယေဘုယျဆန်ပြီး ခိုင်မာမှုမရှိသည့်အပြင် အရေးအကြီးဆုံးဖြစ်သော စီးပွားရေး နာလန်ထူစေမည့် အချက်များလည်း မပါဝင်ပေ။
အာဏာဗဟိုချက်အနီးရောက်လာသော စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များ

စစ်ဆင်ရေးတာဝန်ယူရသော စစ်ဗိုလ်ချုပ်များအားလုံးမှာ စတုတ္ထမျိုးဆက်တပ်မတော်၏ ဗိုလ်ချုပ်များ ဖြစ်လာကြသည်။ အသက်အရွယ်နှင့် အပတ်စဉ် များစွာငယ်သော ဗိုလ်ချုပ်များက စစ်ဆင်ရေးကွပ်ကဲမှုများကို တာဝန်ယူကြမည်ဖြစ်သဖြင့် နိုင်ငံတဝန်း စစ်ဆင်ရေးများအပေါ် သက်ရောက်မှုများ ရှိနိုင်သည်။
ကချင်ပြည်နယ်ကနေ မြေရှားသတ္တုတင်ပို့နိုင်သော လမ်းကြောင်းများ

KIO ထိန်းချုပ်ထားသော မြေရှားသတ္တုတွင်းများကနေ သတ္တုကုန်ကြမ်းများကို နယ်စပ်ဂိတ်လေးခုကတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည်။ KIO အနေနှင့် အိန္ဒိယနိုင်ငံသို့ မြေရှားတင်ပို့မည်ဆိုပါက ပြန်လည်ပြင်ဆင်မည့် လီဒိုလမ်းမကြီးအပြင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့များကို ဖြတ်သန်း၍လည်း သယ်ဆောင်နိုင်ခြေရှိသည်။
KIO အတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုကို ဒွန်တွဲယူလာသော မြေရှားသတ္တုသိုက်

၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု စံချိန်တင် လျော့ကျခဲ့ပြီးနောက် KIO အပေါ် တရုတ်အစိုးရ၏ ဖိအားပေးမှုများရှိခဲ့ပြီး KIO ၏ သယံဇာတအုပ်ချုပ်မှု (Resource Governance) မှာ နိုင်ငံရေးညှိနှိုင်းမှုနှင့် အာဏာထိန်းချုပ်ရေးအတွက် အရေးပါလာခဲ့သည်။
အစုအပြုံလိုက်သတ်ဖြတ်ခံရသူ ၅၇ ရာခိုင်နှုန်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်

အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ် ၉၂ ခုတွင် သေဆုံးသူ ၁,၈၀၈ ဦး ရှိခဲ့သည်။ သေဆုံးသူ အားလုံး၏ ၅၇ ရာခိုင်နှုန်းသည် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။
အရပ်သားများ အစုအပြုံလိုက်သေဆုံးမှုဖြစ်စဥ် ၉၂ ကြိမ်ထက်မနည်း ရှိလာ

ဖြစ်စဥ်များအနက် ၈၈ ခုကို စစ်ကော်မရှင်က ကျူးလွန်ခဲ့ပြီး အရပ်သား ၁,၇၂၃ ဦး သေဆုံးခဲ့သည်။ ကျန်ဖြစ်စဥ် လေးခုကို တော်လှန်ရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ အရပ်သား ၈၅ ဦး သေဆုံးခဲ့သည်။
ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီး

ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းခရိုင် ထိန်ချုံးမြို့မှ ကချင်ပြည်နယ်နယ်စပ် ကန်ပိုက်တီ၊ ထိုမှတဆင့် မြစ်ကြီးနားကိုဖြတ်ကာ လီဒိုလမ်းမအတိုင်း မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်မြို့အထိ ချိတ်ဆက်မည့် အစီအမံဖြစ်သည်။
လီဒိုလမ်းမကြီးကတဆင့် ဒေသတွင်းချိတ်ဆက်ရေး တရုတ်နိုင်ငံ ပြင်ဆင်

