issue:104, 11 Jul 2025 Conflict, Peace & Security စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် AA ၏ မဟာမိတ်တပ်ဖွဲ့များ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ ဖွဲ့ကို အာရက္ခတပ်တော်(AA)က လက်နက်ရိက္ခာနှင့် စစ်သင်တန်း စသည့် အရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝထောက်ပံ့လျက်ရှိသည်။
issue:103, 11 Jul 2025 Conflict, Peace & Security ရခိုင်ပြည်ပြင်ပအထိ ဖြန့်ကြက်ထားသော အာရက္ခတပ်တော် အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်နယ်၏ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိသည်။
issue:102, 24 Jun 2025 Conflict Economy ဒေသတွင်းမြစ်ချောင်းများအပေါ် မြေရှားသတ္တုလုပ်ကွက်များ၏ အန္တရာယ် ချီဖွေမြို့နယ်အတွင်း မြေရှားသတ္တုလုပ်ကွက်များ တိုးချဲ့လာမှုကြောင့် မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် မေခမြစ်အပါအဝင် အခြားဒေသတွင်း မြစ်ချောင်းများကို အန္တရာယ်ပြုနေသည်။
issue:101, 24 Jun 2025 Conflict Economy မြေရှားသတ္တု ဖြတ်သန်းတင်ပို့ရာ နယ်စပ်ဂိတ်များ ချီဖွေမြို့နယ်မှ တူးဖော်ရရှိသော မြေရှားသတ္တုများကို ပန်ဝါ၊ ဖီမော်၊ ကန်ဖန်ဂိတ်များနှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံ ထိန်ချုံးဒေသသို့ တင်ပို့သည်။
issue:100, 30 May 2025 Conflict, Peace & Security တနင်္သာရီ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပဋိပက္ခဆက်စပ်အခြေအနေ တနင်္သာရီတိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခများ၌ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းယူခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်သည့် ထီးခီးနှင့် မောတောင်နယ်စပ်ဂိတ်များအနီးက တပ်စခန်းများလည်း ပါဝင်ခဲ့သည်။
issue:99, 30 May 2025 Conflict, Peace & Security အရှေ့တောင်ပိုင်းဒေသအတွင်းရှိ EAOs များ၏ လှုပ်ရှားစိုးမိုးထိန်းချုပ်မှုများ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် အဓိက EAOs ခုနစ်ဖွဲ့နှင့် PDFs တပ်ဖွဲ့ပေါင်း ၈၅ ဖွဲ့ထက်မနည်း ရှိသည်။ EAOs များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ဖြစ်ပြီး ကော်သူးလေတပ်မတော်(KTLA)နှင့် စစ်ကောင်စီနယ်ခြားစောင့်တပ်(BGF) တို့လည်း ရှိနေသည်။
issue:98, 30 May 2025 Conflict, Peace & Security KNU တပ်မဟာနယ်မြေများနှင့် စစ်ကောင်စီ လက်လွှတ်ခဲ့ရသော စစ်စခန်းများ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတ်မှတ်ထားသော တပ်မဟာနယ်မြေ ခုနစ်ခုရှိပြီး သက်ဆိုင်ရာခရိုင်အလိုက် စိုးမိုးလှုပ်ရှားကြသည်။ အာဏာသိမ်းမှုအလွန် ကရင်ပြည်နယ်အတွင်းဖြစ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခအများစုမှာ KNU တပ်မဟာ-၅၊ ဖာပွန်ခရိုင်တွင် ဖြစ်ခဲ့သည်။
issue:97, 30 May 2025 Conflict, Peace & Security အာရှလမ်းမကြီးပိတ်ထားပြီးနောက် နယ်စပ်ကုန်သွယ်ရေးအခြေအနေ အမှတ်-၁ အာရှအဝေးပြေးလမ်းမ၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို ယခုတိုင် ပိတ်ထားသည်။ လမ်းပိတ်မှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ (၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလများကို နှိုင်းယှဉ်ချက်အရ) အမေရိကန်ဒေါ်လာ ၇၂၁ ဒသမ ၉၆ သန်းဝန်းကျင် လျော့ကျခဲ့သည်။
issue:96, 14 May 2025 Conflict, Peace & Security ငလျင်ကြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၄၀ ကျော် ရှိခဲ့ ‘မန္တလေး-စစ်ကိုင်းငလျင်ကြီး’ နောက်ပိုင်း နိုင်ငံအနှံ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၄၁ ကြိမ်ထက်မနည်း ရှိခဲ့သည်။
issue:95, 14 May 2025 Conflict, Peace & Security အရပ်သားများ အစုအပြုံလိုက်သေဆုံးရမှု အကြိမ် ၈၀ ထက်မနည်းရှိလာ ၂၀၂၅ ခုနှစ် မေ ၁၂ ရက်နှင့် ၁၃ ရက်တွင် ဖြစ်ခဲ့သော စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းနှင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ထွန်းရဝေကျေးရွာတို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်အပါအဝင် လေးနှစ်ကာလအတွင်း (အရပ်သား ၁၀ ဦးနှင့်အထက်) အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါင်း …
issue:94, 9 May 2025 Conflict, Peace & Security ရှမ်းမြောက်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အခြေအနေ MNDAA အဖွဲ့ သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ဧပြီနောက်ဆုံးပတ်အတွင်း ပြန်လည်ရယူခဲ့သော်လည်း ရှမ်းမြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသောလမ်းကြောင်းများတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ထားသည်။
issue:92, 10 Apr 2025 Climate Conflict Nexus ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ ISP-Myanmar က Conflict, Peace and Security ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်နေတဲ့ သုတေသနပြု လေ့လာချက်တွေအရ ငလျင်ကြီးအပြီး နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၅ ခုထက်မနည်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
issue:91, 1 Apr 2025 Climate Conflict Nexus ငလျင်ဒဏ်သင့်နေသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေဆဲ ၂၀၂၅ ခုနှစ် ‘မတ် ၂၈ စစ်ကိုင်းငလျင်ကြီး’ဒဏ်ကို ဆိုးရွားစွာခံနေရသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေပါသည်။
issue:90, 1 Apr 2025 Climate Conflict Nexus ငလျင်ဒဏ်ကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသက အဆိုးရွားဆုံး ခံခဲ့ရ ၂၀၂၅ ခုနှစ် ‘မတ် ၂၈ စစ်ကိုင်းငလျင်ကြီး’၏ အဖျက်စွမ်းအားကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသက အဆိုးရွားဆုံး ခံခဲ့ရသည်။
issue:89, 28 Mar 2025 Conflict Economy မြေရှားတူးဖော်သည့်လုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်းရှိနေ ကချင်ပြည်နယ်ရှိ ချီဖွေနှင့် မိုးမောက်မြို့နယ်များတွင် မြေရှားတူးဖော်သည့်လုပ်ကွက် ၃၇၀ ထက်မနည်းရှိသည်။