လီဒိုလမ်းမကြီး ပြင်ဆင်ရေးအတွက် စစ်ကော်မရှင်ကို အိန္ဒိယနိုင်ငံဘက်က ကမ်းလှမ်းမှုများ ရှိခဲ့ပါသည်။ ထို့ကြောင့် ယခု လက်မှတ်ရေးထိုးမှုသည် အဆိုပါလမ်းကြောင်းကို အိန္ဒိယနိုင်ငံက ဝင်ရောက်မလုပ်ကိုင်မီ တရုတ်နိုင်ငံက လက်ဦးမှုယူလိုသည့်သဘောဟုလည်း ဆိုနိုင်ပါသည်။
စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဥ်၌ နားလည်မှုစာချွန်လွှာခုနစ်ခု လက်မှတ်ထိုးခဲ့

လက်မှတ်ထိုးခဲ့သည်များအနက် နှစ်ခုမှာ အကောင်အထည်ဖော်ရန် စိန်ခေါ်မှုရှိသည်။ ကျန်ငါးခုမှာ စီးပွားရေးအကျိုးအမြတ် နည်းနိုင်သည်။ သို့သော် ကုန်သွယ်စီးပွား
လုပ်ငန်းပရောဂျက်များအပေါ် အခြေခံပြီး ပဋိပက္ခအရှိန်လျှော့ချရေး တရုတ်အစိုးရ၏ ကြိုးပမ်းမှုများအပေါ် တနည်းတဖုံ သက်ရောက်မှုရှိနိုင်သည်။
တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေအများအပြား ရရှိခဲ့

‘စစ်ဆင်ရေး ၁၀၂၇’နောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များသည် နယ်မြေတိုးချဲ့ ထိန်းချုပ်နိုင်မှု အားကောင်းခဲ့သည်။ စစ်ကောင်စီအနေနှင့် စုစုပေါင်း ၉၈ မြို့ကို လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါသော နယ်မြေအများစုကိုလည်း ဆုံးရှုံးခဲ့ပါသည်။
စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေး နိဂုံးချုပ်ချက်

ရခဲ့ပြီးဖြစ်တဲ့ စစ်ရေးအောင်ပွဲတွေကို နိုင်ငံရေးအလှည့်အပြောင်းအဖြစ် ဖန်တီးဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကိုယ့်ရဲ့ အသာစီးရမှုတွေကို နောက်ဆုံးပန်းတိုင် မဟုတ်ရင်သော်မှ ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ (institutionalized gains) ဘယ်လောက် အရေးကြီးပါသလဲ။
စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ပွဲထုတ်ခံခဲ့ရသော စစ်တပ်၏ စတုတ္ထမျိုးဆက်သုံးဦး

လိုက်ပါသွားသော စစ်ဘက်အရာရှိငါးဦးအနက် သုံးဦးသည် စစ်တပ်၏ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိများ ဖြစ်လာနိုင်သည်။ ၎င်းတို့အား တရုတ်နိုင်ငံသို့ခေါ်သွားပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပွဲထုတ်ခဲ့ခြင်းကို ‘ဆွေပြမျိုးပြ’ မိတ်ဆက်ပေးခြင်းသဘောဟု သုံးသပ်နိုင်ပါသည်။
စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ – ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား

စစ်တပ်ဟာ သမိုင်းတွင်အောင် ရှုံးနိမ့်မှုတွေ ကြုံရတာ၊ လူကြိုက်များရေး ပေါ်ပြူလစ်ဇင်ကို ကြိုက်နှစ်သက်သလောက် စွမ်းဆောင်ရည် အားနည်းတာတွေက ဒီတတိယမျိုးဆက်ရဲ့ မြင်သာထင်သာလက္ခဏာတွေပဲ ဖြစ်ပါတယ်။
တော်လှန်ရေးလက်နက်ကိုင်တပ်များ၏ ထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာ

၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ‘တပ်ကိုကိုင်လှုပ်ခဲ့သော ၁၀ လတာရှော့ခ်’ကာလအတွင်း စစ်ကောင်စီရဲ့ နယ်မြေဆုံးရှုံးမှုတွေလည်း ကြီးမားခဲ့ပါတယ်။
အပြောင်းအလဲ ၂၃ ကြိမ်နှင့် စစ်ကောင်စီတခန်းရပ်

လေးနှစ်ကျော်အတွင်း စစ်ကောင်စီတွင် ပါဝင်ခဲ့ဖူးသူ ၃၃ ဦးရှိခဲ့သည်။ ထိုအထဲက ဗိုလ်ချုပ်ကြီးသုံးဦးနှင့် အရပ်သားကောင်စီဝင် ၁၄ ဦးမှာ ကောင်စီဝင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသည်။
